နှုတ်ခမ်းတွေနဲ့ Eyeshadow ခြယ်လို့ရမယ့် နည်းလမ်းကောင်းများ
mystylemyanmar.com
|
2021-08-29

မိတ်ကပ်ကို အလွယ်ပြင်ရတာပိုကြိုက်တဲ့သူတွေနဲ့ မိတ်ကပ်ပစ္စည်းအများကြီး မဝယ်ချင်တဲ့သူတွေအတွက် နှုတ်ခမ်းတွေနဲ့ Eyeshadow ခြယ်လို့ရမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ Eyeshadow သိပ်မခြယ်တတ်တဲ့သူတွေအတွက်လည်း အသုံးဝင်စေမယ့် နည်းလမ်းကောင်းတွေ ဖြစ်မှာပါ။


Nude




Nude အရောင် နှုတ်ခမ်းနီရှိရင် Eyeshadow ကို ဒီလိုမျိုးလေး ခြယ်လို့ရပါတယ်။ Nude အရောင်ဆိုတော့ ငြိမ်ပြီးလှတာကြောင့် Everyday အတွက်လည်း အရမ်းအဆင်ပြေပါတယ်။


ပန်းရောင်နဲ့အညိုရောင်




ပန်းရောင်နှုတ်ခမ်းနီနဲ့ အညိုရောင်နှုတ်ခမ်းနီကို Eyeshadow အဖြစ်နဲ့သုံးပြီးတော့ ဒီလို Soft glam Look လေး ခြယ်ကြည့်လို့ရပါတယ်။ အရမ်းလှပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံလေးပါ။


Lip Gloss




Lip Gloss ကို သုံးပြီးတော့လည်း Glossy Eye Look လေး ခြယ်လို့ရပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ Glow နေတဲ့ မိတ်ကပ်မျိုးပြင်တဲ့အခါမှာ ဒီနှုတ်ခမ်းနီကို သုံးလို့ရပါတယ်။


အညိုရောင်




အညိုရောင်နှုတ်ခမ်းနီကို Eyeshadow အဖြစ်နဲ့သုံးပြီး Smokey Eye ခြယ်လို့လည်းရပါတယ်။ နှုတ်ခမ်းနီက Matte Type ဖြစ်နေရင်တော့ ပိုလှပါတယ်။


ခရမ်းနဲ့ Nude




ခရမ်းရောင်ဘက်သွားတဲ့ နှုတ်ခမ်းနီအရောင်နဲ့ Nude အရောင် နှုတ်ခမ်းနီတို့ကို သုံးပြီးတော့ ဒီလို Eye Look လေးပြင်ရင်လည်း အရမ်းလှပါတယ်။


အနီရောင်၊ လိမ္မော်ရောင်၊ အုတ်ကျိုးရောင်




အနီရောင်နှုတ်ခမ်းနီ၊ လိမ္မော်ရောင်နှုတ်ခမ်းနီနဲ့ အုတ်ကျိုးရောင်နှုတ်ခမ်းနီတွေ ရှိရင်လည်း ဒီလိုမျိုးလေး Eyeshadow အဖြစ်နဲ့ ခြယ်လို့ရပါတယ်။ နှုတ်ခမ်းနီတွေက Matte Type တွေဖြစ်ရင် ပိုကောင်းပါတယ်။


#နှုတ်ခမ်း
#အညိုရောင်
#အရောင်
#မိတ်ကပ်
#လိမ္မော်ရောင်

Some text some message..