ဆံပင်ဖြူတွေ ပြန်နက်လာဖို့အတွက် သင်ဘာလုပ်နိုင်သလဲ?
lifestylemyanmar.com
|
2021-08-03



လူတွေမှာ ဆံပင်ဖြူတယ်ဆိုတာ လွန်ဆန်လို့မရတဲ့ သဘာဝတစ်ခုပါပဲ။ သို့သော် အသက်၄၀ကျော်လာရင် ဆံပင်ဖြူလာတယ်ဆိုပေမယ့် အချို့တွေမှာ အသက်ငယ်ငယ်လေးနဲ့ ဆံပင်ဖြူလာတာကို တွေ့ရနိုင်ပါတယ်။ ဒီလိုငယ်ရွယ်တုန်းအချိန်မှာ ဆံပင်ဖြူတွေရှိလာတာကို premature grey hair လို့ခေါ်ပါတယ်။ အသက်အရွယ်အရ ဆံပင်ဖြူသူတွေအတွက် သိပ်ကိစ္စမရှိပေမယ့် လူငယ်တွေအတွက်တော့ ဒီအရာကအိပ်မက်ဆိုးသာ ဖြစ်နိုင်ပါတယ်။

တစ်ချို့သူတွေက တခြားသူတွေထက် စောစောစီးစီး ဆံပင်ဖြူကြတာ ဘာ့ကြောင့်လဲ?

အသားအရောင်လိုပဲ ဆံပင်အရောင်ကို ဆုံးဖြတ်တဲ့ ဓါတုကို မယ်လနင်(melanin) လို့ခေါ်ပါတယ်။ အချိန်ကြာလာတာနှင့်အမျှ ဆံပင်ရှိ အရောင်ခြယ်ဆဲလ်တွေဟာ သေသွားပြီး ဖြူလာပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဒီဖြစ်စဉ်ဟာ အများအားဖြင့် ကော့ကေးဆပ် လူမျိုးတွေအတွက် အသက် ၃၀လောက်မှာ စတင်ပါတယ်။ အာရှလူမျိုးတွေအတွက် ဒီအရာက ပုံမှန်အားဖြင့် အသက်သုံးဆယ်နှောင်းပိုင်းမှ ဖြစ်လေ့ရှိသော်လည်း အာဖရိကလူမျိုးတွေဟာ အသက် ၄၀သို့ရောက်တဲ့အခါ စတင်ဖြူလာနိုင်ခြေရှိပါတယ်။ သို့သော် ဒီလုပ်ငန်းစဉ်ဟာ သင့်အတွက် စောလာနိုင် (သို့) နောက်ကျနိုင်ပါတယ်။၎င်းက မယ်လနင်ထုတ်လုပ်မှုနှင့် သိုလှောင်မှုကို ထိန်းညှိပေးတဲ့ သင့်ရဲ့မျိုးရိုးဗီဇပေါ်မှာ များစွာမူတည်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ နောက်ဆုံးတွေ့ရှိချက်

စိတ်ဖိစီးမှုက အရွယ်မတိုင်ခင် ဆံပင်ဖြူလာစေတဲ့ အကြောင်းရင်းဖြစ်ကြောင်း ကျွန်မတို့သိထားပြီးသားအချက်တစ်ခုပါ။ သိပ္ပံညာရှင်တွေက volunteer တွေရဲ့ ဆံပင်မှာ ပရိုတင်းအဆင့်ကို တိုင်းတာခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေက (ဆဲလ်များမှ စွမ်းအင်ထုတ်လုပ်ပေးသော) mitochondria ကိုလွှမ်းမိုးကြောင်းတွေ့ရှိခဲပါတယ်။ အခြားအချက်တစ်ချို့က သက်သက်လွတ်စားခြင်း၊ ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် Vitiligo ကဲ့သို့သော ကျန်းမာရေးအခြေအနေတွေ ခံစားနေရခြင်းတို့နဲ့ တူညီသော သက်ရောက်မှုတွေ ရှိပါတယ်။




သတင်းကောင်းက ဆံပင်ဖြူတာကို ပြန်နက်အောင်လုပ်နိုင်ပါတယ်

ဆံပင်ဖြူခြင်းက စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုနှင့် ချိတ်ဆက်နေခြင်းအားဖြင့် စိတ်ဖိစီးမှု လျော့နည်းသွားရင် လူတွေဟာ ဆံပင်ပြန်နက်လာနိုင်တာကို လေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။ သို့သော် ဒီနည်းလမ်းမှာ ကန့်သတ်ချက်အချို့ရှိပါတယ်။ ၎င်းက နှစ်ပေါင်းများစွာ ဆံပင်ဖြူနေတဲ့သူတွေအတွက် အလုပ်မဖြစ်ပါဘူး။

အိမ်တွင်းကုထုံးအချို့ကို စမ်းကြည့်နိုင်ပါတယ်

အရောင်မဆိုးဘဲ ဆံပင်ကာလာကို ထိန်းသိမ်းချင်တယ်ဆိုရင် ဗီတာမင် (B12, ဗီတာမင် E,D,A) နဲ့ သတ္တုဓါတ်တွေ (ဇင့်၊ သံဓါတ် စသဖြင့်)အလုံအလောက်ရှိအောင်လုပ်ဖို့ အကြံပြုပါတယ်။ သင့်ဆံပင်ကို treatment ကောင်းကောင်းလုပ်ပါ။ ခေါင်းလျှော်ရည်ပြင်းပြင်းတွေ သုံးတာနှင့် နေရောင်ခြည် ထိတွေ့မှုကိုရှောင်ပါ။

ဒါတွေကတော့ အိမ်သုံးကုထုံးလေးတွေပါ
မနက်ခေါင်းလျှော်မယ်ဆိုရင် ညဘက်မှာ အုန်းဆီကို တစ်ခေါင်းလုံးအနှံ့လိမ်းပါ
လတ်ဆတ်တဲ့ ဂျင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းကိုရောပြီး နေ့တိုင်းစားပါ။
မုန်လာဥနီဖျော်ရည်ကို ၂၄၀ မီလီမီတာ (၈အောင်စ)ခန့် နေ့စဉ်စားသုံးပါ။
သံပရာရည်၊ ဇီးဖြူသီးရည်နှင့် ဗာဒံဆီတို့ကို ဆတူရောပါ။ ဆံပင်နှင့် ဦးရေပြားကို တစ်နေ့ နှစ်ကြိမ်လောက် ၃လကြာလိမ်းပေးပါ။

Lifestyle_Myanmar
LM_Nandar


Source-brightside


#ပင်ဖြူ
#ဆံပင်
#စိတ်ဖိစီးမှု
#ဗီတာမင်
#အရောင်

Some text some message..