နှာတံဘယ်လိုဖော်ရမလဲ မသိတဲ့သူတွေအတွက် နှာတံဖော်နည်းအဆင့်ဆင့်
mystylemyanmar.com
|
2021-08-26

မိတ်ကပ်လိမ်းရာမှာ နှာတံဖော်တာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နှာတံဖော်တာဟာ Concealer သုံးသလိုပဲ မိတ်ကပ်လိမ်းတဲ့အမျိုးသမီးတွေအတွက် အရေးပါလှပါတယ်။ နှာတံဘယ်လိုဖော်ရမလဲမသိတဲ့သူတွေအတွက် နှာတံဖော်နည်းအဆင့်ဆင့်ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။




သင့်မှာ Highlighter ၊ Bronzer နဲ့၊ Brush တွေရှိရမှာဖြစ်ပါတယ်။ ဆိုင်ကိုသွားပြီး Matte Bronzer လိုမျိုး Bronzer ကိုဝယ်ယူလိုက်ပါ။ သင့်ရဲ့ နဂိုအသားအရောင်ထက် နည်းနည်းလေး ပိုပြီးညိုတာကို ရွေးဝယ်ပါ။ Highlighter ကိုလည်း သေချာရွေးဝယ်ပါ။




ပြီးရင် နှာတံ တစ်ဖက်တစ်ချက်ဆီကို Brush အချွန်လေး နဲ့ Bronzer ကိုလမ်းလိုက်ပါ။




နှာတံထိတ်နားမှာ အကန့်လေးတစ်ခုလိုလုပ်လိုက်ပြီး Highlighter ကို အလည်မှာ လိမ်းလိုက်ပါ။




ပြီးရင်တော့ Brush နဲ့ ဖြည်းဖြည်းလေး ပြန်ဖြည်လိုက်ပါ။




အလယ်ကတစ်ခုကိုလည်း Blender Brush နဲ့ ခပ်ဖွဖွလေး ပြန်ဖြည်ပေးလိုက်ပါ။

အခုပုံတွေနဲ့အတူ နှာတံ ဖော်တဲ့နည်းကို မျှဝေပေးသွားပြီပြီဆိုတော့ လွယ်လွယ်ကူကူနဲ့နှာတံ ဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်နော်။


#နှာတံ
#ဖော်နည်း
#မိတ်ကပ်
#အချွန်
#တစ်ဖက်တစ်ချက်

Some text some message..