ဘောင်းဘီရှည်ဝတ်ရတာကြိုက်တဲ့မိန်းကလေးတွေအတွက် ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ဖက်ရှင်များ
mystylemyanmar.com
|
2021-12-02

ဘောင်းဘီရှည်ဝတ်ရတာကြိုက်တဲ့ မိန်းကလေးတွေအတွက် ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အရမ်းမအေးတဲ့ ဆောင်းရာသီမျိုးမှာလည်း ဝတ်လို့အဆင်ပြေမယ့် ဖက်ရှင်တွေဖြစ်တာကြောင့် မိန်းကလေးတော်တော်များများ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။

အခုနောက်ပိုင်းမှာ ဒီလိုဘောင်းဘီအရှည်လေးတွေက အရမ်းခေတ်စားနေတာပါ။ ဆောင်းရာသီမှာဆိုရင် ဒီလိုဘောင်းဘီတွေကို ကြိုးတစ်လုံး (သို့) Tank Top လေးတွေနဲ့တွဲဝတ်ပြီး အပေါ်ကနေ Crop Top Coat လေးတွေသာ ထပ်ဝတ်လိုက်ပါ။ Style ကျပြီး အရမ်းမိုက်ပါတယ်။



လူငယ်ကောင်မလေးတွေဆိုရင် ရိုးရိုးရှင်းရှင်း ဒီလိုလက်ရှည် Top လေးတွေကို ဂျင်းဘောင်းဘီလေးတွေနဲ့တွဲဝတ်ပြီး Sneakers လေးသာစီးလိုက်ပါ။ ချစ်ဖို့ကောင်းတဲ့ ဆောင်းရာသီဖက်ရှင်လေး ဖြစ်သွားမှာပါ။


Bell pant လေးတွေဝတ်မယ်ဆိုရင်တော့ Body fit လက်ရှည်လေးတွေနဲ့ တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးစီးလိုက်မယ်ဆိုရင် အရမ်းလှပါတယ်။


ရိုးရိုးရှင်းရှင်းနဲ့ ချစ်ဖို့ကောင်းအောင် ဂျင်းဘောင်းဘီအပွလေးတွေကို Body fit လက်ရှည်တွေနဲ့တွဲဝတ်ပြီး Sneakers လေးစီးကြည့်ပါ။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းနေမှာပါ။


ဆောင်းရာသီမှာ ဒီလို မိန်းကလေးဆန်ဆန် လက်ရှည်အင်္ကျီလေးတွေကို ဂျင်းဘောင်းဘီအရှည်တွေနဲ့ တွဲဝတ်ကြည့်ပါ။ ဖက်ရှင်ကျပြီးလှနေမှာပါ။


အခုနောက်ပိုင်းမှာ ဒီလိုဝမ်းဆက်လေးတွေကလည်း အရမ်းခေတ်စားနေတာပါ။ ဒီဖက်ရှင်လေးက သိပ်မအေးတဲ့ ဆောင်းရာသီမျိုးမှာဆို အရမ်းဝတ်လို့ကောင်းပါတယ်။


ဒီလက်ရှင်လေးဆိုရင် ဆောင်းရာသီမှာ ရှိုးထုတ်လို့ကောင်းတဲ့ ကိုရီးယားဖက်ရှင်လေးပါ။ ဝတ်လိုက်တာနဲ့ Style ကျပြီးလှနေမှာ သေချာပါတယ်။


ရုံးတက်နေရတဲ့သူတွေဆိုရင် ဆောင်းရာသီမှာ ဒီလိုမျိုးလေးဝတ်လို့ရပါတယ်။ ဒီလိုလည်ပိတ်အင်္ကျီလေးတွေက တခြားအချိန်တွေဝတ်ရင် ပူတဲ့အခါမှာ နည်းနည်းစိတ်ရှုပ်စရာ ဖြစ်စေတာကြောင့် ဆောင်းရာသီမှာ ပိုဝတ်သင့်ပါတယ်။


ရုံးတက်နေရတဲ့သူတွေအနေနဲ့ ဆောင်းရာသီမှာ ဒီလို Coat ဖက်ရှင် ဝမ်းဆက်လေးဝတ်ပြီးတော့လည်း Smart ကျကျနဲ့ လှနိုင်ပါတယ်။


Photo source:www.pinterest.com


#ဖက်ရှင်
#ဘောင်းဘီ
#မိန်းကလေး
#ဆောင်း
#Style

Some text some message..