ဆံပင်အနက်နဲ့ လိုက်ဖက်တဲ့ Highlight Color များ
mystylemyanmar.com
|
2021-10-01

သင်က တစ်ခေါင်းလုံးကို Bleach မလုပ်ချင်ပေမယ့် အရောင်ဆန်းဆန်းလေး လိုချင်တယ်ဆိုရင်တော့ Highlight ဖောက်သင့်ပါတယ်။ Highlight ဖောက်တဲ့ နေရာပဲ ချွတ်ဆေးထိရမှာကြောင့် သင်က ဆံပင်ကို Chemical အများကြီး မထိချင်ရင် ဒီနည်းလမ်းနဲ့ သင့်တော်ပါတယ်။ သင့်မှာရှိတဲ့ နဂိုဆံပင် အနက်ရောင်နဲ့ လိုက်ဖက်တဲ့ Highlight Color တွေကို ကြည့်လိုက်ရအောင်နော်-

Blonde Highlight

သင်က အသားအရေရောင်ကို ပိုလင်းသွားစေချင်ရင် Blonde Highlight ကို ဆိုးသင့်ပါတယ်။ Blonde Color တွေကCool Skin Tone ပိုင်ရှင် ပျိုမေတို့နဲ့ လိုက်ဖက်ပါတယ်။



Caramel Highlight

ကြည့်လိုက်တာနဲ့ သိသိသာသာ ထင်းထွက်စေမယ့် အရောင်မျိုးလိုချင်ရင်တော့ Caramel အရောင်ကို ဖောက်သင့်ပါတယ်။ Caramel အရောင် ဖောက်မယ်ဆိုရင်တော့ ဆံပင်အရှည် အလယ်လောက်ကနေ စဖောက်သင့်ပါတယ်။


Brown Highlight

သင်က အရောင်အတောက်ကြီးတွေ မကြိုက်ဘူးဆိုရင်တော့ အနက်ပေါ်မှာ အညို Highlight ဖောက်နိုင်ပါတယ်။ ဒီအရောင်က ဆံပင် အများကြီးမထိန်းသိမ်းချင်တဲ့ သူတွေနဲ့ သင့်တော်ပါတယ်။



Platinum Highlight

သင့်အသားအရေက ခပ်ဖျော့ဖျော့ဘက်သွားတယ်ဆိုရင် Platinum Color ကို ဖောက်သင့်ပါတယ်။ Platinum ကအခုနောက်ပိုင်း အဆိုးများလာတဲ့ Trendy Highlight ဖြစ်ပါတယ်။



Burgundy Highlight

အနီဘက်သွားတဲ့ Burgundy Highlight က အသားညိုတဲ့ ပျိုမေတို့နဲ့ လိုက်ဖက်ပြီး ခေါင်းလှုပ် ဆံပင်ခါ လိုက်တဲ့အချိန်တိုင်း ကြည့်မဝ ဖြစ်စေမှာပါ။



Copper Highlight

ကြေးနီရောင် Highlight က နဂိုအောက်ခံအနက်ရောင်ကို ဖုံးကွယ်ပေးပြီး သင့်ကို ပိုတောက်ပစေမှာပါ။


Red Highlight

အနီရောင် အတောက်လေးက အနက်နဲ့ လိုက်ဖက်တဲ့ Highlight ဖြစ်ပြီး သင့်ကို ဆွဲဆောင်မှုရှိရှိ လှစေပါလိမ့်မယ်။


ခရမ်းရောင်

ခရမ်းရောင်က ပျိုမေတို့ကြား အဆိုးများလာတဲ့ Crazy Color ပါ။ ခရမ်းရောင်ကိုမှ အနုအရင့် နှစ်ရောင်သုံးရောင်ဖောက်ဆိုးနိုင်တာကြောင့် သင့်ဆံပင်အနက်ကို ဆန်းဆန်းလေး ဖြစ်စေမှာပါ။



ဆံပင်အရောင်ချွတ်တာက ဆေးအမျိုးအစားအလိုက် အနည်းနဲ့ အများ ပျက်စီးနိုင်တာမို့ ပျိုမေတို့အနေနဲ့ ဆံပင်ကိုသေသေချာချာ ထိန်းသိမ်းဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#အသားအရေ
#ဆံပင်
#အလှအပရေးရာ

Some text some message..