အမြဲတမ်းနှုတ်ခမ်းခြောက်ပြီးကွဲတတ်တဲ့သူတွေအတွက် အကောင်းဆုံး Lip Balm များ
mystylemyanmar.com
|
2021-09-21

ကိုယ်ကနှုတ်ခမ်းခြောက်ပြီး ကွဲတတ်တဲ့သူဆိုရင်တော့ lip balm ကို မဖြစ်မနေသုံးပေးဖို့ လိုပါတယ်။ မသုံးပဲထားရင်တော့ နှုတ်ခမ်းကွဲတာတွေက ပိုဆိုးလာပြီး အဖတ်တွေလန်တာ၊ လန်နေတာတွေကိုခွာလို့ သွေးထွက်တာတွေဖြစ်ပြီး ဘတ်တီးရီးယားတွေ ဝင်နိုင်ပါတယ်။ အဲ့အခါကျရင် ပိုဆိုးလာမှာပါ။ ဒါကြောင့် အမြဲတမ်း နှုတ်ခမ်းခြောက်ပြီး ကွဲတတ်တဲ့သူတွေအတွက် အကောင်းဆုံး lip balm (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။

Biossance Squalane + Rose Vegan Lip Balm


Allure ရဲ့ အကောင်းဆုံး lip balm ထဲမှာ နံပါတ်တစ်ပါပဲ။ နှုတ်ခမ်းကို လိုအပ်တဲ့အာဟာရဓာတ်ပေးပြီး နှုတ်ခမ်းသား နူးညံ့ချောမွေ့စေပါတယ်။ နှုတ်ခမ်းခြောက်တာ၊ ကွဲတာတွေကိုလည်း သိသိသာသာကို သက်သာသွားစေပါတယ်။ ပုံမှန်စွဲသုံးပေးရင် နှုတ်ခမ်းခြောက်တာမျိုး ဖြစ်တော့မှာမဟုတ်ပါဘူး။

Summer Fridays Lip Butter Balm


Botanical butters, shea, murumuru seed တို့နဲ့ အဓိကပြုလုပ်ထားတာဖြစ်လို့ ခြောက်သွေ့တဲ့နှုတ်ခမ်းသားအတွက် အရမ်းကောင်းပါတယ်။ နှုတ်ခမ်းသားကို hydration ပေးနိုင်ပြီး နှုတ်ခမ်းကွဲအက်တာတွေကို သက်သာလာစေပါတယ်။ သူကတော့ Allure မှာ နံပါတ် ၂ ပါပဲ။

Skin Regimen Lip Balm


ဒီ lip balm ကလည်း နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲတာအတွက် အရမ်းကောင်းပါတယ်။ သူ့ကိုဆိုးထားလိုက်ရင် တစ်နေကုန်လုံး နှုတ်ခမ်းသားက hydrated ဖြစ်ပြီး စိုပြည်နေမှာပါ။

Lather Lip Conditioning Balm


ညအိပ်ယာမဝင်ခင်မှာ ဒီ lip balm ကို လိမ်းပေးမယ်ဆိုရင်တော့ မနက်မိုးလင်းတာနဲ့ နှုတ်ခမ်းသားက နူးညံ့ချောမွေ့ပြီး hydrating ဖြစ်နေမှာပါ။ နှုတ်ခမ်းအစိုဓာတ်လည်း ကြာရှည်ခံစေလို့ နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲတာကို သက်သာစေပါတယ်။

Irene Forte Pistachio Lip Balm


ဒီ lip balm ကတော့ နှုတ်ခမ်းသားကို အစိုဓာတ်ပေးလို့ ခြောက်သွေ့အက်ကွဲတာတွေကို သက်သာစေပါတယ်။ ပုံမှန်လိမ်းပေးမယ်ဆိုရင်တော့ နှုတ်ခမ်းသားက နူးညံ့ချောမွေ့ပြီး ခြောက်သွေ့အက်ကွဲတာမျိုးလည်း မဖြစ်တော့ပါဘူး။ ဒါ့အပြင် နှုတ်ခမ်းသားပျက်စီးတာကိုပါ သက်သာပျောက်ကင်းစေပါတယ်။

source:www.allure.com


#အလှအပရေးရာ
#နှုတ်ခမ်း

Some text some message..