Baggy ဘောင်းဘီတွေနဲ့ လိုက်ဖက်တဲ့ဖက်ရှင် အတွဲအစပ်များ
mystylemyanmar.com
|
2021-08-15

90s ရာစုနောက်ပိုင်း 20s မှာတော့ Baggy Jeans တွေ Baggy Pants ကလူငယ်တွေကြားမှာ အရမ်းကိုခေတ်စားလာခဲ့ပါတယ်။ Wide Leg Pants သဘောမျိုးဖြစ်ပြီး ပွပွယွယွနဲ့ ဝတ်ရတဲ့လည်း ပေါ့ပေါ့ပါးပါးရှိလှပါတယ်။ Baggy Jeans Pants တွေကို ငယ်ရွယ်စဉ်တုန်းကတော့ Hip Hop အဆိုတော်တွေရဲ့ Fashion Trend တစ်မျိုးလည်းဖြစ်ပါတယ်။ Baggy Jeans Pants တွေက ဘယ်အင်္ကျီအမျိုးအစားတွေနဲ့ တွဲစပ်ပြီးဝတ်လျှင် ပိုပြီးစမတ်ကျပြီး လိုက်ဖက်မလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။


Hoodie + Baggy Jeans Pants







Celebrity တော်တော်များများ Instagram မော်ဒယ်တွေရဲ့ Out Going သွားတဲ့အခါမျိုးတွေမှာ မြင်နေကျFashion တစ်ခုလိုမြင်ရပါတယ်။ မိန်းကလေးလည်း အရမ်းမဆန်ဝတ်ရတဲ့သူအတွက်လည်း အရမ်းကိုပေါ့ပါးတဲ့ Fashion မျိုးဖြစ်ပါတယ်။ Hoodie ကလည်း အခုလိုရာသီဥတုအတွက် မပါမဖြစ်အင်္ကျီတစ်ထည်ဆိုလည်း မမှားပါဘူးနော်။


Oversized Shirt + Baggy Pants




 

Baggy Pants အရောင်လေးတွေက Jeans အပြင်နို့ရောင်တို့၊ အဖြူရောင်တို့လည်း ကိုယ့်ဆီမှာပိုင်ဆိုင်ထားသင့်ပါတယ်။ Oversized Tee နဲ့တွဲဖက်ရင်လည်း လွပ်လပ်ပြီး အထာလည်းကျစေပါတယ်။ ဒီလိုမျိုး Fashion စတိုင်ကို Shoulder Bag လေးနဲ့လည်း လန်းလို့ရတယ်နော်။ ဖိနပ်ကိုတော့ Sneaker တို့ Boots တို့နဲ့လိုက်ဖက်ပါတယ်။


Cropped Top+ Baggy Jeans Pants





Cropped Top အင်္ကျီက ခန္ဓာကိုယ်ရဲ့အလှကိုထင်ရှားစေသလို Baggy Jeans Pants ရဲ့အားသာချက်တစ်ခုဖြစ်တဲ့ ခါးလေးကိုသေးသွယ်စေတဲ့ အလှကလည်း ကိုယ့်ရဲ့ဖက်ရှင်က လူငယ်ပိုဆန်သွားစေနိုင်ပါတယ်နော်။ဆွဲဆောင်မှုလည်းရှိသလို ကိုယ့်ဆီမှာ Baggy Pants တစ်ထည်ရှိရုံနဲ့လည်း အပေါ်ကCropped Top ဒီဇိုင်းမျိုးစုံနဲ့တွဲဝတ်လို့ရပြီနော်။
Photo Source – Pinterest


#Jeans
#အင်္ကျီ
#ငယ်ရွယ်စဉ်
#Celebrity
#အထာ

Some text some message..