အသက် ၃၀ ကျော် အမျိုးသမီးတွေမှာရှိထားသင့်တဲ့အိတ် ၅ မျိုး
mystylemyanmar.com
|
2021-09-09

မိန်းကလေးတိုင်းရဲ့ဖက်ရှင်အတွက် အိတ်ကလည်း အရေးကြီးပါတယ်။ လူငယ်ဆိုရင်တော့ ကြိုက်တဲ့အိတ်မျိုးစုံလွယ်လို့ အဆင်ပြေပါတယ်။ အသက်ကြီးလာတဲ့အခါကျ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်တာမျိုးလေးတွေကိုပဲ ရွေးချယ်ပြီး လှအောင်နေသင့်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အသက် ၃၀ ကျော် အမျိုးသမီးတွေမှာ ရှိထားသင့်တဲ့ အိတ် ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

The Quilted Bag


The Quilted Bag ကတော့ အသက် ၃၀ ကျော် အမျိုးသမီးတွေအတွက် မရှိမဖြစ်ပါပဲ။ ဘယ်လိုအဝတ်အစား ဖက်ရှင်မျိုးနဲ့ပဲဖြစ်ဖြစ် အရမ်းလိုက်ဖက်တဲ့အိတ်ပါ။

The Shoulder Bag


ဒါလည်း အသက် ၃၀ ကျော် အမျိုးသမီးတွေအတွက် မရှိမဖြစ်အိတ်ပါပဲ။ The Shoulder Bag ကျတော့ လွယ်ထားရင် တည်ငြိမ်ပြီးလှတဲ့ look မျိုးရစေလို့ မိန်းကလေးတိုင်းနဲ့ အရမ်းလိုက်ပါတယ်။

The Carry-All Tote Bag


ပစ္စည်းအစုံထည့်လို့ရတဲ့ Tote Bag အကြီးတစ်လုံးလည်း ရှိထားသင့်ပါတယ်။ တခြားနေရာမလွယ်ချင်ရင်တောင် ခရီးသွားတဲ့အခါမျိုးမှာဆို အရမ်းအသုံးဝင်တဲ့အိတ်ပါ။ ဒါ့အပြင် အသက် ၃၀ ကျော် မိခင်တွေအတွက်ဆိုလည်း ပစ္စည်းပေါင်းစုံထည့်လို့ရတာကြောင့် မရှိမဖြစ်ပါပဲ။

The Mini Bag


အခုနောက်ပိုင်းမှာဆိုရင် Mini Bag လေးတွေကလည်း အရမ်းကိုခေတ်စားနေတာပါ။ ဒါကြောင့် ဖက်ရှင်ကျကျလေးနေရတာကိုကြိုက်ရင် အသက် ၃၀ ကျော် အမျိုးသမီးတွေအတွက် Mini Bag လေးလည်း လိုပါတယ်။

The Evening Bag


The Evening Bag ကတော့ ပွဲတက်ဘာညာအတွက် အရမ်းအသုံးဝင်တာကြောင့် အသက် ၃၀ ကျော် အမျိုးသမီးတွေမှာ ဒီအိတ်လေးလည်း ဆောင်ထားသင့်ပါတယ်။


#အလှအပရေးရာ
#fashion

Some text some message..