
ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ အသက်အရွယ်ရလာတာနဲ့အမျှ ဖြစ်လာတတ်တဲ့ အရေးအကြောင်းနဲ့ မျက်နှာအမဲစက်တွေသက်သာဖို့ အသက် ၂၀ ကျော်လောက်ကစပြီး Anti-aging ဖြစ်တဲ့ Skincare တွေ အသုံးပြုပေးဖို့လိုပါတယ်။ Vitamin A ကရရှိပြီး ကိုယ်တွင်း Collagen ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်တဲ့ Retinol ဓာတ်က အိုမင်းရင့်ရော်ခြင်းကို တားဆီးရာမှာ အထောက်အကူများစွာ ဖြစ်စေပါတယ်။ ပုံမှန်အသုံးပြုပေးမယ်ဆိုရင် မျက်ကွင်းညိုခြင်း၊ ဝက်ခြံထွက်ခြင်း တွေကိုပါ သက်သာစေပြီး အသားအရေကို Glow လာစေပါတယ်။။ ဒါကြောင့် ဒီတစ်ခေါက်မှာ Retinol စသုံးချင်တဲ့သက်လတ်ပိုင်းပျိုမေတို့အတွက် ဈေးအသင့်အတင့်နဲ့ ထိရောက်စေဖို့ ရွေးချယ်သင့်တဲ့ Retinol ထုတ်ကုန်တွေကိုဖော်ပြပေးပါရစေ။
၁။
The Inkey List Retinol Anti-Aging Serum

ရောင်းအားကောင်းတဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး Retinol အခုမှစသုံးမယ့်သူတွေနဲ့လည်း အဆင်ပြေပါတယ်။ အရေးအကြောင်းနဲ့ အမဲစက်တွေအတွက်ထိရောက်စေတဲ့အပြင် မျက်ကွင်းညိုခြင်းနဲ့ မျက်ကွင်းအဆီဖုဖြစ်ခြင်းတွေကိုပါသက်သာစေပါလိမ့်မယ်။ သူ့မှာ အသားအရေကို အစိုဓာတ်ဖြည့် တင်ရင်းစေတဲ့ အာနိသင်ပါဝင်တာကြောင့် အသားခြောက်ခြင်းကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။
၂။
Kiehl’s Retinol Skin-Renewing Daily Micro-Dose Serum

Cream အမျိုးအစား Serum တစ်ခုဖြစ်ပြီး ဘေးထွက်ဆိုးကျိုးနည်းတာကြောင့် Sensitive အသားအရေရှိတဲ့သူတွေနဲ့လည်းအဆင်ပြေစေပါတယ်။ သူ့မှာ အရေးအကြောင်းကင်းစေဖို့ သန့်စင်တဲ့ Retinol ဓာတ်နဲ့ အခြားသော အသားအရေပျက်စီးမှုမရှိအောင် ကာကွယ်ပေးနိုင်တဲ့ အာနိသင်တွေပါဝင်နေပါတယ်။
၃။
Innisfree Retinol Cica Repair Ampoule

Innisfree ရဲ့ Retinol ထုတ်ကုန်အသစ်ဖြစ်ပြီး သူ့ရဲ့အာနိသင်က ဆဲလ်သေ၊ ချွေးပေါက်ကျယ်ခြင်းနဲ့ အမဲစက်တွေအတွက် သက်သာထိရောက်စေပါတယ်။ ဒီထုတ်ကုန်မှာ အသားနီမြန်းခြင်းမဖြစ်စေဘဲ အရေပြားအစိုဓာတ်ရစေတဲ့ Hyaluronic Acid ဓာတ်တွေလည်းပါဝင်ပါတယ်။
၄။
The Ordinary Advanced Retinol 2%

ဈေးအသင့်အတင့်နဲ့ထိရောက်စေတဲ့ Retinol Serum တွေထဲမှာ The Ordinary Advanced Retinol 2% ကလည်းအပါအဝင်ပါပဲ။ သူ့ရဲ့ Formula မှာ အသားအရေယားယံနီမြန်းမှုဖြစ်နိုင်ချေနည်းတဲ့ ပါဝင်ပစ္စည်းတွေကိုအသုံးပြုထားတာကြောင့် Skin Type တော်တော်များများနဲ့အဆင်ပြေပြီး Anti-aging အတွက် အကျိုးပြုပါတယ်။
၅။
Neutrogena Rapid Wrinkle Repair Face Moisturizer

နောက်ထပ် အိုမင်းရင့်ရော်မှုလျှော့ချပြီး အရေးအကြောင်းကင်းစေဖို့ အသုံးပြုသင့်တာကတော့ Neutrogena ရဲ့ Retinol ပါဝင်တဲ့ Moisturizer ပဲဖြစ်ပါတယ်။ သူ့မှာ အသားအရေတင်းရင်းပြီး အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ Retinol နဲ့ Hyaluronic Acid တွေ မျှတစွာပါဝင်ပါတယ်။
၆။
OLAY Regenerist Retinol 24 Night Serum

OLAY ရဲ့ ညဘက်သုံး Retinol Serum မှာ အရေးအကြောင်း၊ အမဲစက်နဲ့ ချွေးပေါက်ကျယ်ခြင်းတို့ကို သက်သာစေတဲ့ Retinol နဲ့ Vitamin B3 စတဲ့ အာနိသင်တွေပါဝင်နေပြီး သင့်အသားအရေကို ၂၄ နာရီကြာအထိ အစိုဓာတ်ပြည့်ဝနေဖို့ထောက်ပံ့ပေးနိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar