တစ်ကြိမ်လုပ်ရုံနဲ့တင် သင့်ဆံသားကို စိုပြေပျော့အိလာစေမယ့် DIY Hair Mask
mystylemyanmar.com
|
2021-11-07

ဆံပင်စဆိုးခါစမှာတော့ အရောင်လှလှလေးနဲ့ ကိုယ့်အလှကိုယ် ငေးမဝဖြစ်မှာပါ။ ဒါပေမဲ့ ဆံပင်ဆိုးပြီး နှစ်ပတ် သုံးပတ် အကြာမှာတော့ နဂိုရှိခဲ့တဲ့ ဆံကေသာထက် သင့်ဆံသားက ခြောက်သွေ့ကြမ်းတမ်းသွားတတ်ပါတယ်။ ဒါကြောင့် Hair Salon တွေက ဆံပင်အရောင်ဆိုးပြီးရင် ပုံမှန်ဆံပင် ပေါင်းတင်ထိန်းသိမ်းပေးဖို့ လိုကြောင်း တိုက်တွန်းအကြံပေးကြတာပါ။ တစ်ခါတလေ လှချင်လို့ လုပ်မိတဲ့ အရာတွေက ကိုယ့်ငွေတွေကို ဆွဲယူနေသလိုပါပဲ။ ဆေးဆိုးတာမှာ တစ်ခါကုန်တဲ့အပြင် ဆံပင်ထိန်းသိမ်းရတာမှာပါ ထပ်ကုန်နေတတ်ပါတယ်။ ဒီတစ်ခေါက်ပြောတဲ့ Hair Mask ကတော့ ဆိုင်မှာ ဆံပင်လုပ်တာလောက် ဈေးမများတဲ့အပြင် သဘာဝပစ္စည်းတွေမို့ သင်နဲ့ သင့်တော်မှာပါ။ ဖော်ပြပါ Hair Mask ကို သုံးပတ်နေ တစ်ခါ ပြုလုပ်ရုံနဲ့တင် လုံလောက်ပါတယ်။ တစ်ကြိမ်လုပ်ရုံနဲ့တင် သိသာတဲ့ Result ပေးတာမို့ သင်ကြိုးစားကြည့်သင့်ပါတယ်။

Hair Mask အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-br ငှက်ပျောသီးတစ်လုံး


ငှက်ပျောသီးက သင့်ဆံကေသာကို တောက်ပြောင်စေပါတယ်။ ဒါ့အပြင် ဗောက်ထတာ သက်သာစေပါတယ်။ ငှက်ပျောသီးမှာ ဆံသားပျော့အိဖို့ လိုအပ်တဲ့ ဗီတာမင်များစွာ ပါဝင်ပါတယ်။ ဆံသားကို ခိုင်မာစေပြီး ဆံပင်အဖျားနှစ်ခွဖြစ်တာ သက်သာစေပါတယ်။ သင်သုံးတဲ့ ငှက်ပျောသီးက အမှည့်ဖြစ်ရပါမယ်။

ကြက်ဥ ဒါမှမဟုတ် ဘဲဥတစ်လုံး


ကြက်ဥမှာပါဝင်တဲ့ ဗီတာမင် အေ၊ ဗီတာမင်အီး၊ Biotin နဲ့ Folate ဓာတ်တွေက ဆံသားရှည်ဖို့ အဓိက လိုအပ်တာတွေ ဖြစ်ပါတယ်။ ကြက်ဥက သင့်ရဲ့ ခြောက်သွေ့သွားတဲ့ ဆံကေသာကို ပြန်လည်ကျန်းမာစေပါတယ်။

အုန်းဆီ နှစ်ဇွန်း


Photo Source: Pure Wow

အုန်းဆီက ဆံပင်အရှည်မြန်ဖို့ ကူညီပေးတဲ့အပြင် ဦးရေပြားကို အားဖြည့်ပေးပါတယ်။ အုန်းဆီက နေရောင်ခြည် Ray တွေကို ကာကွယ်ပေးပါတယ်။ ဆံပင်ကို ပြောင်ပြောင်လင်းလင်းလေး ဖြစ်စေပါတယ်။

ပျားရည် တစ်ဇွန်း


တချို့ ဆံပင် စိုစိုပြောင်ပြောင်လေး ဖြစ်နေတဲ့ မိန်းကလေးတွေကို မြင်ဖူးမှာပါ။ ဒီလိုဆံကေသာက ဆံပင်အဓိုဓာတ် လုံလောက်စွာရလို့ပါ။ ဆံပင်အစိုဓာတ်လုံလောက်စွာ ရရှိဖို့ ပျားရည်က အပြည့်အဝ တာဝန်ယူပါတယ်။ ဆံပင်ကြမ်းတာ၊ငြိတာ သက်သာစေပြီး ဆံသား ပျော့ပြောင်းစေပါတယ်။

မယောနိ နှစ်ဇွန်း


မယောနိက ဆံပင်ကို တောက်ပကာ သန်မာစေပါတယ်။ ဒါ့အပြင် ဆံပင်ကို အစိုဓာတ်ပေးပါတယ်။ သင့်ဆီမှာ မယောနိမရှိဘူးဆိုရင် မယောနိအစား ထောပတ်သီး၊ သံလွင်ဆီ၊ ထောပတ် ဒါမှမဟုတ် အုန်းနို့စတဲ့ ပစ္စည်းတွေကို အစားထိုးသုံးနိုင်ပါတယ်။

သံပယိုရည်တစ်ဇွန်း


သံပယိုရည်က အုန်းဆီလိုပဲ ဆံပင်အရှည်မြန်စေပါတယ်။ နဖူးပြောင်သူတွေ၊ ဆံပင်ပါးသူတွေနဲ့ သင့်တော်ပါတယ်။ ဆံပင်ကျွတ်တာကို သက်သာစေပြီး သံပယိုသီးမှာ ပါဝင်တဲ့ ဗီတာမင်စီက ဆံပင်ထွက်လာစေပါတယ်။

ဒီပါဝင်ပစ္စည်းအားလုံးကို ကျိတ်စက်ထဲ ထည့်ပေးရပါမယ်။ ရေမထည့်ဘဲ ကျိတ်စက်နဲ့ မွှေပေးရပါမယ်။ အရည်ရလာပြီဆိုရင်တော့ ဒီ Hair Mask ကို သင့်ဦးရေပြားကစကာ ဆံပင်အဆုံးထိ လိမ်းပေးရပါမယ်။ ဒီ Mask က သင့်အင်္ကျီကို စွန်းနိုင်တာမို့ အင်္ကျီအဟောင်းတ်တာ ဒါမှမဟုတ် ကာပြီး လိမ်းပေးသင့်ပါတယ်။ လိမ်းပြီးနောက် ဆံပင်ကို ထုံးကာ Shower Cap နဲ့ အုပ်ပေးရပါမယ်။ သင့် Shower Cap ကို တစ်ကြိမ်မက သုံးနေကျဆိုရင်တော့ Shower Cap အစား ကျွတ်ကျွတ်အိတ်ကို သုံးနိုင်ပါတယ်။ အုပ်ပြီးနောက် ၁ နာရီထားပေးရပါမယ်။

၁ နာရီပြည့်တာနဲ့ ခေါင်းလျှော်နိုင်ပါပြီ။ ဒီ Mask ကို တစ်ကြိမ်လုပ်တာနဲ့တင် ဆံသားသိသိသာသာ ပြောင်းလဲလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar


#ဆံပင်
#ဆံသား
#HairMask
#DIY
#အုန်းဆီ

Some text some message..