သင့်ကောင်လေးရဲ့ အဝတ်ဗီရိုထဲကနေ သင်စိတ်ကြိုက်ဝတ်ဆင်နိုင်သော အဝတ်အစားများ
lifestylemyanmar.com
|
2021-07-20



မိန်းကလေးတိုင်းမှာ တူညီသောပြဿနာတစ်ခုရှိကြပါတယ်။ အဲဒါကတော့ သူတို့ရဲ့ အဝတ်ဗီရိုထဲမှာ ဘယ်လောက်ပဲအဝတ်အစားတွေပြည့်လျှံနေပါစေ သူတို့ကောင်လေးရဲ့ အဝတ်ဗီရိုကို မွှေနှောက်တတ်ကြပါတယ်။ မှန်ပါတယ် သင့်ကောင်လေးရဲ့ အဝတ်ဗီရိုထဲမှာ သင်နဲ့ လိုက်ဖက်တဲ့ ဝတ်စုံတွေရှိနိုင်ပါတယ်။ အထူးသဖြင့် အောက်မှာ မျှဝေပေးမယ့် အဝတ်အစားတစ်ချို့က သင့်ကောင်လေးဗီရိုထဲမှာ မရှိမဖြစ်ရှိနိုင်မယ့် အဝတ်အစားတွေဖြစ်ပါတယ်။

၁။ Slim-fit shirts




သင့်ကောင်လေးရဲ့ စမတ်ကျပြီး သေးငယ်သောရှပ်အင်္ကျီတွေဟာ သူတို့ကိုယ်တိုင်အတွက် ခေတ်ဆန်ကြော့မော့နေပြီး သင့်အတွက်ကတော့ ထူးခြားသွယ်ပြောင်းသောအလှအပမျိုးနှင့် ယောင်္ကျားဆန်သော ထက်မြက်မှုမျိုးတွေနဲ့ လှပစေမှာပါ။ တစ်ဖက်မှာလည်း အင်္ကျီက ပိုရှည်နေတဲ့အခါ လည်ပင်းတစ်ဝိုက်ကို ကြိုးချည်ပြီးလည်း ဝတ်ဆင်နိုင်ပါတယ်။

၂။ တီရှပ်




တီရှပ်တွေဟာ အားလပ်ရက်တွေမှာဖြစ်စေ၊ ရုံးတက်ရတဲ့နေ့တွေမှာဖြစ်စေ နေရာမရွေးဝတ်ဆင်နိုင်သော အဝတ်အစားတွေဖြစ်ပါတယ်။ သင့်ကောင်လေးရဲ့ တီရှပ်ဆိုရင်တော့ သင့်အတွက် အနည်းငယ်ပွယောင်းယောင်းလေးဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ အင်္ကျီအပွဝတ်တာတွေက ပိုခေတ်စားပါတယ်။

၃။ ဂျက်ကတ်




သင်ခရီးသွားတဲ့အခါ (သို့) ညစာစားပြီးနောက်ပြန်လာတဲ့အခါ အအေးမိတဲ့အခါ ဂျက်ကတ်တွေက အကောင်းဆုံးဖြစ်ပါတယ်။ ဂျက်ကတ်ဝတ်ဆင်ထားတဲ့ သင့်ကောင်လေးရဲ့ ရင်ခွင်ထဲ ခေါင်းတိုးဝှေ့လိုက်တဲ့အခါ စိတ်ရှုတ်ထွေးသလို ခံစားမှုတစ်မျိုးကို ပေးစွမ်းနိုင်ပြီး သင်ကိုယ်တိုင်ဝတ်ဆင်လိုက်တဲ့အခါ sexy ကျသော အသွင်အပြင်မျိုးကို ရရှိစေပါတယ်။

၄။ နာရီများ

အထူးသဖြင့် အားကစားပွဲများ (သို့) စွန့်စားခန်းခရီးစဉ်တွေမှာ သူ့ရဲ့ နာရီတွေက သင့်အတွက်အကောင်းဆုံးပါပဲ။ တစ်ဆက်တည်းမှာပဲ ကျပန်းဂျင်းဘောင်းဘီနှင့် တီရှပ်တွေကိုလည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

၅။ ဦးထုပ်များ

ဦးထုပ်တွေအတွက် နေပူနေချိန်မှာပဲဖြစ်ဖြစ် အေးနေချိန်မှာပဲဖြစ်ဖြစ် သင့်အတွက် တော်တော်လေးအသုံးဝင်တဲ့ အရာတွေဖြစ်ပါတယ်။ ပျော်ပွဲစားထွက်နေချိန် (သို့) လည်ပတ်နေချိန်မှာ သင့်ကို ကာကွယ်ပေးနိုင်တဲ့ အဝတ်အထည်တွေဖြစ်ပါတယ်။

၆။ Sweatshirts




Sweatshirt လေးတွေကတော့ ကြီးလေလေသင့်အတွက် ပိုအဆင်ပြေလေလေဖြစ်ပါလိမ့်မယ်။ Shopping သွားရာကနေ ပျော်ပွဲစားတွေအထိ၊ ရုပ်ရှင်ကြည့်တဲ့အခါ အပြင်ထွက်လည်တိုင်း နေရာတော်တော်များများဝတ်ဆင်နိုင်သော အဝတ်အစားတွေဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုမျှဝေချင်တာက သူတို့ရဲ့ အဝတ်အစားတွေကို ယူဝတ်တာကို သဘောကျတဲ့အမျိုးသားတွေရှိသလို သဘောမကျတဲ့ ယောင်္ကျားလေးတွေလည်းရှိပါတယ်။ တစ်ချို့က သူတို့အဝတ်အစားဝတ်ထားတဲ့ သူတို့ကောင်မလေးကို ပိုပြီးချစ်စရာကောင်းတယ်လို့ မြင်ကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ကောင်လေးအကြောင်းကို ပထမဆုံးကောင်းကောင်းသိအောင်လုပ်ပါ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သူစိတ်ကျေနပ်မှာ သူ့အဝတ်အစားကို ယူပါ။ နောက်ပြီး သင်လည်း သူ့ကို စိတ်မဆိုးစေချင်ဘူးမဟုတ်လား?

Lifestyle_Myanmar
Nyein_Thu


ref-magforwomen


#အဝတ်အစား
#ကောင်လေး
#ဗီရို
#အဝတ်
#အင်္ကျီ

Some text some message..