အသားလတ်တဲ့ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့ဆွဲဆောင်မှုရှိတဲ့မိတ်ကပ်ပြင်နည်း
mystylemyanmar.com
|
2021-08-25

အသားလတ်တဲ့ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိစေမယ့် မိတ်ကပ် look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ Heavy ကြီးတွေဖြစ်အောင် full makeup look တွေပြင်မှ ဆွဲဆောင်မှုရှိတာ မဟုတ်ပါဘူး။ ရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိအောင်လည်း ပြင်လို့ရပါတယ်။

အရင်ဆုံး မိတ်ကပ်ပြင်တော့မယ်ဆိုရင် primer လိမ်းဖို့မမေ့ပါနဲ့။ primer ပြီးရင် အသားအရောင်မညီတာတွေနဲ့ အမဲစက်၊ ဝက်ခြံတွေကိုဖုံးဖို့၊ မျက်ကွင်းညိုတာကိုဖုံးဖို့ concealer သုံးပေးပါ။ ပြီးရင်တော့ ကိုယ်လိမ်းနေကျ foundation ကိုလိမ်းပါမယ်။




မျက်လုံးကိုခြယ်ဖို့အတွက် eye primer ကို မျက်ခွံမှာ အရင်လိမ်းပေးပါ။ အညိုရောင် eyeshadow နဲ့ မျက်ခွံပေါ်ကို ပါးပါးလေးခြယ်ပေးပါ။




မျက်တောင်လေးတွေကို brush နဲ့သေချာ ကော့ဖြီးပေးပါ။ ပြီးမှ မျက်တောင်ကော့တဲ့အတံနဲ့ မျက်တောင်ကိုသေချာကော့ပေးပါ။ natural ဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ပုံစံလေးဖြစ်အောင် mascara မသုံးပါဘူး။




eyeliner ကို မျက်လုံးအတွင်းသားလေးမှာ ကပ်ပြီးဆွဲပေးပါ။ gel (သို့) pencil eyeliner သုံးပေးပါ။




မျက်ခုံးမွှေးဆွဲဖို့အတွက် အရင်ဆုံး brush နဲ့ မျက်ခုံးမွှေးကို အရင်ဖြီးပါမယ်။ ပြီးမှသာ ကိုယ်ဆွဲနေကျအတိုင်း ဆွဲပေးပါ။ ဆွဲပြီးရင်တော့ brush နဲ့ ပြန်ဖြီးပေးပါ။




နှုတ်ခမ်းနီကို အနီရဲရဲလေးဆိုးပေးပါ။ ဆွဲဆောင်မှုရှိတဲ့ မိတ်ကပ် look အတွက် နှုတ်ခမ်းနီရဲရဲလေးက အသက်ပါပဲ။




Highlighter ကို ရွှေရောင်ဘက်သွားတဲ့ အရောင်လေးရွေးပြီး နဖူး၊ နားထင်၊ မေးစိ၊ နှာခေါင်း၊ ပါးရိုးနေရာလေးတွေမှာ brush နဲ့ နည်းနည်းခြယ်ပေးပါ။




အညိုရောင် eyeshadow နဲ့ပဲ နှာတံကို ဖျော့ဖျော့လေးဖော်ပေးပါမယ်။ အရမ်းထင်းနေအောင် မဖော်ပါဘူး။




ပါးရိုးနဲ့ မျက်ခုံးအောက်နားလေးမှာ highlighter ထပ်သုံးပေးပါ။




ဒါဆိုရင်တော့ အသားလတ်တဲ့ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့ဆွဲဆောင်မှုရှိတဲ့ မိတ်ကပ် look ကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။





source:www.haleykim


#ဆွဲဆောင်မှု
#မျက်တောင်
#မိတ်ကပ်
#ပါးရိုး
#မျက်ခွံ

Some text some message..