ဆံပင် Highlight ဆိုးချင်သူပျိုမေတို့အတွက် အထာကျစေမယ့် Money Piece Highlight ပုံစံများ
mystylemyanmar.com
|
2021-12-16
ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ ခေတ်နဲ့အညီ ဆံပင်အရောင်ခေတ်ဆန်းဆန်းလေးတွေဆိုးချင်တဲ့ ပျိုမေတို့အတွက် ဒီတစ်ခေါက်မှာ လတ်တလော Social Media နဲ့ နိုင်ငံခြား Celebrity တွေကြား ပြန်လည်ခေတ်စားလာတဲ့ ‘Money Piece’ လို့ခေါ်တဲ့ Highlight ဆံပင်ကာလာပုံစံတွေကို မျှဝေပေးချင်ပါတယ်။
Money Piece ဆံပင်ပုံစံက ကမ္ဘာကျော်အဆိုတော် Beyonce ၊ Blackpink အဖွဲ့ဝင် Jennie အစရှိတဲ့ အနုပညာရှင်တွေကြောင့်လူသိများလာခဲ့ပြီး ဆိုးရတဲ့ပုံစံကတော့ ကိုယ့်ဆံပင်ရဲ့ မူရင်းအရောင် ဒါမှမဟုတ် ဆိုးထားပြီးသား အောက်ခံအရောင်ထက် ပိုတောက်တဲ့ကာလာကို မျက်နှာဘေးဘက်နဲ့ကပ်ပြီး ခပ်ထင်းထင်း Highlight တွေပြုလုပ်ပေးရတာမျိုးပါ။ Money Piece Highlight က ရိုးရိုး Highlight တွေထက် မျက်နှာကျပိုပေါ်ပြီး အသားဆောင်စေပါတယ်။ ဒါ့အပြင် သင့်ကို ဦးရေပြားအထိ တစ်ခေါင်းလုံး ဆံပင်ဆိုးနေစရာမလိုဘဲ ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါးနဲ့ မျက်နှာထင်းနေစေဖို့ပါ ကူညီပေးနိုင်ပါတယ်။ ဒီတော့ ကိုယ့်ဆံပင်ပုံစံနဲ့လည်း လိုက်ဖက်ပြီး အမြင်ဆန်းစေမယ့် Money Piece Highlight နမူနာပုံစံလေးတွေကို ကြည့်လိုက်ရအောင်နော်။
Curtain Bang နဲ့ဆံပင်လှိုင်းတွန့်အကောက်တွေက Blonde အရောင် Highlight လေးနဲ့အရမ်းလိုက်ဖက်ပြီး မျက်နှာလေးကိုထင်းသွားစေပါတယ်။
Blonde ကိုမှ အရောင်အရမ်းမတောက်ချင်တဲ့သူတွေအနေနဲ့ ဒီလိုကာလာငြိမ်ငြိမ်လေးကို စမ်းကြည့်သင့်ပါတယ်နော်။
Crazy ကာလာလေးတွေကလည်း အမြင်ဆန်းပြီး အထာကျတဲ့ Look ကိုရစေပါတယ်။
Money Piece Highlight ကို ဆံပင်တစ်ခြမ်းပဲဆိုးတာမျိုးကလည်း ပုံမှန် Highlight တွေနဲ့ကွဲထွက်ပြီး လူငယ်မိန်းကလေးတွေနဲ့အရမ်းကိုလိုက်ဖက်စေမယ့် ခေတ်ဆန်ဆန်ပုံစံလေးဖြစ်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar
#ဆံပင်ပုံစံ
#မျက်နှာ
#SocialMedia
#ပျိုမေ
#နိုင်ငံ
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ