ရှေ့ဆံပင်ညှပ်ချင်သူတွေ စမ်းကြည့်သင့်တဲ့ အမျိုးသမီး Kpop Idol တွေရဲ့တစ်မူထူးခြားတဲ့ Bang စတိုင်များ
mystylemyanmar.com
|
2021-09-28

ရှေ့ဆံမြိတ်ချတဲ့ဆံပင်ပုံစံက အသက်ငယ်သွားသလို ဖြစ်စေတဲ့အပြင် ဘယ်တော့မှမရိုးတဲ့ဆံပင်စတိုင်မျိုးပါပဲ။ ဆံပင်စတိုင်အမျိုးမျိုးညှပ်ပြီးလှနေတတ်ကြတဲ့ အမျိုးသမီး Kpop Idol တော်တော်များများကလည်း သူတို့ရဲ့ ချစ်စရာကောင်းတဲ့အသွင်ပေါ်ဖို့ Bang ချတဲ့ ဆံပင်မျိုးထားလေ့ရှိကြပါတယ်။ အခုနောက်ပိုင်း အမျိုးသမီး Idol တွေက ရိုးရိုးဆံပင်အတိချတဲ့ Bang မျိုး မဟုတ်ဘဲ တစ်မူထူးပြီးထင်းနေစေမယ့် ဆံမြိတ်ပုံစံတွေထားလာတာကိုလည်းတွေ့ရပါတယ်။ ဒီလို Bang စတိုင်တွေက အခုခေတ်မိန်းကလေးတွေနဲ့လည်း လိုက်ဖက်စေမှာဖြစ်လို့ Bang ကိုမှ ခပ်ဆန်းဆန်းလေးတွေ စမ်းညှပ်ကြည့်ချင်ကြတဲ့ ပျိုမေတို့အတွက် Idol တွေညှပ်လေ့ရှိကြတဲ့ ရှေ့ဆံပင်စတိုင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ Princess Cut/ Hime Cut


Princess Cut ကအထပ်ကေတစ်မျိုးဖြစ်ပြီး ရှေ့ဆံပင်တစ်ထပ်ကို Bang နဲ့အတူ မေးစေ့မကျော်စေဘဲ တိုတိုကပ်ကပ်လေးညှပ်ပြီး အနောက်တစ်ထပ်ကိုတော့ အရှည်ထားပေးတာမျိုးပါ။ ဂျပန်မလေးလို ချစ်စရာကောင်းတဲ့ Bang ပုံစံလေးပဲဖြစ်ပါတယ်။


၂။ Curled Bangs


ရှေ့ဆံပင်ကို ဘေးနှစ်ဖက်ခွဲပြီးအကောက်လိပ်လေးဖော်ထားတဲ့ Bang ပုံစံကလည်း အရုပ်မလေးလို ချစ်စရာကောင်းစေပါတယ်။ ဆံပင်ကောက်တဲ့မိန်းကလေးတွေနဲ့လိုက်ဖက်တဲ့ Hairstyle လေးဖြစ်ပြီး ဆံပင်အဖြောင့်သမားတွေကတော့ ဘေးဘက်ကိုခပ်ကွေးကွေးဖြစ်နေဖို့ပုံသွင်းပေးရပါမယ်။ SNSD အဖွဲ့ဝင် Taeyoon, (G)I-DLE အဖွဲ့ဝင် Yuqi တို့က Curled Bang နဲ့လိုက်ဖက်တဲ့ Idol တွေဖြစ်တာကြောင့် သူတို့လို မျက်နှာပေါက်ရှိတဲ့မိန်းကလေးတွေအနေနဲ့ ဒီဆံပင်ပုံစံလေးကိုစမ်းကြည့်သင့်ပါတယ်။


၃။ See-Through Bangs


See-Through Bangs က ဆံပင်အထူ Full Bangs တွေလိုနဖူးတစ်ပြင်လုံးမဖုံးဘဲ ရှေ့ဆံပင်ခပ်ပါးပါး ချထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ Idol တော်တော်များများထားလေ့ရှိတဲ့ပုံစံဖြစ်ပြီး ငယ်ရွယ်တဲ့ပုံစံနဲ့ ပေါ့ပေါ့ပါးပါးလှနေစေမယ့်ဆံပင်စတိုင်လေးဖြစ်ပါတယ်။


၄။ Choppy Bangs


သူကရှေ့ဆံပင်ကို မျက်ခုံးအထက်ရောက်တဲ့အထိ ခပ်တိုတိုညှပ်ပေးရတာပါ။ မညီမညာပုံစံလေး ညှပ်ပေးရမှာဖြစ်တဲ့အတွက် သာမာန်နဲ့မတူဘဲ တစ်မူထူးပြီးထင်းထွက်နေမယ့်အပြင် ကလေးလေး တစ်ယောက်လို ချစ်စရာကောင်းစေတဲ့ဆံပင်ပုံစံဖြစ်ပါတယ်။


၅။ Puppy Bangs


Puppy လေးတွေလိုအမွှေးပွပွလေးနဲ့ချစ်စရာကောင်းစေတဲ့ဆံပင်စတိုင်လေးဖြစ်ပြီး ရှေ့ဆံပင်အကောက်ကိုမှ ဖွထားတဲ့ပုံစံဖြစ်ပါတယ်။


၆။ Onion Bangs


နဖူးပေါ်ကနေ ဆံပင်အတိုအပါးကိုမှ ကြက်သွန်ပင်ရဲ့အမြစ်တွေလို ဆံသားအမျှင်ဝဲ၀ဲလေးတွေကျနေတဲ့ Onion Bang ပုံစံမျိုးကလည်း မိန်းကလေးဆန်ဆန်နဲ့ချစ်စရာကောင်းစေတဲ့အပြင် Bang အထူကြီးမချချင်တဲ့ မိန်းကလေးတွေအတွက်လည်း အဆင်ပြေစေမယ့် ဆံပင်ပုံစံလေးဖြစ်ပါတယ်။


Photo Source: Pinterest

By MyStyleMyanmar


#ဆံပင်ပုံစံ
#K-Pop

Some text some message..