ဝက်ခြံသမားများအတွက်အရေပြားဆရာဝန်တွေကိုယ်တိုင်ညွှန်းထားတဲ့ Moisturizer (၁၀) မျိုး
mystylemyanmar.com
|
2021-09-18

Moisturizer ကတော့ မဖြစ်မနေလိမ်းဖို့လိုတဲ့ skincare step ဖြစ်ပါတယ်။ ဒါပေမယ့် ဝက်ခြံသမားတွေကျတော့ တွေ့တဲ့ moisturizer လိမ်းလို့မရပါဘူး။ မတည့်ရင် ဝက်ခြံပိုဆိုးလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ချလက်ချသုံးလို့ရအောင် ဝက်ခြံသမားများအတွက် အရေပြားဆရာဝန်တွေ ကိုယ်တိုင်ညွှန်းထားတဲ့ moisturizer (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Origins Clear Improvement Pore Clearing Moisturizer


Best overall အဖြစ်နဲ့ သတ်မှတ်ထားတဲ့ moisturizer ပါ။ ဝက်ခြံလည်းရှိတယ်၊ ဆားဝက်ခြံလည်းရှိတယ်၊ ချွေးပေါက်ကျယ်တာတွေလည်း ရှိတယ်ဆိုရင်တော့ ဒီ moisturizer ကိုသာ ရွေးချယ်ပါ။

Neutrogena Oil-Free Moisture with Sunscreen


Budget ထဲကသုံးချင်တယ်ဆိုရင်တော့ ဒီ moisturizer ကို သုံးလို့ရပါတယ်။ ဒါပေမယ့် သူက sunscreen ပါတာကြောင့် မနက်ပိုင်းပဲသုံးသင့်ပါတယ်။ ညဘက်မသုံးသင့်ပါဘူး။ oil free ဖြစ်တာကြောင့် အဆီပြန်ပြီး ဝက်ခြံရှိတဲ့သူတွေအတွက် သင့်တော်ပါတယ်။

Neutrogena Hydro Boost Gel-Cream with Hyaluronic Acid


Budget ထဲက နောက်ထပ် နာမည်ကြီး moisturizer ဖြစ်ပါတယ်။ သူကတော့ မနက်၊ ည လိမ်းလို့ရပါတယ်။ hyaluronic acid ပါလို့ ရေဓာတ်ကောင်းကောင်းဖြည့်ပေးနိုင်ပါတယ်။ လိမ်းလိုက်ရင် အေးအေးလေးနဲ့မို့ all skin type သုံးလို့ရပါတယ်။

La Roche-Posay Effaclar Mat Oil-Free Mattifying Moisturizer


သူလည်း oil free ဖြစ်တာကြောင့် အဆီပြန်ဝက်ခြံသမားများအတွက် အရမ်းကောင်းပါတယ်။ ဒါ့အပြင် ချွေးပေါက်တွေပါ ကျဉ်းလာစေပါတယ်။ ဝက်ခြံတွေထပ်မပွားအောင်လည်း ကာကွယ်ပေးပါတယ်။

Bioderma Sébium Pore Refiner Cream


Acne-prone skin တွေအတွက် အရမ်းကောင်းပါတယ်။ ချွေးပေါက်တွေကိုကျဉ်းသွားစေပြီး အသားအရေကို bright ဖြစ်စေပါတယ်။ ဒါပေမယ့် ညဘက်မလိမ်းပဲ၊ မနက်ဘက်လိမ်းပေးတာ ပိုကောင်းပါတယ်။

CeraVe Daily Moisturizing Lotion


အသားခြောက်တဲ့သူတွေအတွက် အရမ်းကောင်းတဲ့ moisturizer ပါ။.အသားခြောက်တဲ့သူတွေအပြင် combination skin တွေအထိပါ သုံးလို့ရပါတယ်။ ဝက်ခြံသမားတွေဆိုလည်း စိတ်ချလက်ချသုံးလို့ရပြီး ရေဓာတ်ကောင်းကောင်းဖြည့်ပေးတဲ့ moisturizer ဖြစ်ပါတယ်။

Renee Rouleau Skin Recovery Lotion


ဝက်ခြံရှိပြီး sensitive ဖြစ်တဲ့အသားအရေအတွက် အရမ်းကောင်းတဲ့ moisturizer ပါ။ ရေဓာတ်ကောင်းကောင်းဖြည့်ပေးပြီး ဝက်ခြံတွေ သက်သာလာစေပါတယ်။

Cetaphil Moisturizing Lotion


Sensitive ဖြစ်တဲ့အသားအရေတွေနဲ့ ဝက်ခြံသမားတွေအတွက် အရမ်းကောင်းတဲ့ moisturizer ဖြစ်ပါတယ်။ oil free ဖြစ်တာကြောင့် အဆီပြန်တဲ့သူတွေပါ သုံးလို့ရပါတယ်။

Dr. Jart+ Teatreement Moisturizer


Tea tree နဲ့လုပ်ထားတဲ့ moisturizer ဖြစ်တာကြောင့် ဝက်ခြံသမားများအတွက် အရမ်းကောင်းပါတယ်။ ဝက်ခြံတွေကိုသက်သာစေပြီး ရေဓာတ်ဖြည့်ပေးပါတယ်။

Tatcha The Water Cream


Gel type moisturizer ဖြစ်လို့ ဝက်ခြံသမားတွေနဲ့ အဆီပြန်တဲ့သူတွေပါ သုံးလို့ရပါတယ်။ ရေဓာတ်ဖြည့်ပေးပြီး glowing skin ကို ရရှိစေပါတယ်။


#အသားအရေ
#အလှအပရေးရာ

Some text some message..