အနက်ရောင်ကြိုက်တဲ့မိန်းကလေးတွေအတွက် လှပတဲ့အနက်ရောင်ခြေသည်းဒီဇိုင်းများ
mystylemyanmar.com
|
2022-02-04

အနက်ရောင်ကြိုက်တဲ့ မိန်းကလေးတွေအတွက် လှပတဲ့ အနက်ရောင် ခြေသည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဇိုင်းရှုပ်တာမျိုးတွေမဟုတ်လို့ တော်တော်များများ သဘောကျမှာ သေချာပါတယ်။

ဘာမှပုံမဖော်ထားပဲ ခြေမကိုပဲ glitter လေးတွေထည့်ဆိုးထားတာကြောင့် ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။ ဘယ်အချိန်ကြည့်ကြည့်လည်း ရိုးမသွားမယ့်ဒီဇိုင်းလေးပါ။


ခြေမတစ်ချောင်းထဲကိုပဲ ပန်းပွင့်လေးတွေ ပုံဖော်ထားတာ ရိုးရှင်းပြီး အရမ်းလှပါတယ်။ အနက်ရောင်လေးဖြစ်နေလို့ ပိုလှသွားတာပါ။


ရွှေရောင်နဲ့ အနက်ရောင်ကို စပ်ပြီးပုံဖော်ထားတာကြောင့် အသားအဆောင်ပြီး အရမ်းလှပါတယ်။ ကြည့်လိုက်တာနဲ့ ထင်းပြီးလှနေတာမျိုးပါ။


ပုံမဖော်ချင်ရင် အိမ်မှာပဲ ဗြောင်လေးတွေဆိုးပါ။ အနက်ရောင်ကို ရွေးရောင်နဲ့ စပ်ဆိုးပါ။ အရမ်းလှပြီး အသားဆောင်ပါတယ်။


ရွှေရောင်မကြိုက်ရင် ငွေမှင်ရောင်လေးတွေနဲ့ စပ်ဆိုးပါ။ အရမ်းလိုက်ဖက်တဲ့အရောင်လေးတွေ ဖြစ်ပါတယ်။


ဒီခြေသည်းဒီဇိုင်းလေးကတော့ လူငယ်ကောင်မလေးတွေနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။ အဖြူနဲ့အနက်ကို စပ်ထားတာဖြစ်လို့ ပေါ်လွင်စေပါတယ်။


ဒီခြေသည်းဒီဇိုင်းလေးဆိုရင် အထာကျပြီးအရမ်းမိုက်ပါတယ်။ Matte type တွေဆိုးရင် အသားပိုဖြူသလို ဖြစ်သွားစေလို့ အရမ်းလှပါတယ်။


ဒီခြေသည်းဒီဇိုင်းလေးဆိုလည်း ရှင်းရှင်းလေးနဲ့ ဒီဇိုင်းဆန်းပြီး လှပါတယ်။ ခြေမတစ်ချောင်းထဲကို ပုံဖော်ထားတာကြောင့် ဒီဇိုင်းပိုဆန်းသွားစေပါတယ်။


Chanel logo လေးနဲ့ အဖြူ၊ အနက်သုံးပြီး ပုံဖော်ထားတာ အရမ်းမိုက်ပါတယ်။ Luxury ဆန်ပြီး အရမ်းလှတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။


ဒီခြေသည်းဒီဇိုင်းလေးဆိုရင် လှလည်းလှသလို အရမ်းလည်းလွယ်ကူတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။ ကိုယ်တိုင်တောင်ပုံဖော်လို့ရတဲ့ ဒီဇိုင်းမျိုးပါ။


Photo source:www.pinterest.com


#ခြေသည်း
#ကောင်မလေး
#မိန်းကလေး
#အချိန်
#အရမ်းလှ

Some text some message..