အဝတ်အစားတိုင်းနဲ့ လိုက်ဖက်တဲ့ ဖိနပ်အမျိုးအစား (၇) ခု
mystylemyanmar.com
|
2021-11-10

ဖိနပ်တွေက တခြားသူတွေ သင့်ကို မြင်တာနဲ့ ပထမဆုံး သတိထားမိတဲ့ အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ တခြားသူတွေရဲ့ အမြင်အပြင် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့ သင်နဲ့ လိုက်ဖက်တဲ့ ဖိနပ်တွေ ရှိထားသင့်ပါတယ်။ ဒါပေမဲ့ အဝတ်အစားတစ်ထည်ကို ဖိနပ်တစ်ရံ လိုက်ဝယ်နေရင်တော့ ဝယ်လို့ လောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အဝတ်အစားတိုင်းနဲ့ လိုက်ဖက်တဲ့ ဖိနပ်အမျိုးအစားတွေကို သိထားတာက အကောင်းဆုံးပါပဲ။ ဒီတော့ ဘယ်ဖိနပ်တွေက အဝတ်အစားတိုင်းနဲ့ လိုက်ဖက်လဲ ကြည့်လိုက်ရအောင်နော်-

၁။ Sneaker

Sneaker ဖိနပ်တွေက မိန်းကလေးတွေကြား ရေပန်းစားနေတဲ့ ဖိနပ်တွေပဲ ဖြစ်ပါတယ်။ Sneaker အဖြူက ဂါဝန်တွေနဲ့ လိုက်ဖက်သလို Crop ခါးတိုဝတ်စုံနဲ့လည်း လိုက်ဖက်ပါတယ်။


၂။ ဒေါက်မြင့်

ဒေါက်မြင့်ဖိနပ်တွေက သင့်ခန္ဓာကိုယ်ကို ပိုသွယ်လျသွားစေပြီး သင့်ကို စတိုင်ကျကျ အဆင့်အတန်း မြင့်မြင့် အမျိုးသမီးတစ်ယောက် အသွင်ပေါ်စေပါတယ်။ ဒေါက်မြင့်တွေက Pencil Skirt တွေ၊ ဘောင်းဘီအကျပ်တွေနဲ့ လိုက်ဖက်ပါတယ်။ စကပ်အတိုနဲ့တော့ မဝတ်သင့်ပါဘူး။ ဒေါက်မြင့်အနက်နဲ့ အသားရောင်က ဆောင်ထားသင့်တဲ့ ဖိနပ်တွေ ဖြစ်ပါတယ်။


၃။ Boots

Boots တွေက ဆောင်းရာသီနဲ့ လိုက်ဖက်ပြီး ဘောင်းဘီအကျပ်နဲ့ အထူးလိုက်ဖက်ပါတယ်။ ဒါ့အပြင် ဘောင်းဘီအပွနဲ့ပါ တွဲဖက်ဝတ်နိုင်ပါသေးတယ်။


၄။ အပိတ်ဖိနပ်

သင်က ဒေါက်ဖိနပ်အမြင့် မဝတ်ချင်သူဆိုရင် အပိတ်ဖိနပ်က သင့်အတွက် ရွေးချယ်သင့်တဲ့ ဖိနပ်ဖြစ်ပါတယ်။ ရုံးတက်ရတဲ့ ပျိုမေတွေနဲ့ လိုက်ဖက်တဲ့အပြင် ညဘက် Evening Wear နဲ့ပါ လိုက်ဖက်ပါသေးတယ်။


၅။ ကြိုးဖိနပ်အမြင့်

ကြိုးဖိနပ်တွေက ခြေဖမိုးသိပ်မပေါ်ချင်တဲ့ မိန်းကလေးတွေနဲ့ သင့်တော်ပြီး သင့်ကို ပိုပြီးတောင် ဆွဲဆောင်မှုရှိစေပါသေးတယ်။ ဂျင်းဘောင်းဘီ အတိုနဲ့ ကြိုးဖိနပ်အမြင့်က အလွန်လိုက်ဖက်ပါတယ်။


၆။ ခြေညှပ်ဖိနပ်

ခြေညှပ်ဖိနပ်ကတော့ မိန်းကလေးတွေကြား အဝတ်များတဲ့ ဖိနပ်တစ်ရံဖြစ်ပါတယ်။ သက်တောင့်သက်သာနေရတာ သဘောကျတဲ့ ပျိုမေတို့အတွက် မရှိမဖြစ်ပါပဲ။


၇။ Wedges

နောက်ခုံအမြင့်နဲ့ Wedges ဖိနပ်တွေက အရပ်ရှည်တယ်လို့ ထင်စေချင်တဲ့ မိန်းကလေးတွေနဲ့ အသင့်တော်ဆုံးပါပဲ။ High Heel မရွေးချင်ရင် ဒုတိယ Option က Wedges ပါပဲ။ အမည်းကြိုးပိတ် Wedges တွေက မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။


Photo Source: Pinterest

By MyStyle Myanmar


#အမျိုးသမီး
#အလှအပရေးရာ
#မိန်းကလေး
#ဖိနပ်
#အမျိုးအစား

Some text some message..