
တန်ဖိုးကြီးသော မိန်းကလေးတစ်ယောက်ဆိုတာ မိမိတန်ဖိုးကို သိပြီး တစ်ခြားလူတွေရဲ့ ဘဝမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ နားလည်ပြီး ဘဝကို အချိုးကျကျ မျှမျှတတရှင်သန်သောအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမြင့်မားသော မိန်းမတစ်ယောက်ဖြစ်စေဖို့အရေးကြီးဆုံးအချက်က ခိုင်မာသော အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဆုပ်ကိုင်ထားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာ တန်ဖိုးမြင့်မားသော မိန်းကလေးတစ်ယောက်ဖြစ်စေဖို့၊ အရည်အသွေးမြင့်သော အမျိုးသားတွေကို ဆွဲဆောင်နိုင်ဖို့ လေ့ကျင့်ရမယ့်အချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။
၁။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမြင့်အမျိုးသမီးအဖြစ် ဆုံးဖြတ်ပါ

သင့်ရဲ့ တွေးခေါ်ပုံ၊ စိတ်ခံစားချက်တွေနဲ့ အသက်ရှင်နေထိုင်မှု အလေ့အကျင့်တွေ၊ သင့်ကိုယ်သင်စကားပြောတဲ့ပုံစံတွေက သင်ဘယ်လိုမိန်းကလေးဖြစ်တယ်ဆိုတာ ဖော်ပြပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်အမြဲနှိမ်ချနေတာလား? တန်ဖိုးမရှိဘဲ အမြဲငတ်မွတ်နေပြီး သနားစရာကောင်းတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတာလား? သင်လိုချင်တဲ့ ယောင်္ကျားတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ်မထိုက်တန်ဘူးလို့ ထင်နေတာလား? ဒီလိုဆိုရင် ဒီအရာတွေအားလုံးကို ပြောင်းလဲပါ။ ဆန့်ကျင်ဘက်အတွေးတွေကို ပြောင်းလဲပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့ခက်ခဲနေရင် ဒီအရာတွေက အသုံးဝင်ပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျ လုပ်ဆောင်ရတဲ့ အကြောင်းရင်းကတော့ ကျွန်မတို့ရဲ့ စိတ်တွေဟာ အင်မတန်အားကောင်းလို့ပါပဲ။
၂။ ပြည့်စုံသော ဘဝဖြစ်လာဖို့ ဖြည့်ဆည်းပါ
ကိုယ့်ကိုယ်ကိုယ် ပြည့်စုံအောင်ဖြည့်ဆည်းပါ။ လူတန်းစေ့နိုင်အောင် ကြိုးစားပါ။ သူငယ်ချင်းတွေ၊ ဝါသနာတွေ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုနဲ့ သင့်ကို ပျော်ရွှင်စေသော ဘယ်လိုအရာကိုမဆို အပြည့်အဝအာရုံစိုက်အတွက်ပါ။ သင့်ဘဝအတွက် သင်ကိုယ်တိုင် အသင့်ရှိနေပါစေ။ ဒီလိုမိန်းကလေးကမှ တန်ဖိုးရှိတဲ့ မိန်းကလေးမဟုတ်ဘဲ တစ်ခြားလက်ညိုးထိုးပြစရာ မိန်းကလေးမရှိတော့ပါဘူး။
၃။ သင့်ရဲ့ အကောင်းဆုံးကိုယ်ရည်ကိုယ်သွေး အသွင်အပြင်ကိုသာ ကြည့်ပါ

အားလုံးက သင့်ရဲ့ မကောင်းတဲ့အရာတွေကိုသာ ရှာဖွေပြီး အားရပါးရပြောနေကြမှာပါ။ ခေါင်းထဲ မထည့်ပါနဲ့။ ကိုယ့်ရဲ့ ဖက်ရှင်ဒီဇိုင်း၊ မိတ်ကပ် အသွင်အပြင်တိုင်းက သင့်ရဲ့ စိတ်ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုအပေါ် မူတည်ပြီး ဝတ်ဆင်လမ်းခြယ်သင့်ပါတယ်။ တစ်ခါတလေမှာလည်း သင့်တင့်တဲ့အဝတ်အစားက သင့်အတွက် ပိုပြီးသက်တောင့်သက်သာဖြစ်တာမျိုး တွေ့ရပါလိမ့်မယ်။ အဓိက ဒီအဝတ်အစားက သင့်ကို ယုံကြည်မှုရှိစေမယ်ဆိုရင် သင်လွတ်လပ်စွာ ဝတ်ဆင်နိုင်ပါတယ်။ ရိုးရိုးသားသား ပြောရရင် အမျိုးသားတွေက အမြင်အာရုံပိုင်းမှာ အမျိုးသမီးတွေထက် တော်တော်လေး မြင့်မားတဲ့ သတ္တဝါတွေဖြစ်ပါတယ်။
၄။ နယ်နိမိတ်တွေ သတ်မှတ်ထားပြီး ဒီအရာတွေကို လိုက်နာပါ
ကိုယ့်ကိုယ်ကိုယ်အသိဉာဏ်မြင့်မားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ လက်ခံထားတယ်ဆိုရင် ဒီလိုနယ်နိမိတ်စည်းမျဉ်းတွေကို ကိုယ်တိုင်လည်း ချမှတ်ထားသင့်သလို တစ်ခြားလူတွေရဲ့ စည်းတွေကိုလည်း လိုက်နာရပါမယ်။ နယ်နိမိတ်တွေရဲ့ အရေးပါမှုကို သိသင့်ပြီး တစ်ခြားလူတွေရဲ့ နယ်နိမိတ်စည်းတွေအပေါ် အခွင့်ကောင်းယူခြင်း (သို့) ပေါ့ပေါ့တန်တန်အသုံးချခြင်းတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကျန်းမာသော ကိုယ်ရေးကိုယ်တာ စည်းမျဉ်းတွေနှင့် မိမိကိုယ်ကိုယ် လေးစားမှုမြင့်မားခြင်းတွေက အမြဲတမ်းဒွန်တွဲလျက်ရှိပါတယ်။
၅။ Relationship တွေအပေါ် အစွဲအလမ်းကြီးမနေပါနဲ့၊ ပျော်ရွှင်လိုက်ပါ

မိမိကိုယ်ကိုယ်လေးစားမှုမြင့်မားတဲ့လူတွေက သူတို့ဟာ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တယ်လို့ ယုံကြည်ကြပြီး တစ်ယောက်ယောက်အပေါ် ဘယ်လိုခံစားနေရတယ်ဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းမထုတ်တတ်ကြပါဘူး။ သူတို့ဟာ ကောင်းမွန်တဲ့လူတွေ၊ အရည်အချင်းရှိပြီး ချစ်ဖို့ကောင်းတွေလူတွေဆိုတာ သိပြီး သူတို့အတွက် right person ကို သူတို့ကိုယ်တိုင်ရှာဖွေနိုင်တယ်လို့ ယုံကြည်ကြသူတွေပါ။
ယောင်္ကျားလေးတစ်ယောက်နဲ့ မထိုက်တန်ဘူးဆိုတဲ့ အတွေးမျိုးတွေ သူတို့မှာမရှိတာကြောင့် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုတွေကို မခံစားကြရဘူး။ အချစ်ရေးကိစ္စတွေဆိုတာက သူတို့အတွက် အပျော်သက်သက်ပါပဲ။
၆။ သင့်ကိုယ်သင် ဘယ်တော့မှ ထုတ်ဖော်မပြပါနဲ့
သင့်ရဲ့ အရည်အချင်းတွေနဲ့ သင့်အောင်မြင်မှုတွေအကြောင်း အဆုံးမရှိပြောဆိုနေခြင်းက သင့်ကို ကြွားဝါတတ်တဲ့လူမျိုးပဲဖြစ်စေပါလိမ့်မယ်။ ဒီအရာက ယုံကြည်မှုကို ရစေမှာမဟုတ်ပါဘူး။ တန်ဖိုးမြင့်မားတဲ့လူတွေက သူတို့ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို ပြောပြဖို့ မလိုပါဘူး။ အချိန်ကြာလာတာနဲ့အမျှ သူမရဲ့ အောင်မြင်မှုတွေက အလိုလိုထင်ရှားလာတတ်တာပါတယ်။ သင်ဘယ်လောက်ဉာဏ်ကောင်းတယ်၊ ဟာသဉာဏ်ရွှင်တယ်၊ အလုပ်ပြီးမြောက်ပြီး ဘယ်လောက်စိတ်ဝင်စားစရာကောင်းတယ်ဆိုတာတွေကို ပြောပြဖို့လိုမယ်လို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဒီအရာတွေကို သင်ချက်ချင်းထုတ်ဖော်ပြသလိုက်တာထက် တဖက်လူက ဖြည်းဖြည်းချင်းသိသွားတာက ပိုအရသာရှိပါတယ်။
၇။ ကိုယ့်ကိုယ်ကိုယ် ပထမဦးစားပေးထားပါ

တစ်ဖက်လူရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကို ဦးစားပေးပြီး အဲဒီ့လူကို ခင်တွယ်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ်ဦးစားပေးနေရာမှာထားပါ။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ သူ့လိုအပ်ချက်နဲ့ သင့်လိုအပ်ချက်တွေကို တန်းတူ ထားနိုင်ကောင်း ထားနိုင်လာပါလိမ့်မယ်။ ဆက်ဆံရေးမှာ တစ်ဖက်လူကို ဘုရင်တစ်ပါးလို ဆက်ဆံရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်လက်ပျက်နဲ့ သနားစရာဖြစ်လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ရွှေလင်ဗန်းပေါ်က မင်းသမီးလေးထက် ဝင်ငွေရှာနိုင်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ်ကိုသာ ရွေးချယ်ပါ။
၈။ လူကောင်းတစ်ယောက်ဖြစ်ပါစေ
ဒီအချက်က အရမ်းရိုးရှင်းပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးကို အမြှင့်တင်ပေးနိုင်ဆုံးအရာက ကြင်နာခြင်းဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး လူတွေအပေါ် သနားကြင်နာတတ်တဲ့ ကြွက်သားတွေပိုင်ဆိုင်ရစေဖို့ လေ့ကျင့်ပါ။ ကောင်းမှုတွေပြုဖို့ (သို့) သင့်အတွက် အဓိပ္ပာယ်ရှိတဲ့အကြောင်းရင်းတွေကို ရှာဖွေပါ။ တန်ဖိုးမြင့်တဲ့အမျိုးသမီးဖြစ်ရုံသာမကဘဲ အရည်အသွေးမြင့်သော လူသားတစ်ဦးဖြစ်နေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို တည်ဆောက်ဖို့က အင်မတန်အရေးကြီးသော အချက်တစ်ချက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် မိမိကိုယ်ကိုယ်လေးစားမှုတည်ဆောက်တဲ့အခါမှာလည်း လေးစားဖွယ်အမှုကိစ္စတွေကို လုပ်ဆောင်ပေးရပါမယ်။
Lifestyle_Myanmar
Nyein_Thu
ref-themindjournal