ခန္ဓာကိုယ်ပြည့်တဲ့ ပျိုမေတို့ပါ ဝတ်နိုင်တဲ့ Tennis Skirt ကို ပုံစံအမျိုးမျိုး ဝတ်ဆင်နည်း
mystylemyanmar.com
|
2021-08-21

သင်က နိုင်ငံခြားက မိန်းကလေးတွေ ဝတ်ပြတဲ့ ဖက်ရှင် ဗီဒီယိုအတိုလေးတွေကို ကြည့်ဖူးမှာပါ။ ဒီဗီဒီယိုတွေထဲမှာ ခန္ဓာကိုယ် ခပ်ပြည့်ပြည့်နဲ့ မိန်းကလေးတွေရဲ့ ဖက်ရှင်ဗီဒီယိုတွေကိုလည်း မြင်ရမှာပါ။ ခါးအဆီရှိတဲ့ သူတွေအတွက် ဝတ်ဆင်နည်း၊ ဝတဲ့ သူတွေအတွက် ဝတ်ဆင်နည်း စသဖြင့် အမျိုးမျိုးပါပဲ။ ဒီဝတ်ဆင်နည်း အမျိုးမျိုးထဲမှာ ဘုံပါနေတဲ့ အဝတ်အစား တစ်ခုက Tennis Skirt ပါပဲ။

Tennis Skirt က ခါးအဆီကို မမြင်ရစေဘဲ ခန္ဓာကိုယ်ကို ပိန်တယ်လို့ ထင်ရစေပါတယ်။ စကပ်ကားကားလေးက သင့်ကို နဂိုထက် ပိုချစ်ဖို့ကောင်းစေမှာလည်း မလွဲပါပဲ။ ဒီတော့ ပျိုမေတိုင်းနဲ့ လိုက်ဖက်တဲ့ Tennis Skirt ကို ဘယ်လိုစတိုင်တွေ ဝတ်လို့ရလဲ ကြည့်လိုက်ရအောင်နော်-

၁။ အပြင်က အနွေးထည်နဲ့





အတွင်းက ခါးတိုလေးဝတ်ပေးရပါမယ်။ ပြီးနောက် Tennis Skirt နဲ့ ခါးဖုံးဝတ်ပေးရပါမယ်။ အပေါ်ကနေ အနွေးထည်နဲ့ ကိုယ့်အဆီတွေကို ဖုံးကွယ်နိုင်ပါတယ်။

၂။ အပြင် ဆွယ်တာလက်ရှည်နဲ့





ဒီစတိုင်ကိုတော့ ပျိုမေတို့ တွေ့ဖူးမှာပါ။ ဒီဖက်ရှင်က အေးတဲ့ရာသီဥတုနဲ့ လိုက်ဖက်ပါတယ်။ ဒါပေမဲ့ ပေါင်တိုမို့ ထူးတော့မထူးပါဘူး။

၃။ Crop နဲ့





ဒီဖက်ရှင်ကတော့ ခါးသေးတဲ့ပျိုမေတွေနဲ့ လိုက်ဖက်ပါတယ်။ ကိုယ့်ခါးကို ပိုသွယ်တယ်လို့ ထင်ရစေပါတယ်။

၄။ တီ အပွနဲ့





ဒီစတိုင်က သင့်ကို ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်နေစေမှာပါ။

၅။ အပြင်ဝတ်စကုတ်နဲ့





အပြင်ထပ် ဝတ်စကုတ်နဲ့ ဒီဇိုင်းက သင့်ကို နဂိုထက် ပိုလှနေစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar


#ဖက်ရှင်
#အနွေးထည်
#အဆီ
#နဂို
#ဗီဒီယို

Some text some message..