စုံတွဲတွေအတွက်ချစ်ဖို့ကောင်းပြီး Ro ဆန်တဲ့ Couple Tattoo ဒီဇိုင်းများ
mystylemyanmar.com
|
2021-12-29

စုံတွဲ tattoo ထိုးချင်တဲ့သူတွေအတွက် ချစ်ဖို့ကောင်းပြီး ro ဆန်တဲ့ couple tattoo ဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်ချစ်သူရဲ့ မွေးနေ့ခုနှစ်ကို ဒီလိုလေးထိုးထားရင်လည်း ro ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ အရမ်းကြီးထင်းနေတာမျိုးမဟုတ်တော့ လူငယ်လေးတွေ ပိုပြီးသဘောကျမှာပါ။


ချစ်ဖို့ကောင်းပြီး အမြဲတမ်းထိုးထားလို့ အဆင်ပြေတာမျိုးကြိုက်ရင်တော့ ဒီ tattoo ဒီဇိုင်းလေးကိုသာရွေးချယ်ပါ။ နောက်ဆုံးပြတ်သွားရင်တော့ ပြန်ဖျက်နေစရာမလိုပါဘူး။


ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတာမျိုးကြိုက်ရင်တော့ ဒီလို အသည်းပုံလေးကိုပဲ သေးသေးလေး ဆင်တူထိုးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။


LDRS တွေဆိုရင် ဒီလို tattoo ဒီဇိုင်းလေး ဆင်တူထိုးလို့ရပါတယ်။ အရမ်းချစ်ဖို့ကောင်းပြီး ro ဆန်တဲ့ ဒီဇိုင်းလေးပါ။


အရမ်း cute ဖြစ်တာမျိုးကြိုက်ရင် ဒီ tattoo ဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ သူများနဲ့မတူပဲ တမူထူးခြားပြီး ချစ်ဖို့ကောင်းနေမှာပါ။ လူငယ်စုံတွဲလေးတွေနဲ့ဆိုရင်တော့ ပိုပြီးလိုက်ဖက်မယ့်ဒီဇိုင်းလေး ဖြစ်ပါတယ်။


ကိုယ့်ချစ်သူရဲ့ နာမည်အစစာလုံးကိုပဲဖြစ်ဖြစ်၊ ကိုယ်ထိုးချင်တဲ့ စာလုံးကိုပဲဖြစ်ဖြစ် ဒီလိုဒီဇိုင်းလေးထိုးမယ်ဆိုရင်လည်း ချစ်ဖို့ကောင်းပြီး ro ဆန်ပါတယ်။


ခြေထောက်မှာထိုးမယ်ဆိုရင် ဒီလိုစာသားလေးတွေထိုးတာက ပိုမိုက်ပြီးတော့ ro ဆန်ပါတယ်။ လက်မှာမထိုးချင်ရင် ဒါမျိုးလေးထိုးလို့လည်း ရပါသေးတယ်။


ဒီ tattoo ဒီဇိုင်းလေးဆိုလည်း အချစ်သင်္ကေတဖြစ်ပြီး သေးသေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ အကြီးကြီးတွေမထိုးရဲရင် ဒါမျိုးလေးထိုးကြည့်ပါ။


လက်ချောင်းလေးတွေမှာ ဒီလို ro ဆန်တဲ့ စာသားလေးတွေထိုးတာက အရမ်းချစ်ဖို့ကောင်းပါတယ်။ သေးသေးလေးတွေကြိုက်ရင်၊ အရမ်းထင်းနေတာမျိုးတွေမကြိုက်ရင် ဒီလိုပုံစံလေးတွေကိုသာ ထိုးသင့်ပါတယ်။


ဒီ tattoo ဒီဇိုင်းဆိုရင် ကြီးပေမယ့် အရမ်း ro ပါတယ်။ ဒီဇိုင်းကလည်း တမူးထူးခြားပြီး မိုက်တဲ့ပုံစံလေးပါ။


photo source:www.pinterest.com


#ချစ်သူ
#စုံတွဲ
#ချစ်ဖို့ကောင်း
#လူငယ်
#မွေးနေ့

Some text some message..