အသားခြောက်တဲ့ Dry Skin တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Skincare (၆) မျိုး
mystylemyanmar.com
|
2021-09-29

အသားခြောက်တဲ့ dry skin တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ skincare (၆) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ အသားခြောက်တဲ့သူတွေက skincare သေချာမလုပ်ရင် အသားပိုခြောက်ပြီး အသားအရေမွဲတာ၊ ညစ်တာတွေဖြစ်ပြီး မိတ်ကပ်လိမ်းရင်လည်း လုံးဝအဆင်မပြေပါဘူး။ ဒါကြောင့် လိုအပ်တဲ့ skincare တွေကို သေချာပုံမှန်လိမ်းပြီး ဂရုစိုက်ပေးမှသာ အသားအရေက ရေဓာတ်ပြည့်ပြီး စိုစိုကြည်ကြည်လေး ဖြစ်နေမှာပါ။

Cleansing


Cleansing step ကတော့ အသားခြောက်တဲ့သူမှမဟုတ်ပါဘူး။ အသားအရေတိုင်းအတွက် အရေးကြီးတဲ့ step ပါ။ မိတ်ကပ်လိမ်းသည်ဖြစ်စေ၊ မလိမ်းသည်ဖြစ်စေ makeup remover (သို့) micellar cleansing water နဲ့ဖျက်ပြီးတော့မှ facial foam နဲ့ မျက်နှာသစ်ပေးပါ။

Toner


အသားခြောက်တဲ့သူတွေက toner သုံးတဲ့အခါမှာ hydration toner မျိုးကို ရွေးသုံးပေးသင့်ပါတယ်။

Serum (or) Ampoule


အသားခြောက်တဲ့သူတွေက ရေဓာတ်ပြည့်ပြီး အသားအရေစိုစိုကြည်ကြည်လေး ဖြစ်ချင်တယ်၊ glow ချင်တယ်ဆိုရင် serum (or) ampoule သုံးပေးဖို့ လိုပါတယ်။

Moisturizer


အသားအရေတိုင်းအတွက် moisturizer ကတော့ မရှိမဖြစ်ပါပဲ။ ဒါပေမယ့် အသားခြောက်တဲ့ dry skin သမားတွေကျတော့ gel type ကိုမလိမ်းပဲ cream type, lotion type moisturizer တွေကို သုံးပေးတာက ပိုအဆင်ပြေပါတယ်။

Body Lotion


မျက်နှာကိုပဲ skincare လုပ်နေလို့မရပါဘူး။ body ကိုလည်း care ပေးဖို့လိုပါတယ်။ ဒါကြောင့် အသားခြောက်တဲ့သူတွေက body lotion ကို အစိုဓာတ်ကောင်းကောင်းပေးနိုင်တာမျိုး သုံးပေးပါ။ body butter တွေသုံးပေးရင်တော့ ပိုကောင်းပါတယ်။

Exfoliation


ကိုယ်လိမ်းတဲ့ skincare တွေရဲ့ အာနိသင်တွေ ပိုပြီးထိရောက်စေဖို့နဲ့ အသားအရေကြည်လင်စေဖို့၊ ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့အတွက် မျက်နှာနဲ့ body ကို တစ်ပတ်တစ်ခါ exfoliation လုပ်ပေးရပါမယ်။


#အသားအရေ
#အလှအပရေးရာ

Some text some message..