ဆယ်ကျော်သက်မိန်းကလေးတွေအတွက် အဓိကလိုအပ်တဲ့ အလှပြင်ပစ္စည်း ၇ မျိုး
mystylemyanmar.com
|
2021-07-31

ဆယ်ကျော်သက်ကောင်မလေးတွေက အလှပြင်တဲ့အခါမှာ ပေါ့ပေါ့ပါးပါးနဲ့ ချစ်ဖို့ကောင်းတဲ့ ပုံစံလေးတွေပြင်တာနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ အလှပြင်ပစ္စည်းတွေကို မလိုအပ်ပဲ အများကြီးဝယ်နေရင်လည်း ပိုက်ဆံကုန်တာပဲ ရှိပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေအတွက် အဓိကလိုအပ်တဲ့ အလှပြင်ပစ္စည်း ၇ မျိုးကို ပြောပြပေးလိုက်ပါတယ်။


Eyebrow Pencil




မျက်နှာမှာ မျက်ခုံးမွှေးက အသက်ဖြစ်တာကြောင့် မျက်ခုံးမွှေးလှလှလေးဆွဲဖို့ Eyebrow Pencil တော့ လိုပါတယ်။ မျက်ခုံးမွှေးထူထူလေးနဲ့ မျက်ခုံးမွှေးရှိပြီးသားသူတွေဆိုရင်တော့ Eyebrow Mascara လေးပဲ သုံးပေးလို့ရပါတယ်။


Eyeshadow Palette




ဆယ်ကျော်သက်ကောင်မလေးတွေက ကိုရီးယား Makeup Look လေးတွေနဲ့ဆို အရမ်းလိုက်ဖက်ပါတယ်။ ဒီလို Makeup Look အတွက်တော့ Eyeshadow Palette က မရှိမဖြစ်ပါပဲ။ Eyeshadow Palette ဆိုတာလည်း တစ်ခါဝယ်ထားပြီးရင် အကြာကြီးသုံးရတာကြောင့် ရှိထားသင့်ပါတယ်။


Mascara




ဆယ်ကျော်သက်ကောင်မလေးတွေက Eyeshadow ခြယ်ပြီး မျက်တောင်လေးကို Mascara နဲ့ ကော့လိုက်ရင်ပဲ Perfect ဖြစ်နေပါပြီ။ Eyeliner တောင် မလိုပါဘူး။


Lipstick




Lipstick ကတော့ မိန်းကလေးတိုင်းအတွက် မရှိမဖြစ်ပါပဲ။ ဆယ်ကျော်သက်ကောင်မလေးတွေဆိုရင် Lip Tint လေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။


Sunscreen




အသားအရေမပျက်စီးအောင်၊ နေရောင်ခြည်ဒဏ်ကိုကာကွယ်နိုင်အောင် Sunscreen လိမ်းပေးဖို့လိုပါတယ်။ ဆယ်ကျော်သက်ကောင်မလေးတွေဆိုရင် မိတ်ကပ်မလိမ်းတာ ပိုကောင်းပါတယ်။ အသားအရေပျက်စီးမှုလည်း နည်းစေပါတယ်။ မိတ်ကပ်မလိမ်းပဲ Sunscreen ကို Tone Up Effect ပါတာမျိုးလေးလိမ်းပေးရင်ပဲ အဆင်ပြေနေပါပြီ။


Powder




မိတ်ကပ်မလိမ်းတော့ပဲ Sunscreen လိမ်းပြီး အပေါ်ကနေ Powder လေးသာပုတ်လိုက်ပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ ပေါ့ပါးပြီး လှနေပါလိမ့်မယ်။


Concealer




အောက်ခံမိတ်ကပ် Foundation မသုံးရင်တောင် Concealer ကတော့ ရှိထားဖို့လိုပါတယ်။ မျက်ကွင်းညိုတာ၊ အသားအရောင်မညီတာနဲ့ ဝက်ခြံ၊ အမာရွတ်၊ အမဲစက်တွေကို ဖုံးဖို့အတွက် Concealer လိုပါတယ်။


#ဆယ်ကျော်သက်
#မိတ်ကပ်
#မျက်တောင်
#အသားအရောင်
#အောက်ခံ

Some text some message..