မိန်းကလေးတိုင်းမှာ ရှိသင့်တဲ့ ဆွဲဆောင်မှုရှိစေတဲ့ ဖိနပ်အမျိုးအစား ၆ မျိုး
lifestylemyanmar.com
|
2022-01-14

ဖိနပ်တစ်ရံဆိုတာ မိန်းကလေးတစ်ယောက်ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုတွေကို အဓိပ္ပါယ်ရှိစေတဲ့ ခြေလှမ်းတိုင်းအတွက် အရေးပါတဲ့အရာတစ်ခုပါ။ မိန်းကလေးတစ်ယောက် ဖက်ရှင်ကျကျ ဆွဲဆောင်မှုရှိဖို့ ဖိနပ်ရွေးချယ်မှုကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ကျွန်မတို့ရဲ့ ဆံပင်ပုံစံ၊ အဝတ်အစားကို ရွေးချယ်ရသလိုပဲ မိန်းကလေးတိုင်း ဝတ်ဆင်ရမယ့် ဖိနပ်အမျိုးအစားကို ရာသီဥတုနဲ့ လိုက်ဖက်တာ၊ သွားမယ့်နေရာနဲ့ လိုက်ဖက်ဖို့ အပြင်ထွက်ဖို့ ကြိုးစားတိုင်း ခေါင်းစားရပါတယ်။ ဝတ်လိုက်တဲ့ ဖက်ရှင်ဒီဇိုင်းနဲ့ ဖိနပ်ဒီဇိုင်းက ကွဲထွက်နေရင်လည်း ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေပြီး တစ်နေ့လုံး ယုံကြည်ချက်ရှိရှိနေဖို့ အလှမ်းဝေးနေတတ်ပါတယ်။ အလန်းလွန်အလန်းတဲ့ အဂေါ်ဒီဇိုင်းတွေနဲ့ ဖက်ရှင်ကျကျ ဆွဲဆောင်မှုရှိဖို့ စီးမယ့်ဖိနပ်ကိုလည်း စနစ်တကျ ရွေးချယ်တတ်ဖို့ လိုပါတယ်။


၁။ Long boots

ဘွတ်ဖိနပ်အရှည်တွေက ရာသီဥတုအေးတဲ့အချိန်တွေမှာ အဓိကစီးလေ့ရှိတဲ့ ဖိနပ်ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ ဒီလိုဖိနပ်မျိုးက အမျိုးမျိုးသော အခါသမယတိုင်းအတွက် အမျိုးသမီးတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဘက်စုံသုံးဖိနပ်လည်း ဖြစ်ပါတယ်။ သူတို့က သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့ အခါမျိုး၊ ပျော်ပွဲရွှင်ပွဲတွေမှာ စတိုင်ကျလှပဖို့ စီးသင့်တဲ့ ဖိနပ်လည်း ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ဆွဲဆောင်မှုအပြည့်အဝရှိစေတဲ့ ဖိနပ်အမျိုးအစားလည်း ဖြစ်ပါတယ်။


၂။ Ankle boots

ဒီလိုဘွတ်ဖိနပ်ကတော့ ဘယ်လိုရာသီဥတုမှာမဆို အကန့်အသတ်မရှိ၊ တိုတဲ့ သို့ ရှည်လျားတဲ့ ၀တ်စုံနဲ့ ဖြစ်ဖြစ် ဘောင်းဘီရှည် သို့ ဘောင်းဘီတိုနဲ့ပဲ ဖြစ်ဖြစ် ဘယ်လိုဝတ်စုံ အမျိုးအစားနဲ့မဆို တွဲဖက်ဝတ်ဆင်နိုင်တဲ့ ဖိနပ်ပဲ ဖြစ်ပါတယ်။ ချစ်ဖို့ကောင်းပြီး သွက်လက်တဲ့ပုံစံကို ပေးစွမ်းနိုင်တဲ့ ဖိနပ်အမျိုးအစားလည်း ဖြစ်ပါတယ်။


၃။ boots

ရိုးရိုးဘွတ်ဖိနပ်တွေက တစ်နေ့တာလုံး သွားရလာရသက်သောင့်သာ ရှိစေပြီး လွတ်လွတ်လပ်လပ် နေတတ်တဲ့ သူတွေအများဆုံး ရွေးချယ်တဲ့ ဖိနပ်အမျိုးအစားပါ။ ဘာနဲ့ပဲ တွဲဝတ်ဝတ် ပေါ့ပေါ့ပါးပါး ဖြစ်စေတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပြီး စိတ်လုံခြုံမှုကို ရရှိစေတဲ့ ဖိနပ်အမျိုးအစားလည်း ဖြစ်ပါတယ်။


၄။ Pumps shoe

တချို့က ဝန်ခံပေမယ့် အမျိုးသမီးတွေက sexy ကျကျ နေရတာကို ကြိုက်ကြတယ်။ ရုံးဆင်းရုံးတတ်လုပ်နေတဲ့ အမျိုးသမီးတိုင်း၊ အလုပ်ခွင်မှာ ဆွဲဆောင်မှုရှိစေဖို့ အမြဲတမ်းလိုလို စီးနေရတဲ့ ဖိနပ်လည်း ဖြစ်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ တင့်တယ်လှပစေတဲ့ ဖိနပ်အမျိုးအစားလည်း ဖြစ်ပါတယ်။


၅။ Wedges shoe

ဒေါက်ပါတဲ့ဖိနပ်တွေကို မိန်းကလေးတိုင်း ကြိုက်နှစ်သက်ပြီး မိန်းကလေးတိုင်းမှာ ရှိတဲ့ ဖိနပ်အမျိုးအစားလည်း ဖြစ်ပါတယ်။ ပုတုတုကောင်မလေးပဲ ဖြစ်ဖြစ် ရှည်ပြီးသွယ်လှနေတဲ့ ကောင်မလေးပဲ ဖြစ်ဖြစ် မြတ်မြတ်နိုးနိုး နှစ်နှစ်ခြိုက်ခြိုက် စီးတတ်ကြပါတယ်။ ကိုယ့်ကိုကိုယ် မင်းသမီးလေးတစ်ယောက်လို ခံစားရစေတဲ့ လှပကျော့ရှင်းတဲ့ အလှတရားကို ပိုင်ဆိုင်စေတဲ့ ဖိနပ်အမျိုးအစားလည်းဖြစ်ပါတယ်။


၆။ Sliper

ရိုးရိုးရှင်းရှင်းကြိုက်တဲ့ မိန်းကလေးတိုင်း ရွေးချယ်ကြတဲ့ ဖိနပ်အမျိုးအစားထဲမှာ slipper က ထိပ်ဆုံးကနေပါတယ်။ ခြေညှပ်ဖိနပ်တွေက ပူနွေးတဲ့ နွေရာသီနေ့ရက်တွေမှာ ထုတ်စီးဖို့ အသင့်တော်ဆုံးပါပဲ။ စီးရတာလွယ်ကူစေတဲ့ ခြေလှမ်းတိုင်းမှာ ငှက်မွှေးလေးလို ညင်သာပေါ့ပါးစေပြီး ခြေချောင်းလေးတွေရဲ့ အလှတရားကို ထင်ထင်ရှားရှား ပေါ်လွင်စေဖို့ ခြေညှပ်ဖိနပ်တွေက တာဝန်ယူနိုင်ပါတယ်။

Nadi

Lifestyle_Maynmar

ref-bolde


#မိန်းကလေး
#ဖိနပ်
#အမျိုးအစား
#ဆွဲဆောင်မှု
#ဆွဲဆောင်

Some text some message..