ခြေဖနောင့်ကွဲတာကိုသက်သာအောင် အိမ်မှာလုပ်လို့ရမယ့်နည်းလမ်းကောင်း ၅ ခု
mystylemyanmar.com
|
2021-10-24

ခြေဖနောင့်ကွဲတဲ့သူတွေအတွက် ခြေဖနောင့်ကွဲတာကို သက်သာအောင် အိမ်မှာပဲ အလွယ်တကူလုပ်လို့ရမယ့် နည်းလမ်းကောင်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။ ခြေဖနောင့်ကွဲတဲ့သူတွေအတွက်တော့ အရမ်းအသုံးဝင်စေမယ့် နည်းလမ်းတွေ ဖြစ်မှာပါ။

Vegetable Oil


Vegetable oil ကို ခြေဖနောင့်မှာလိမ်းပြီး လက်ချောင်းလေးတွေနဲ့ massage လုပ်နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ခြေအိတ်စွတ်ပြီး တစ်ညထားလိုက်ပါ။ မနက်ရောက်မှ ခြေဖဝါးကို ရေဆေးချလိုက်ပါ။

ငှက်ပျောသီးနဲ့ထောပတ်သီး


ငှက်ပျောသီးအမှည့်နဲ့ ထောပတ်သီးအမှည့်ကို ရောကြိတ်ပြီး ရလာတာကိုမှ ခြေဖနောင့်မှာလိမ်းထားပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေဆေးချလိုက်ရုံပါပဲ။

Petroleum Jelly


ဇလုံထဲကို ကိုယ်ခံနိုင်တဲ့အနေအထားလောက်ပူတဲ့ ရေနွေးထည့်ပြီး ခြေထောက်ထည့်စိမ်ထားပါ။ ၁၅ မိနစ်စိမ်ပြီးရင်တော့ ခြေထောက်တိုက်တဲ့ ကျောက်တုံးနဲ့ ခြေဖနောင့်ကို တိုက်ပေးပါ။ ပြီးရင်တော့ ရေဆေးချပြီး ခြောက်သွားရင် lotion လိမ်းပါ။ အပေါ်ကနေ petroleum jelly ထပ်လိမ်းပေးပါ။ ပြီးရင် ခြေအိတ်စွတ်ပြီး တစ်ညထားလိုက်ပါ။ မနက်ရောက်မှ ရေဆေးချလိုက်ပါ။

ဆန့်မှုန့်


ဆန့်မှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် – ၂ စက်နဲ့ apple cider vinegar တို့ကို ပျစ်ပျစ်လေးဖြစ်အောင်မွှေထားပါ။ ခြေထောက်ကို ရေနွေးနဲ့ ၁၀ မိနစ်စိမ်ပြီး အချိန်ပြည့်ရင် အဝတ်နဲ့သုတ်ပါ။ ပြီးရင်တော့ ခုနကမွှေထားတာတွေကို ခြေဖနောင့်မှာ ပွတ်လိမ်းပြီး scrub လုပ်ပေးပါ။ ၁၀ မိနစ်လောက်ကြာရင်တော့ ရေဆေးချလိုက်ရုံပါပဲ။

Tea Tree Oil


Tea tree oil – ၅ စက်နဲ့ သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကိုရောမွှေပြီး ခြေဖနောင့်မှာ စက်ဝိုင်းပုံစံလေး ပွတ်လိမ်းကာ လက်ချောင်းလေးတွေနဲ့ massage လုပ်ပေးပါ။ ၁၀ မိနစ်လောက်လုပ်ပြီးရင်တော့ ခြေအိတ်ဝတ်ပြီးအိပ်လိုက်ပါ။ မနက်ရောက်မှ ရေဆေးချပြီးသန့်စင်လိုက်ရုံပါပဲ။


#ရေနွေး
#နည်းလမ်းများ
#ခြေထောက်
#ထောပတ်သီး
#ငှက်ပျောသီး

Some text some message..