အသားဖြူတဲ့ကောင်မလေးတွေနဲ့လိုက်ဖက်တဲ့ ဆံပင် Color များ
mystylemyanmar.com
|
2021-10-31

အသားဖြူတဲ့ ကောင်မလေးတွေနဲ့လိုက်ဖက်တဲ့ ဆံပင် color တွေကို ဖော်ပြပေးလိုက်ပါတယ်။ အသားဖြူတဲ့ ကောင်မလေးတွေအနေနဲ့ ဆံပင်အရောင်ဆိုးဖို့ ဘာ color ရွေးရမလဲဆိုတာ စဉ်းစားရခက်နေရင် ဒီအရောင်လေးတွေထဲကသာ ရွေးချယ်လိုက်ပါ။ အရမ်းလည်းလှသလို မိုက်လည်းမိုက်တဲ့ color လေးတွေ ဖြစ်ပါတယ်။

အသားဖြူတဲ့ကောင်မလေးတွေက pink color လေးတွေဆိုးရင် အရမ်းလိုက်ပါတယ်။ အသားဖြူဖြူလေးဖြစ်လို့ ပန်းရောင်လေးနဲ့ဆိုရင် အရုပ်မလေးလို ချစ်ဖို့ကောင်းနေမှာပါ။


အရောင်နုပြီး တောက်နေတာမျိုးမကြိုက်ရင် အပြာနဲ့ခဲစပ်ထားတဲ့ ဒီလိုအရောင်လေးဆိုးကြည့်ပါ။ အသားဖြူတဲ့သူတွေနဲ့ အရမ်းလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုလိုက်မှာပါ။


အရောင်အရင့်ကိုမှ အမှိုင်းလေးဆိုးချင်ရင် ဒီလိုအပြာမျိုး ဆိုးကြည့်ပါ။ အရမ်းမိုက်ပြီး လှလည်းလှပါတယ်။ လူငယ်တွေအပြင် အသက် ၃၀ ဝန်းကျင်တွေနဲ့လည်း လိုက်ဖက်ပါတယ်။


ခရမ်းကြိုက်ရင်တော့ ဘာမှစဉ်းစားမနေပဲ ဒီလိုခရမ်းလေးသာ ဆိုးချလိုက်ပါ။ အသားဖြူတဲ့သူတွေနဲ့ အရမ်းလိုက်ဖက်ပြီး အရမ်းလည်းလှပါတယ်။ အပြင်လည်းမရိုင်းတဲ့ color မျိုးပါ။


အရောင်ဆန်းတာမျိုးမှဆိုးချင်ရင် ဒီလိုအရောင်လေးဆိုးကြည့်ပါ။ အသားဖြူတဲ့သူတွေနဲ့ဆို အရမ်းလိုက်ပြီး color က မိုက်လည်းမိုက်ပါတယ်။


ဒါလည်း color အရမ်းဆန်းပါတယ်။ color တွေအများကြီးကို ဖောက်ပြီး စပ်ဆိုးထားတာဖြစ်လို့ တော်တော်မိုက်ပါတယ်။ အသားဖြူတဲ့ကောင်မလေးတွေနဲ့ဆို အရမ်းမိုက်ပြီး လှနေမှာပါ။


ဒီလို maroon color လေးက အရမ်းအသားဆောင်ပါတယ်။ မျက်နှာလေးပိုလင်းသွားစေပါတယ်။ အသားဖြူတဲ့သူတွေနဲ့ဆိုရင် အသားအရောင်နဲ့ အရမ်းလှနေမှာပါ။ ကလေးဆန်တဲ့အရောင်မျိုးမကြိုက်ရင် ဒီအရောင်လေးကို ရွေးသင့်ပါတယ်။


ဒါကျတော့ rose color လိုမျိုးလေးဖြစ်ပါတယ်။ Color ဆန်းပြီး အရမ်းလှပါတယ်။ အသားဖြူတဲ့သူတွေနဲ့ဆို အရမ်းလှမှာပါ။ ဒါ့အပြင် လူကြီးလူငယ်မရွေးလည်း လိုက်ဖက်တဲ့အရောင်ဖြစ်ပါတယ်။


အရောင်ဆန်းတာတွေမဆိုးချင်ရင် ဒီအရောင်လေးသာဆိုးပါ။ အသားဖြူတဲ့သူတွေနဲ့ဆိုရင် foreigner မလေးတွေလို ဖြစ်သွားမှာပါ။


ဒီဆံပင်အရောင်ဆိုရင် ခုနကအရောင်နဲ့ဆင်ပေမယ့် ကွဲပါတယ်။ မတူပါဘူး။ သူကျတော့ ဘယ်တော့မှရိုးမသွားပဲ အမြဲတမ်း အထာကျပြီးလှနေမယ့် color မျိုးပါ။ အသားဖြူတဲ့သူတွေနဲ့လည်း အရမ်းလိုက်ပါတယ်။


Photo source:www.pinterest.com


#အသားအရေ
#ဆံပင်ပုံစံ
#ဆံပင်
#ကောင်မလေး
#လူငယ်

Some text some message..