စတိုးဆိုင်မှာ အဝတ်အစားဝယ်တဲ့အခါ မှန်ကန်တဲ့ဆိုဒ်ကို ရွေးချယ်တတ်စေဖို့ နည်းလမ်း (၇)ခု
lifestylemyanmar.com
|
2021-08-17



စတိုးဆိုင်တစ်ဆိုင်မှာ အဝတ်အစားဝယ်တဲ့အခါ ကိုယ်နဲ့သင့်တော်မယ့် အဝတ်အစားကို ရွေးချယ်ဝယ်ယူတတ်စေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဘရာတစ်ထည်

ဘရာစီယာရွေးချယ်တဲ့အခါ အရွယ်အစားက အရေးအပါဆုံးအရာ ဖြစ်ပေမယ့် ဘယ်လိုတွက်ချက်ရမလဲဆိုတာ လူတိုင်းမသိပါဘူး။ စတိုးဆိုင်ကို မသွားခင် မိခင်အနည်းငယ်အတွင်းမှာ သင်လုပ်နိုင်ပါတယ်။ မတ်တပ်ရပ်ပါ၊ သင့်ရင်အုံ(bust) အောက်ရှိ လုံးပတ်( ဘရာစီယာခါးပတ် တည်ရှိရာနေရာကို)ကိုတိုင်းပါ။ ပြီးနောက် ရင်ဘတ်(chest)ရဲ့လုံးပတ်ကို တိုင်းပါ။ ခန္ဓာကိုယ်ကို ပေကြိုးနဲ့တိုင်းတဲ့အခါ တင်းတင်းလေး တိုင်းသင့်ပေမယ့် ခန္ဓာကိုယ်ကို ကျုံ့မထားသင့်ပါဘူး။




ရင်ဘတ်ရဲ့လုံးပတ်ကနေ ရင်ဘက်အောက်ရှိ လုံးပတ်ကို နုတ်ပါ။ ရလဒ်နံပါတ်က ခွက်ရဲ့အရွယ်အစားကို ညွှန်ပြပါလိမ့်မယ်။

၄-၄.၅လကျမ- size 0

၄.၆-၅လကျမ- Size 1

၅.၅-၆လကျမ- Size 2

၆-၆.၇လကျမ- Size 3

၇-၇.၅လက်မ- Size 4 ဖြစ်ပါတယ်။

အက္ခရာစာလုံးတွေက Size တစ်ခုစီနဲ့ တူညီပါတယ်။ Size 0 ဆိုရင် AA နဲ့ကိုက်ညီပါတယ်။ Size 1 – A, Size 2 – B, Size 3 – C, Size 4 – D နဲ့ကိုက်ညီပါတယ်။ ဥပမာ- ရင်အုံအောက်ရှိ လုံးပတ်က ၂၉လက်မ၊ ရင်ဘတ်(chest)ရဲ့လုံးပတ်က ၃၄ လက်မဆိုရင် သင့်တော်တဲ့ ဘရာစီယာအရွယ်အစားမှာ 30A ဖြစ်ပါလိမ့်မယ်။

၂။ တီရှပ်တစ်ထည်


တီရှပ်တစ်ထည်ကို မဝယ်ခင်မှာ tag ပေါ်က ဆိုဒ်ကို ကြည့်ပြီးသာ ဝယ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက သင့်တော်တဲ့ပုံစံကို ရလိမ့်မယ်လို့ မဆိုလိုပါဘူး။ အင်္ကျီလက်ရဲ့ အဆက်က ပခုံးရဲ့အလယ်ကို ရောက်နေမှသာ သင့်တော်တဲ့ Size နဲ့ T-Shirt တစ်ထည်ကိုရပါမယ်။ သူတို့က အရမ်းတိုနေရင် အင်္ကျီက သေးလွန်းပြီး ပိုရှည်နေရင်လည်း အင်္ကျီက အရမ်းကြီးလွန်းပါတယ်။
တီရှပ်ရဲ့ အရှည်ကို သတိပြုပါ။ အောက်ခြေအစွန်းက သင့်ခါးအောက် လက်မအနည်းငယ်သာ ရှိသင့်ပါတယ်။ ပခုံးချုပ်ရိုးတွေက ခန္ဓာကိုယ်နဲ့ အံကိုက်ဖြစ်နေသင့်ပါတယ်၊ ပခုံးအစွန်းကို မကျော်ပါစေနဲ့။




၃။ jacket တစ်ထည်

jacket တစ်ထည်က သင်နဲ့အံကိုက်ဖြစ်လား/မဖြစ်လားဆိုတာကိုပြောဖို့ အလွယ်ဆုံးနည်းလမ်းက အဝတ်လဲခန်းထဲမှာ သင့်ကိုယ်သင် ပွေ့ဖက်ပါ။ jacket အင်္ကျီက သင့်ရဲ့လှုပ်ရှားမှုတွေကို ဖျစ်ညှစ်မထားဘူး၊ တံတောင်ဆစ်တွေကို အလွယ်တကူ ဖမ်းယူလို့ရနိုင်ပါစေ။ တစ်ချိန်တည်းမှာပဲ အနည်းငယ်ဆွဲယူခြင်းကို ခံစားရသင့်ပါတယ်။ အဲ့လိုမှမဟုတ်ရင် jacket က အရမ်းကြီးလွန်းနေပါတယ်။




၄။ blouse တစ်ထည်

blouse တစ်ထည်ကို ရွေးချယ်တဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ အကျယ်ဆုံးအစိတ်အပိုင်းဖြစ်တဲ့ ပခုံး၊ ရင်ဘတ် (သို့) ခါးပေါ်ကို focus ထားပါ။ ကြယ်သီးတစ်ခုနဲ့ တစ်ခုကြားက ဟနေတာမျိုးမဖြစ်သင့်ပါဘူး။ တီရှပ်တွေလိုပဲ ပခုံးချုပ်ရိုးတွေက သင့်ပုခုံးအောက်မှာ လျောကျမနေသင့်ပါဘူး။ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်သင့်ပါတယ်။ အခြားတစ်ခုက ဘေးချုပ်ရိုးတွေဖြစ်ပါတယ်။ ချုပ်ရိုးတွေက ညီညာနေရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် အဝတ်အစားက ဝတ်ထားတဲ့အချိန်မှာ လိမ်နေပါလိမ့်မယ်။




၅။ ရှပ်အင်္ကျီ

ရှပ်တစ်ထည်ရွေးတဲ့အခါ အကြောင်းအရာများစွာကို တစ်ပြိုင်နက်တည်း အာရုံစိုက်သင့်ပါတယ်။ ကော်လာက လည်ပင်းနဲ့ ထိကပ်နေသင့်ပေမယ့် လည်ပင်းအစ်နေတာမျိုး မဖြစ်သင့်ပါဘူး။ ကော်လာကြယ်သီးအောက်မှာ လက်ချောင်း ၂ချောင်း အလွယ်တကူ ထည့်လို့ရရင် fit ဖြစ်ပါတယ်။

အင်္ကျီလက်တွေက လက်မောင်းတွေကို အတိုင်းသား မြင်ရလောက်အောင် ကျပ်မနေသင့်သလို လှိုင်းတွေဖြစ်နေအောင်လည်း ချောင်မနေသင့်ပါဘူး။ လက်မောင်းကို ကွေးလိုက်တဲ့အခါ အင်္ကျီလက်အနားက လက်ကောက်ဝတ်ကနေ ၁လက်မထက်ပိုပြီး မတတ်သင့်ပါဘူး။




၆။ စကတ်တစ်ထည်

စကတ်ရဲ့အရွယ်အစားက သင့်အတွက် သင့်တော်မှုရှိ/မရှိကို ဆုံးဖြတ်ဖို့ ခါးပတ်နားအစကို လက်ချောင်းတွေနဲ့ ဆွဲယူကြည့်ပါ။ အနည်းဆုံး ၁လက်မလောက် ဆွဲလို့ရရင် သက်တောင့်သက်သာနဲ့ လှုပ်ရှား၊ ထိုင်လို့ရမယ့် အရွယ်အစား ဖြစ်ပါတယ်။ ခါးပတ်က အရမ်းကြီး မကျပ်နေရပါဘူး။




၇။ ဘောင်းဘီ

Size မှန်တဲ့ Classic ဘောင်းဘီတစ်ထည်ဟာ ပေါင်အထက်ပိုင်းမှာသာ ကျပ်နေသင့်ပြီး အောက်ပိုင်းမှာ ချောင်နေသင့်ပါတယ်။ အရွယ်အစား မှန်လားဆိုတာ သိစေဖို့ လက်ချောင်း ၂ချောင်းကို ခါးပတ်အောက် ထည့်ကြည့်ပါ။ လက်နှစ်လုံးလောက်ချောင်နေတယ်ဆိုရင် size မှန်ပါတယ်။ စမ်းသပ်ဖို့ အခြားနည်းတစ်ခုက အဝတ်လဲခန်းရှိ ကုလားထိုင်ပေါ်မှာထိုင်ပြီး သင့်လက်မကို ခါးပတ်အောက်ထည့်ကြည့်ဖို့ ဖြစ်ပါတယ်။

ဗိုက်မှာ မသက်မသာဖိအားမျိုး မဖြစ်စေဘဲ တီရှပ်ကို ဘောင်းဘီထဲ အလွယ်တကူထည့်ဝတ်လို့ရရင် အဲဒီဘောင်းဘီကို စိတ်ချစွာ ဝယ်နိုင်ပါပြီ။ ရှေ့အိတ်ကပ်တွေကို အနီးကပ်ကြည့်ပါ။ သင်မတ်တပ်ရပ်တဲ့အခါမျိုးမှာ တွန့်မနေသင့်ပါဘူး။


Lifestyle_Myanmar
LM_Nandar

#အင်္ကျီ
#ချုပ်ရိုး
#လက်မ
#ခါးပတ်
#ပခုံး

Some text some message..