
ပေါင်ကြားမဲတာကတော့ လူတိုင်းနီးပါးပါပဲ။ သေချာဂရုစိုက်ပြီး Treatment တွေလုပ်ပေးမယ်ဆိုရင်တော့ မဲတာတွေက တဖြေးဖြေးနဲ့ သက်သာပြီး အသားအရောင်ညီလာမှာပါ။ အဓိကကတော့ စိတ်ရှည်ရှည်နဲ့ ပုံမှန်လုပ်ပေးရင် Result ကို မြင်တွေ့ရမှာပါ။ ဒါကြောင့် ပေါင်ကြားမဲတာကို ဖြူလာအောင်လုပ်ပေးနိုင်မယ့် သဘာဝနည်းလမ်း ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။
အုန်းဆီနဲ့သံပယိုရည်

အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံပယိုသီးတစ်ခြမ်းကို အရည်ညှစ်ချပြီး ရောမွှေပေးပါ။ ပြီးရင်တော့ ပေါင်းကြားမှာ သေချာပွတ်လိမ်းပေးပြီး တစ်နာခွဲကြာအောင်ထားပါ။ အချိန်ပြည့်ရင် ရေဆေးချလိုက်ပါ။ ပြီးရင်တော့ Lotion ပြန်လိမ်းထားပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် နေ့တိုင်းလုပ်ပေးရပါမယ်။
သကြားနဲ့သံပယိုရည်

သကြား – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံပယိုသီးတစ်ခြမ်းကို အရည်ညှစ်ချပြီး ရောမွှေပေးပါ။ ပြီးရင်တော့ ပေါင်ကြားနေရာကို ဖြေးဖြေးချင်းစီပွတ်ပြီး Scrub တိုက်ပေးပါ။ Scrub တိုက်ပြီးရင် ၁၀ မိနစ်နေမှ ရေချိုးချပါ။ ပြီးရင်တော့ Lotion ပြန်လိမ်းပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။
ဒိန်ချဉ်နဲ့ Oatmeal

ဒိန်ချဉ် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ Oatmeal – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး ခုနကလိုပဲ ပေါင်ကြားနေရာကို ဖြေးဖြေးချင်းစီပွတ်ပြီး Scrub တိုက်ပေးရမှာပါ။ Scrub တိုက်ပြီးရင် ၁၀ မိနစ်နေမှ ရေချိုးပြီး Lotion ပြန်လိမ်းပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်လည်း တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။
Apple cider vinegar

Cotton pad ကို ရေထဲနှစ်ပါ။ ပြီးရင် အဲ့ဒီ Cotton pad နဲ့ပဲ Apple cider vinegar ထဲနှစ်လိုက်ပါ။ ပြီးရင်တော့ အဲ့ဒီ Cotton pad နဲ့ မဲနေတဲ့ပေါင်ကြားနေရာတွေကို ပွတ်ပေးပါ။ ပွတ်ပြီးရင် ၁၀ မိနစ်လောက်ထားပြီးမှ ရေဆေးချပါ။ ပြီးရင် Lotion ပြန်လိမ်းဖို့လည်း မမေ့ပါနဲ့။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် တစ်ပတ်မှာ တစ်ကြိမ် ပုံမှန်လုပ်ပေးပါ။
ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်အပင်ကရတဲ့ အတွင်းသားဂျယ်လ်ကို ဇွန်းနဲ့ခြစ်ယူပြီး မဲနေတဲ့ပေါင်ကြားနေရာကို ပွတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်ထားပြီးရင် ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ နေ့တိုင်းလုပ်ပေးရပါမယ်။
အာလူးအရည်

အာလူးကိုအခွံခွာ၊ ခြစ်ချပြီး အဝတ်တစ်ခုထဲထည့်ပါ။ ပြီးရင်တော့ အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့ အာလူးအရည်တွေကို Cotton pad နဲ့နှစ်ယူပြီး ပေါင်ကြားမှာ ပွတ်လိမ်းပေးပါ။ တစ်နာရီထားပြီးရင် ရေဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုလည်း နေ့တိုင်းလုပ်ပေးနိုင်ပါတယ်။
သခွားသီး

သခွားသီးကို အကွင်းလေးတွေလှီးပြီး မဲနေတဲ့ပေါင်ကြားနေရာမှာ ပွတ်ပေးပါ။ စက်ဝိုင်းပုံစံနဲ့ ၅ မိနစ်လောက်ပွတ်ပေးရင် ရပါပြီ။ ပြီးရင်တော့ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင် နေ့တိုင်းလုပ်ပေးရပါမယ်။