ယောကျာ်းလေးတွေရော Skin Care လုပ်ဖို့ လိုအပ်သလား
mystylemyanmar.com
|
2021-08-06

ယောကျာ်းလေးတော်တော်များများက Skin Care ဆိုရင်မိန်းကလေးတွေနဲ့ပဲဆိုင်တဲ့ အရာလို့သတ်မှတ်ထားကြပါတယ်။ တကယ်တော့ မျက်နှာ အသားအရေဆိုတာက လူတိုင်းနဲ့သက်ဆိုင်တာအရာမျိုးပါနော်။ ယောကျာ်းလေးတွေလည်း ဝက်ခြံထွက်တာ၊ အဆီဖုလေးတွေထွက်တတ်ကြပါတယ်။ ယောကျာ်းလေးတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ Skin Care Step တွေလည်းရှိပါတယ်။ ယောက်ျားလေးက မိန်းကလေးတွေလို အဆင့်အများကြီးလုပ်စရာတော့ မလိုပါဘူးနော်။


မျက်နှာပုံမှန်သစ်ပါ




မနက်တစ်ခါ ညတစ်ခါမသစ်ချင်ရင်တောင် ညအိပ်ရာဝင်ခါနီးတိုင်း သစ်ပေးပါ။ ဘာဖြစ်လို့လည်းဆိုရင် တစ်နေကုန်အပြင်ကတိုက်ရိုက်ထိတွေ့ထားတဲ့ အညစ်အကြေးတွေက တွယ်ကပ်နေရင် ဝက်ခြံထွက်ဖို့အားပေးနေသလို ဖြစ်နေပါလိမ့်မယ်။ မျက်နှာသစ်တဲ့အခါမှာလည်း ကိုယ့်မျက်နှာအသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ဆေးမျိုးကို သုံးစေချင်ပါတယ်။


Moisturize လိမျးပါ




Moisturize ကမျက်နှာအသားအရေခြောက်တာကို ကာကွယ်ပေးနိုင်တဲ့အပြင် အိုမင်းခြင်းမှာလည်း ကာကွယ်ပေးနိုင်ပါတယ်။ Moisturize ကိုမနက်တစ်ကြိမ် ညတစ်ကြိမ်လိမ်းပေးသင့်ပါတယ်။ Moisturize ရွေးချယ်တဲ့အခါမှာလည်း Cream Type ဖြစ်တဲ့ Moisturize မျိုးကိုရွေးချယ်စေချင်ပါတယ်။


Suncream သုံးပါ




မိန်းကလေးတွေမှ Suncream သုံးရတာမျိုးမဟုတ်ပါဘူး။ ယောကျာ်းလေးတွေလည်း နေလောင်တတ်ပါတယ်နော်။ Sunceram လိမ်းဖို့လည်းမပျင်းပါနဲ့။ Suncream ကိုတော့ မနက်အပြင်မသွားခင်လိမ်းရင်လည်းရပါတယ်နော်။

Photo Source – Free.pik


#မျက်နှာ
#မျက်နှာသစ်
#မနက်
#မိန်းကလေး
#အညစ်အကြေး

Some text some message..