သင့်အသားအရေအမျိုးအစားပေါ်မူတည်ပြီး ဘယ်လို body scrub မျိုးကိုသုံးမလဲ?
lifestylemyanmar.com
|
2021-07-24



Body scrub ဆိုတာ ပွတ်တိုက်ရတဲ့ လုပ်ဆောင်မှုနှင့်အတူ သင့်ခန္ဓာကိုယ်ကနေ အရေပြားဆဲလ်သေတွေနဲ့ အခြားအညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ exfoliant ဖြစ်ပါတယ်။ exfoliating လုပ်ဆောင်မှုက အရေပြားဆဲလ်တွေကို လှုံ့ဆော်ပေးပြီး အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ ခန္ဓာကိုယ်ကို ပုံမှန်တိုက်ချွတ်ခြင်းက ingrown hair ပေါက်ခြင်းကို ကာကွယ်ပေးပြီး ချွေးပေါက်တွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။

ရလဒ်ကောင်းဖို့အတွက် ကိုယ့်အသားအရေအမျိုးအစားက ခြောက်သွေ့လား၊ အဆီပြန်လား၊ ထိခိုက်လွယ်လားဆိုတာကို ဆန်းစစ်ပြီး ကိုယ့်အသားအရေအမျိုးအစားအတွက် သင့်တော်တဲ့ body scrub ကိုရွေးချယ်ဖို့ အရမ်းအရေးကြီးပါတယ်။

Body Scrubs အမျိုးအစားများ

၁။ Sugar Scrubs

Sugar body Scrubs ဟာ နူးညံ့ပြီး အထိခိုက်မခံတဲ့ အသားအရေရှိသူတွေအတွက် ပိုပြီးသင့်တော်ပါတယ်။ သကြားစေ့လေးတွေက သင့်အသားအရေကို နူးညံ့စေပြီး physical exfoliation မှာ ကူညီပေးပါတယ်၊ သကြားက သဘာဝ humectant တစ်ခုအဖြစ်လုပ်ဆောင်ပြီး ခြောက်သွေ့မှုကိုတားဆီးပေးခြင်း၊ အသားအရေအစိုဓါတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။




၂။ Salt Scrubs

ဆားက အရမ်းကောင်းတဲ့ exfoliator တစ်မျိုးဖြစ်ပြီး သင့်ခန္ဓာကိုယ်က အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဆီပြန်သောအသားအရေရှိသူတွေအတွက် salt scrubs ဟာ ကြမ်းတမ်းခြင်းမရှိဘဲ ပိုလျှံသော အဆီတွေကို ဖယ်ရှားပေးပါတယ်။ Salt scrubs မှာ များသောအားဖြင့် မဂ္ဂနီစီယမ်နှင့် ဆာလဖိတ်တွေပါဝင်ပြီး ၎င်းက ရောင်ရမ်းခြင်းကို လျှော့ချဖို့နှင့် အရေပြားကိုအဆိပ်အတောက်ကင်းစေဖို့ ကူညီပေးပါတယ်။




၃။ အစေ့၊ အဆန်တွေနဲ့ Scrubs

ဒီ body scrubs အမျိးအစားမှာ oatmeal, walnuts, (သို့) ground almonds တို့ပါဝင်ပါတယ်။ Oatmeal မှာ အသားရေကြမ်းတမ်း၊ ခြောက်သွေ့မှုကို သက်သာစေတဲ့ anti-inflammatory ဂုဏ်သတ္တိတွေ ရှိပါတယ်။ အသားအရေအစိုဓါတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။ သစ်ကြားသီးခွံနှင့် ဗာဒံအမှုန့်က အသားအရေကို ဖြူဝင်း တောက်ပစေပါတယ်။ ဒါပေမယ့် သူတို့က ပွန်းရှတတ်တဲ့အတွက် သတိထားပြီး အသုံးပြုသင့်ပါတယ်။




၄။ Coffee Scrubs

လူသုံးများတဲ့ body scrub နောက်တစ်မျိုးကတော့ Coffee Scrubs ပဲဖြစ်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓါတ်က အရေပြားဆဲလ်သေကို အလွှာလိုက် ကွာကျစေယုံသာမက ခရမ်းလွန်ရောင်ခြည်ဒဏ်မှလည်း ကာကွယ်ပေးပါတယ်။ ကော်ဖီက အသက်အရွယ်ရလာလို့ ပေါ်လာတဲ့အစက်အပြောက်တွေ၊ အရေးအကြောင်းတွေနဲ့ အဆီခဲတွေကို အနည်းဆုံးဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ကော်ဖီစခရပ်က pigmentation, dark circles နှင့် sun tan တွေရဲ့အသွင်အပြင်ကို လျော့နည်းစေသော skin brightening effects တွေရှိပါတယ်။




၅။ Herbal Scrubs

Herbal body scrubs ကို ရှောက်ခါးသီး၊ သံပုရာသီး၊ လက်ဖက်စိမ်းနှင့် ခရန်ဘယ်ရီလို သဘာဝအပင်အခြေခံသော ပါဝင်ပစ္စည်းတွေကနေ ပြုလုပ်ထားပါတယ်။၎င်းက အသားအရေကို နုပျိုစေပြီး အသားအရေဇီဝဖြစ်ပျက်မှုကို အားကောင်းစေပါတယ်။ အရွယ်မတိုင်မီ အိုမင်းခြင်းကို နှောင့်နှေးစေပါတယ်။ သင့်မှာ ယားယံတတ်တဲ့အသားအရေရှိရင် (ဒါမှမဟုတ်) skin detox လုပ်ဖို့ရှာနေရင် ဒီ scrubs မျိုးကို သုံးနိုင်ပါတယ်။




သတိထားရမှာက သင်ဟာ ပါဝင်ပစ္စည်းတစ်ခုခုနဲ့ မတည့်ဘူးဆိုတာကို သေချာအောင် ဒီScrubs တွေကို မသုံးခင်မှာ patch test လုပ်ကြည့်ပါ။ body scrub ကိုသုံးတဲ့အခါ တစ်ပတ် နှစ်ကြိမ်ထက်မပိုရပါဘူး။ အသားအရေကို အရမ်းကြမ်းကြမ်းပွတ်တိုက်တာမျိုးမလုပ်ဘဲ ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ရက်သတ္တပတ်အနည်းငယ်ကြာရင် အသားအရေနူးညံ့ပျော့ပြောင်းပြီး နုပျိုတဲ့အသွင်အပြင်ကို တွေ့မြင်ရနိုင်ပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-stylecraze


#အရေပြား
#ဆဲလ်
#ကော်ဖီ
#အဆီခဲ
#အမျိုးအစား

Some text some message..