ကြည်လင်စိုပြေတဲ့အသားအရေအတွက် နေ့စဉ်မဖြစ်မနေပြုလုပ်ပေးရမယ့် အသားအရေထိန်းသိမ်းမှု (၇) မျိုး
mystylemyanmar.com
|
2021-10-29

အမြဲကြည်လင်ပြီး Glow နေတဲ့အသားအရေမျိုးကို မလိုချင်တဲ့သူရယ်လို့မရှိပါဘူး။ ဒီလိုဖြစ်ဖို့အတွက် ပြုလုပ်နေကျ အသားအရေထိန်းသိမ်းနည်းတွေက အရမ်းအရေးပါပါတယ်။ ဒီတစ်ခေါက်မှာ အသားအရေစိုပြေချင်တဲ့ ပျိုမေတိုင်း နေ့စဉ်မဖြစ်မနေလုပ်ပေးသင့်တဲ့ အသားအရေထိန်းသိမ်းနည်းတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။ ကိုယ်မလုပ်မိသေးတဲ့ အချက်တွေပါလာမလား စိတ်ဝင်စားရင်ကြည့်လိုက်ရအောင်နော်-

၁။ မျက်နှာသစ်တဲ့အခါသတိထားပေးပါ


br တော်တော်များများသိကြပေမယ့် အရေးတယူမလုပ်မိတဲ့ အသားအရေထိန်းသိမ်းနည်းကတော့ မျက်နှာကို စနစ်တကျဆေးကြောပေးခြင်းပဲဖြစ်ပါတယ်။ မျက်နှာသစ်ဆေးစိမ့်ဝင်ပြီးထိရောက်စေဖို့အတွက် လက်နှစ်ဖက်နဲ့ အမြုပ်ထွက်တဲ့အထိ အရင်ဆုံးပွတ်တိုက်ပြီးမှ မျက်နှာပေါ်ကို ဖြေးဖြေးချင်း စက်ဝိုင်းပုံပွတ်ပေးရပါမယ်။ မျက်နှာကိုအလျင်တလို ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်ပြီး ဆေးကြောမယ်ဆိုရင် ရေရှည်မှာ သင့်အသားအရေထိခိုက်လာနိုင်တာကို သတိထားပေးပါ။

၂။ Sunscreen ပုံမှန်လိမ်းဖို့အရေးကြီးပါတယ်


br နေလောင်ဒဏ်က အရွယ်မတိုင်ခင်အိုမင်းခြင်း၊ အရေးအကြောင်းပေါ်ခြင်းတွေအပြင် မထိန်းသိမ်းဘဲ အနေများတဲ့အခါမှာ အရေပြားကင်ဆာအထိဖြစ်နိုင်ချေရှိပါတယ်။ အရေးအကြောင်းကင်းပြီး အသားအရေစိုပြေစေဖို့ Sunscreen နဲ့ Moisturizer ကိုနေ့စဉ်မဖြစ်မနေအသုံးပြုပေးသင့်ပါတယ်။

၃။ ကိုယ့်အသားအရေနဲ့အဆင်ပြေတဲ့ ထုတ်ကုန်တွေရွေးချယ်အသုံးပြုပေးပါ


br အသားအရေကြည်လင်နေဖို့ ကိုယ့် Skin Type နဲ့အဆင်ပြေတဲ့ အလှအပထုတ်ကုန်တွေကိုရွေးချယ်ပြီး ပုံမှန်သုံးဖို့လည်း လိုပါတယ်။ ဥပမာ အသားခြောက်တတ်တဲ့သူဆိုရင် မျက်နှာသန့်စင်တဲ့အခါမှာ အစိုဓာတ်ထိန်းပေးနိုင်တဲ့ Cream Cleanser တွေကိုအသုံးပြုပေးပါ။ အဆီပြန်တတ်တဲ့ အသားအရေ ရှိသူတွေအနေနဲ့ Salicylic Acid နဲ့ အသီးကရတဲ့အဆီအနှစ်တွေပါတဲ့ Cleanser မျိုးကို အသုံးပြုပေးသင့်ပြီး တစ်ပတ်တစ်ခါ Scrub တိုက်ပေးသင့်ပါတယ်။ Sensitive Skin သမားတွေကတော့ အဆီနဲ့ အနံ့မပါဝင်တဲ့ သဘာဝထုတ်ကုန်မျိုးကို ရွေးချယ်သုံးဖို့အကြံပြုချင်ပါတယ်။

၄။ Estrogen ဟော်မုန်းတက်အောင်လုပ်ပါ


br Estrogen ကအသားအရေနူးညံ့ချောမွတ်စေဖို့ကူညီပေးနိုင်တဲ့ ဟော်မုန်းဓာတ်တစ်မျိုးဖြစ်ပါတယ်။ သူကအသက်အရွယ်ရလာတာနဲ့အမျှ ပမာဏလျော့နည်းလာတတ်တာကြောင့် သဘာဝအတိုင်း Estrogen ဟော်မုန်းတက်စေဖို့ အစိမ်းရောင်အသီးအရွက်တွေကိုပုံမှန်စားသုံးပေးဖို့လိုပါတယ်။

၅။ ရေလုံလောက်အောင်သောက်ပါ


br နောက်ထပ်အသားအရေစိုပြေစေတဲ့နည်းလမ်းက ရေများများသောက်တဲ့အကျင့်ရှိခြင်းပါပဲ။ အရေပြားကျွမ်းကျင်ပညာရှင်တွေက အသားအရေစိုပြေစေဖို့ တစ်နေ့ကို ရေ (၈) ခွက်ပြည့်အောင်သောက်သုံးသင့်တယ်လို့အကြံပြုထားပါတယ်။

၆။ အချိုလျှော့စားပါ


br အချိုများတဲ့အစားအစာတွေက အရေပြားဆဲလ်တွေကိုပျက်စီးစေပြီး အရွယ်မတိုင်ခင်အိုမင်းစေပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာကျန်းမာပြီး ကြည်လင်တဲ့အသားအရေရရှိဖို့ နေ့စဉ်သကြားပါဝင်မှုများတဲ့ အစားအစာတွေကို လျှော့စားပေးသင့်ပါတယ်။

၇။ အသားအရေအတွက် အဆီဓာတ်ရရှိဖို့လည်း လိုပါတယ်


အဆီများတဲ့ အစားအစာတွေကဝိတ်တက်တဲ့အပြင် အသားအရေကိုပါထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ Omega 3 လိုအဆီဓာတ်တွေကတော့ အသားအရေချောမွေ့ပြီးနုပျိုစေဖို့ ကူညီပေးနိုင်တာကြောင့် တူနာငါး၊ ဆာမွန်ငါး၊ အစေ့အဆံအမျိုးမျိုး၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီးနဲ့ ထောပတ်သီးစတဲ့ Omega 3 ပါဝင်တဲ့ အစားအသောက်တွေကိုတော့ ထည့်သွင်းစားသုံးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#အသားအရေ
#မျက်နှာ
#skin
#ထိန်းသိမ်းနည်း
#sunscreen

Some text some message..