လုံလုံခြုံခြုံ စမတ်ကျကျ လှချင်တဲ့ ပျိုမေတို့အတွက် ဖက်ရှင်များ
mystylemyanmar.com
|
2022-02-06

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းမှာ အရေးကြီးတဲ့ အချက်တစ်ချက်က သက်တောင့်သက်သာဖြစ်စေတဲ့အဝတ်အစားပါ။ မြန်မာမိန်းကလေး အများစုက အရှက်အကြောက် ကြီးကြတာကြောင့် အဝတ်အစား ဝတ်တဲ့အခါလုံလုံခြုံခြုံ ဖြစ်တာကိုပဲ ပိုရွေးချယ်ဝတ်တတ်ကြပါတယ်။ ဒူးခေါင်းမပေါ်တဲ့၊ ဗိုက်မပေါ်တဲ့၊ ရင်မဟိုက်လွန်းတဲ့အဝတ်အစားတွေကို မိန်းကလေး အများစု ပိုနှစ်သက်ကြပါတယ်။ ဖက်ရှင် ဝတ်ဆင်ပုံတွေကို သိထားရင် လုံလုံခြုံခြုံဝတ်လည်း လှတာပါပဲ။ ဒီတော့ လုံလုံခြုံခြုံနဲ့ လှလှလေး ဘယ်လိုဝတ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

Crop ကိုမှ ခါးမပေါ်ချင်သူတွေအတွက် အောက်ခံအနက်နဲ့


Waistcoat နဲ့ ဘောင်းဘီရှည် အရောင်တူတာက သင့်ကို ပိုစတိုင်ကျစေပါတယ်။


Style Pant အပွနဲ့ အင်္ကျီအနက်


​ဂါဝန်အရှည်..ဂါဝန်အပါးက ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းစေပါတယ်။


သက်တောင့်သက်သာ ဖြစ်တဲ့ တီရှပ်နဲ့ စကပ် အရှည်


အင်္ကျီလက်ပြတ်နဲ့ ဘောင်းဘီအပွ အရှည်


ရှပ်အဖြူ လက်ရှည်ကို အင်္ကျီလက်ခေါက် ဝတ်ကာ ဘောင်းဘီဂျင်းပြာ အရှည်နဲ့ တွဲဝတ်မယ်


ရှပ်အင်္ကျီကိုပဲ ဒဲ့ဖြောင့် စကပ်အရှည်နဲ့ အထာကျကျ


ပေါ့ပေါ့ပါးပါး စတိုင်ဖြစ်ပေမယ့် ကြည့်ကောင်းတဲ့ ဘောင်းဘီအနက်နဲ့ အင်္ကျီအဖြူ


တီရှပ်နဲ့ ဂျင်းဘောင်းဘီဒဲ့ပွ ကိုမှ အပြင်ထပ်နဲ့ စမတ်ကျကျ


သင့်မျက်လုံးထဲ အလှဆုံးလို့ ထင်တဲ့ ဝတ်ဆင်ပုံကို ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar


#ဖက်ရှင်
#ဘောင်းဘီ
#စတိုင်
#စကပ်
#Style

Some text some message..