အလှပြင်ဖို့အချိန်မရတဲ့သူတွေအတွက် ၅ မိနစ်လောက်နဲ့ပြီးမယ့် Makeup Step (၅) ခု
mystylemyanmar.com
|
2022-01-30

အလှပြင်ဖို့အချိန်မရတဲ့သူတွေနဲ့ busy women တွေအတွက် အချိန် ၅ မိနစ်လောက်နဲ့ပြီးမယ့် makeup step (၅) ခုကို ပြောပြပေးလိုက်ပါတယ်။

Foundation


အရင်ဆုံး အောက်ခံမိတ်ကပ် foundation လိမ်းပေးပါ။ မြန်မြန်ပြီးချင်ရင် cushion သုံးပါ။ Foundation ထက် လိမ်းရတာပိုမြန်ပြီး မိတ်ကပ်သားလည်း ပိုညက်ပါတယ်။

Powder


မိတ်ကပ်သားမရွေ့အောင် powder လေးတော့ ပုတ်ပေးဖို့လိုပါမယ်။ အဆီပြန်တဲ့သူတွေအတွက်ဆို ပိုတောင်လိုပါသေးတယ်။ ဒါပေမယ့် ကိုယ်ကအဆီမပြန်ဘူး၊ glow နေတာမျိုးလေးပဲ ကြိုက်တယ်ဆိုရင်တော့ powder မပုတ်လည်းရပါတယ်။ Powder အစား makeup setting spray ကို အစားထိုးသုံးလိုက်ပါ။

Blusher


မိတ်ကပ်ပြင်ထားရင် blusher ပါးနီလေးပါ ခြယ်ထားမှ ပိုပြီးလှနေမှာပါ။ မျက်နှာလေးကလည်း ပိုလင်းပြီးနုပျိုတဲ့ပုံစံလေး ဖြစ်နေစေမှာပါ။ ဒါကြောင့် ပါးနီးလည်းသုံးပေးဖို့ လိုပါတယ်။

Mascara


မျက်လုံးအတွက်ကတော့ ပြင်ဆင်ခြယ်သနေဖို့ အချိန်မရှိရင် mascara နဲ့ မျက်တောင်လေးပဲ ကော့ပေးလိုက်ပါ။ မျက်တောင်ကော့ကော့လေး၊ ထူထူလေးဖြစ်နေရင်ပဲ လှနေပါပြီ။

Lipstick


မိတ်ကပ်မပြင်ပဲ မျက်နှာပြောင်နဲ့ဖြစ်နေရင်တောင်မှ၊ နေမကောင်းဖြစ်လို့ လူမမာရုပ်ပေါက်နေရင်တောင်မှ နှုတ်ခမ်းနီလေးဆိုးလိုက်ရင် မျက်နှာလေးလန်းဆန်းသွားပြီး လှနေပါပြီ။ ဒါကြောင့် မိတ်ကပ်ပြင်ပြင်၊ မပြင်ပြင် နှုတ်ခမ်းနီဆိုးပေးဖို့ လိုပါတယ်။ ပိုပြီးနုပျိုတဲ့ပုံစံလေးဖြစ်ချင်ရင်တော့ ပန်းစည်ရောင်လေးတွေ၊ peach အရောင်လေးတွေ၊ အနီရောင် lip tint, lip gloss လေးတွေကို ဆိုးပေးပါ။


#မိတ်ကပ်
#မျက်နှာ
#နုပျို
#Foundation
#အချိန်

Some text some message..