ဝက်ခြံထွက်ပြီး ကျန်ခဲ့တဲ့ချိုင့်ခွက်အမာရွတ်တွေကို ပျောက်အောင်လုပ်နိုင်မယ့်နည်းလမ်း ၅ မျိုး
mystylemyanmar.com
|
2021-09-21

ဝက်ခြံနည်းနည်းပဲထွက်တာဆိုရင်တော့ ကြာရင် အမာရွတ်က ဖြေးဖြေးချင်းပါးသွားမှာပါ။ ဒါပေမယ့် ဝက်ခြံအများကြီးထွက်တဲ့သူတွေကျ ဝက်ခြံပျောက်သွားပြီးရင် ချိုင့်ခွက်နဲ့ အမာရွတ်တွေက အများကြီးကျန်ခဲ့တာပါ။ ဒါကြောင့် ဝက်ခြံထွက်ပြီး ကျန်ခဲ့တဲ့ ချိုင့်ခွက်အမာရွတ်တွေကို သေချာထိထိရောက်ရောက်နဲ့ ပျောက်အောင်လုပ်နိုင်ပေးမယ့် နည်းလမ်း ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

Retinoids


ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်အတွက်တော့ retinoids က အရမ်းကောင်းပါတယ်။ သူက skin cell turnover rate ကို တိုးမြှင့်ပေးပြီး collagen ထုတ်လုပ်မှုကိုလည်း တိုးမြှင့်ပေးပါတယ်။ ဒါကြောင့် ဝက်ခြံတွေသက်သာဖို့ မြန်စေသလို ဝက်ခြံထွက်ပြီးကျန်ခဲ့တဲ့ အမာရွတ်တွေ ပျောက်တာလည်း မြန်စေပါတယ်။ ဒါကြောင့် retinoids skincare တွေကို သုံးပေးနိုင်ပါတယ်။

Micro-needling


Micro-needling ကတော့ သေးငယ်တဲ့အပ်လေးနဲ့ အရေပြားကိုထိုးစိုက်ပြီး ကုသတာမျိုးပါ။ ဒီနည်းလမ်းက safe ဖြစ်ပြီး ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမာရွတ်တွေလည်း ပျောက်စေပါတယ်။ မြန်ဆန်တဲ့နည်းလမ်းတွေကို ကြိုက်ရင်တော့ ဒီလို treatment တွေလုပ်တာက ပိုကောင်းပါတယ်။

Chemical peel


Chemical peel လုပ်တာကတော့ အပေါ်ယံ dead skin layer ကို အသစ်ပြန်ဖြစ်စေပြီး အမဲစက်နဲ့ အမာရွတ်တွေ၊ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို သိသိသာသာ ပျောက်သွားစေပါတယ်။ မြန်ဆန်ထိရောက်တဲ့ နည်းလမ်းကြိုက်ရင် ဒီနည်းလမ်းကိုလည်း ရွေးချယ်နိုင်ပါတယ်။

Mild exfoliation


ကိုယ်သုံးနေကျ skincare step ထဲမှာ mild exfoliation ကို တစ်ပတ်တစ်ခါ ပုံမှန်ထည့်လုပ်ပေးမယ်ဆိုရင်လည်း ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ်တွေ ဖြေးဖြေးချင်းပါးလာပြီး ပျောက်သွားမှာပါ။ ဒါကတော့ အချိန်ယူလုပ်ပေးရမယ့် နည်းလမ်းဖြစ်ပါတယ်။

Vitamin C


အမဲစက်နဲ့အမာရွတ်အတွက်ဆိုရင် Vitamin C က နာမည်ကြီးပါပဲ။ အသားအရေကို ပုံမှန်ထက်ပိုပြီး bright ဖြစ်လာစေတယ်၊ ကြည်ပြီးဖြူလာစေတယ်။ အမဲစက်နဲ့ အမာရွတ်တွေ ပါးပြီး ပျောက်သွားစေပါတယ်။ ဒါလည်း အချိန်ယူပြီးစွဲသုံးပေးရမှာပါ။


#အသားအရေ
#အလှအပရေးရာ

Some text some message..