ခါးတိုဝတ်ရတာ ကြိုက်တဲ့ ပျိုမေတိုင်းမှာ ရှိထားသင့်တဲ့ Crop Top အမျိုးအစား (၆) မျိုး
mystylemyanmar.com
|
2021-12-14

Crop Top တွေက ဝတ်တတ်ရင်ဝတ်တတ်သလို သင့်ကို ထူးထူးခြားခြား စတိုင်ကျစေပါတယ်။ ဓာတ်ပုံရိုက်တဲ့အချိန်လည်း Crop Top တွေက ထင်းထွက်နေတတ်ပါတယ်။ Crop ဝတ်စုံက အရပ်ပုတဲ့ ပျိုမေတို့ကိုလည်း အရပ်ပိုရှည်တယ်ထင်ရစေပါတယ်။ အောက်မှာ လိုက်ဖက်တဲ့ ဘောင်းဘီနဲ့ တွဲဝတ်ရင် Crop Top တွေကို အသက်အရွယ်မရွေးဝတ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပျိုမေတိုင်းမှာ ရှိထားသင့်တဲ့ Crop Top Fashion တွေကို ဖော်ပြလိုက်ပါတယ်။

၁။ Solid Color Crop



အမည်း အဖြူစတဲ့ Solid Color ခါးတိုအင်္ကျီတွေက အရောင်မရွေးဘဲ အဝတ်အစားတိုင်းလိုလိုနဲ့ လိုက်ဖက်ပါတယ်။ သင်က ဘာဝတ်ရမှန်းမသိတဲ့ ရက်တွေမှာ အဖြူ ဒါမှမဟုတ် အနက် Crop က အသုံးဝင်မှာပါ။

၂။ Tie And Dye



Tie Dye ခါးတိုအင်္ကျိတွေကလည်း သင့်ကို တက်ကြွဆန်းသစ်တဲ့ အသွင်ကို ပေးစွမ်းနိုင်ပါတယ်။

၃။ Crop Shirts



ရှပ်အင်္ကျီ Crop တွေက သင့်ကို လူငယ်ဆန်ဆန် လှနေစေပါတယ်။ အဖြူဒါမှမဟုတ် အနက် Crop Shirt က တည်ငြိမ်တဲ့ အသွင်ကို ရစေပြီး ပန်းပွင့်ရိုက် Crop က သင့်ကို Vacation Look ပိုင်ဆိုင်စေမှာပါ။

၄။ ပန်းပွင့်ရိုက် Crop Top လက်ရှည်



ဒီပုံစံလေးကတော့ ပျိုမေတို့ကြား ရေပန်းစားနေတဲ့ Crop Top ပါ။ ထဘီနဲ့ ပါ တွဲဝတ်နိုင်ပြီး သင့်ကို မိန်းကလေးဆန်ဆန် လှနေစေမှာပါ။

၅။ ဆွယ်တာသား Crop



ဆွယ်တာသား Crop တွေက ဆောင်းရာသီနဲ့ လိုက်ဖက်ပြီး သင့်ကို ပိုချစ်စရာကောင်းစေပါတယ်။ ပျိုမေတိုင်း အနည်းဆုံး တစ်ထည်လောက်တော့ ပိုင်ဆိုင်ထားသင့်ပါတယ်။

၆။ Off the Shoulder Crop



Off The Shoulder Crop Top က သင့်ကို ခါးသေးတယ်ထင်ရစေပြီး ပခုံးအလှကိုလည်း ပိုပေါ်လွင်စေပါတယ်။ ဒါ့အပြင် ရင်သားသေးတဲ့ ပျိုမေတို့နဲ့လည်း ပခုံးကျ ခါးတိုက အဆင်ပြေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#ဘောင်းဘီ
#ဓာတ်ပုံ
#အရပ်
#ဆွယ်တာ
#ပျိုမေ

Some text some message..