Dark skin tone တွေနဲ့လိုက်ဖက်တဲ့ လက်သည်းနီအရောင် ၁၀ မျိုး
mystylemyanmar.com
|
2021-10-11

ဒီတစ်ခါမှာတော့ လက်သည်းနီဆိုးရတာကို သဘောကျတဲ့ မိန်းကလေးတွေထဲကမှ dark skin tone တွေနဲ့လိုက်ဖက်တဲ့ လက်သည်းနီအရောင် ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်က dark skin tone ဖြစ်နေလို့ဆိုပြီး အရောင်တောက်တာတွေကို မဆိုးရဲတာမျိုးမဖြစ်ပါနဲ့။ တချို့အရောင်တွေက ဖက်ရှင်ကျပြီး မိုက်သွားစေပါတယ်။

Milky Cappuccino


Dark skin tone တွေအတွက် ဆွဲဆောင်မှုရှိပြီး အရမ်းလှတဲ့အရောင်လေး ဖြစ်ပါတယ်။ အရောင်ငြိမ်တာကြိုက်သူတွေအတွက်တော့ ကွက်တိပါပဲ။

Sage Green


Dark skin tone တွေက အစိမ်းရောင်တွေနဲ့ လိုက်ဖက်ပါတယ်။ လက်သည်းနီထဲမှာဆိုရင်တော့ sage green အရောင်လေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။

Inky Plum


Inky plum အရောင်လေးက အရမ်းလှပြီး ရှားတဲ့အရောင်လေးပါ။ အသားအရောင်တိုင်းနဲ့ လိုက်ဖက်တဲ့အရောင်ဖြစ်ပါတယ်။

Bright Cherry Red


Dark skin tone ဖြစ်နေလို့ အရောင်တောက်တာတွေဆိုးရမှာကို မကြောက်ပါနဲ့။ ဒီလို

ight cherry red အရောင်လေးက dark skin tone တွေနဲ့ အရမ်းလိုက်ပါတယ်။

Bold Citrus


Bold citrus အရောင်လေးကလည်း တောက်ပြီး လူငယ်ဆန်တဲ့အရောင်လေး ဖြစ်ပါတယ်။ Dark skin tone တွေနဲ့လည်း လိုက်ဖက်ပါတယ်။

Rich Raspberry


Dark skin tone တွေအတွက်တော့ ဒီအရောင်လေးက လူငယ်ဆန်ပြီး sexy ကျစေတဲ့ အရောင်လေးမို့ အရမ်းလိုက်ပါတယ်။

Creamy Yellow


အသားမဲလို့ဆိုပြီး အဝါရောင်ကိုရှောင်တာမျိုးမလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရင် အရာအားလုံးအဆင်ပြေပါတယ်။ အဝါရောင်တွေထဲမှာဆိုရင် creamy yellow လေးက dark skin tone တွေနဲ့ လိုက်ဖက်ပါတယ်။

Earthy Amber


Earthy amber အရောင်လေးဆိုရင် dark skin tone,

own skin tone တွေနဲ့ အရမ်းလှတဲ့အရောင်လေးပါ။ အရောင်ငြိမ်ပြီး အရမ်းလှပါတယ်။

Hint Of Gray


Dark skin tone တွေအတွက်တော့ ဒီအရောင်လေးက classy ဆန်စေတဲ့ အရောင်လေးမို့ အရမ်းလိုက်ပါတယ်။

Cool Pastel Blue


Cool pastel blue အရောင်လေးက လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ Dark skin tone တွေနဲ့လိုက်ဖက်တဲ့ အရောင်တစ်ခုပါပဲ။


#အလှအပရေးရာ
#လက်သည်းနီ
#Darkskintone
#အရောင်၁၀မျိုး
#လိုက်ဖက်တဲ့အရောင်

Some text some message..