
ကိုယ့်ရဲ့အသားအရေဆိုတာကလည်း ကိုယ်ဂရုစိုက်ပေးနိုင်ရင် စိုက်ပေးနိုင်သလောက် လှစေတဲ့အရာမျိုးပါနော်။ ကိုယ်မျက်နှာပေါ်က အသားအရေကိုအထူးဂရုစိုက်ပေးသလို Body ရဲ့အသားအရေကိုလည်းအထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။နှစ်ပတ်တစ်ခါ Body Scrub လုပ်ပေးခြင်းကလည်း ကိုယ့်ခန္ဓာကိုယ်ပေါ်က ဆဲလ်သေလေးတွေနဲ့ အခြားအညစ်အကြေးတွေကိုလည်း ဖယ်ရှာပေးနိုင်အောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း Scrub ကိုသုံးတာများရင်လည်း အသားအရေကြမ်းတာမျိုးတွေ၊ အသားခြောက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ကိုယ့်အသားအရေက ဘယ်လို Skin အမျိုးအစားလဲဆိုတာသိဖို့လည်း လိုပါတယ်။ အဆီပြန်တတ်တဲ့အသားအရေလား၊ ခြောက်ခြောက်ကြီးနဲ့ဖြစ်နေတာလား၊ Sensitve ဖြစ်တဲ့အသားအရေမျိုးလားဆိုတာ အရင်သိသင့်ပါတယ်။ ဒါမှလည်း ဘာScrub အမျိုးအစားကိုရွေးချယ်ရမလဲဆိုတာ သိနိုင်မှာပါ။
Coffee Scrub

ကော်ဖီ Scrub ကတော့လူတိုင်းရဲ့ ရွေးချယ်မှုရဲ့ ဦးစားပေးဆိုလည်းမမှားပါဘူးနော်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓါတ်က အရေပြားကိုလည်း အရေပြားမှာဖြစ်လက်ဖြစ်ထရှိတဲ့ အနီရောင်အကွက်တွေ၊ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ကော်ဖီအနံ့လေးကလည်း သင်းသင်းမွှေးမွှေးလေးဆိုတော့ စိတ်ကိုလည်းလန်းဆန်းတက်ကြွစေပါတယ်။ အသားခြောက်တဲ့သူတွေအတွက်ဆိုရင် ကော်ဖီ Scrub ကိုသုံးပေးသင့်ပါတယ်။
Herbal Scrub

Herbal Scrub ဆိုတာက သဘာဝဆေးဖက်ဝင်အသီးတွေဖြစ်တဲ့ ရှောက်သီးတို့၊ လက်ဖက်စိမ်း ၊ လာဗင်ဒါပန်းခြောက်တို့ စသည်ဖြင့်သဘာဝ ပစ္စည်းတွေကိုအခြေခံပြီးလုပ်ထားတဲ့အတွက် Scrub အမျိုးအစားပေါ်မူတည်ပြီးတော့ အာနိသင်ရရှိနိုင်ပါတယ်။ Herbal Scrub တွေရဲ့ရနံ့ကုထုံးတွေရဲ့ အကျိုးကျေးဇူးကိုရရှိတဲ့အတွက် Spa လေးမျိုးခံစားမှုကိုပေးနိုင်ပါတယ်။ Herbal Scrub ကိုတော့ ပုံမှန်အသားအရေပိုင်ဆိုင်တဲ့သူတွေသုံးသင့်ပါတယ်။
Sugar Scrub

Sugar Scrub ကတော့ အိမ်မှာလည်းအလွယ်တကူပြုလုပ်လို့ရတဲ့ အလွယ်ကူဆုံးနဲ့ Skin Problem တွေအတွက် အထိရောက်ဆုံးကုသပေးနိုင်တဲ့ Scrub အမျိုးအစားဖြစ်ပါတယ်။ သကြားက အသားအရေကိုနူးညံ့စေနိုင်ပြီး ခြောက်သွေးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေ Sensitive ဖြစ်တဲ့သူတွေအတွက် တစ်ပတ်ကိုနှစ်ခါလောက်တော့ Scrub ပြုလုပ်ပေးသင့်ပါတယ်။
Photo Source – Free.pik