ဓာတ်ပုံရိုက်တဲ့အခါ အထာကျပြီးမိမိုက်နေစေမယ့် အလန်းစားပို့စ်ပေးနည်းလေးတွေ
mystylemyanmar.com
|
2021-10-03

တချို့ကျတော့ ဓာတ်ပုံရိုက်ရင် ချစ်စရာကောင်းတဲ့ပုံစံလေးရိုက်ရတာကို ကြိုက်ကြပြီး တချို့ကျပြန်တော့လည်း အထာကျကျနဲ့ မိမိုက်နေတာမျိုးလေးတွေရိုက်ရတာကို ပိုသဘောကျကြပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်တဲ့အခါမှာ အထာကျပြီးမိုက်နေစေမယ့် ပို့စ်ပေးနည်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။

လမ်းမမှာထိုင်ပြီးရိုက်တဲ့ပုံတွေ တော်တော်များများက အထာကျတာကို တွေ့ရပါတယ်။ ဒါပေမယ့် Sexy ကျတာမျိုးမရိုက်ပဲ အထာကျကျနဲ့ မိုက်စေမယ့်ပို့စ်မျိုးကိုပဲ ရိုက်ပါ။



ထိုင်ပြီးဓာတ်ပုံရိုက်ချင်ပေမယ့် ဘယ်လိုထိုင်ရမလဲမသိရင်တော့ ဒီပုံလေးကိုသာကြည့်လိုက်ပါ။ အရမ်းမိုက်ပါတယ်။ ဖက်ရှင်ကိုတော့ ဂရုစိုက်ပေးဖို့ လိုမယ်နော်။



ဆွယ်တာလေးတွေဝတ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ဘောင်းဘီရှည်လေးတွေဝတ်တဲ့အခါမှာပဲဖြစ်ဖြစ် ဒီလိုလေးထိုင်ရိုက်တာက မိုက်ပါတယ်။


ဒီလိုလေးထိုင်ရိုက်တာကတော့ တော်တော်လေးကို အထာကျပြီးမိုက်နေတဲ့ ပို့စ်ပေးနည်းလေးပါပဲ။


ခရီးသွားတဲ့အခါမျိုးမှာဆိုရင် ချစ်စရာကောင်းတဲ့ဖက်ရှင်တွေမဝတ်ပဲ အထာကျတာမျိုးကိုဝတ်ပြီး လေဆိပ်မှာ ဒီလိုလေးပို့စ်ပေးပြီး ထိုင်ရိုက်ကြည့်ပါ။


ထိုင်မရိုက်ချင်ရင်လည်း ခပ်မိုက်မိုက်ဖက်ရှင်လေးတွေဝတ်ပြီး လေဆိပ်မှာ ဒီလိုလေးပို့စ်ပေးလို့ရပါသေးတယ်။


စကိတ်လေးကိုင်ပြီး ဓာတ်ပုံရိုက်တာကလည်း ချစ်စရာကောင်းပြီး မိုက်နေစေပါတယ်။



ဒီလိုလေးပို့စ်ပေးပြီး ဘေးဘက်ကနေရိုက်ရင်လည်း အရမ်းမိုက်ပါတယ်။



Photo Source: Pinterest


#ဖက်ရှင်
#ဘောင်းဘီ
#ဓာတ်ပုံ

Some text some message..