
အသားညိုတဲ့ အမျိုးသမီးတွေအတွက် နှုတ်ခမ်းနီအရောင်နဲ့ မိတ်ကပ်ပေါ်လွင်ဖို့က နည်းနည်းတော့ ခက်နိုင်ပါတယ်။ အညိုရောင် အသားရေအပေါ်မှာ သုံးတဲ့မိတ်ကပ် အရောင်နဲ့ လိုက်ဖက်တဲ့ နှုတ်ခမ်းနီကို ရှာဖွေဖို့ကလည်း အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။ လိုက်ဖက်တဲ့ နှုတ်ခမ်းနီ အရောင်ကို ရှာပြီးဆိုး ရတာက မိန်းကလေးတိုင်း အတွက် အချိန်တစ်ခုထိ ကြာအောင် စဉ်းစားရတဲ့ အရာပဲဖြစ်ပါတယ်။ ဒါကြောင့် အသားအရေကို လှပစွာ ဖြည့်စွက်ပေးနိုင်တဲ့ နှုတ်ခမ်းနီ အရောင်စာရင်းတွေကို စုစည်းဖော်ပြ ပေးလိုက်ပါတယ်။

၁။ ကြေးနီညိုရောင်
ကြေးနီညိုရောင်က အသားညိုတဲ့ အမျိုးသမီးတွေ အတွက် အလွန်ဆွဲဆောင်မှု ရှိစေပါတယ်။ ကြေးနီညိုရဲ့ မတူညီတဲ့ အရိပ်တွေက အသားအရည်နဲ့ သဘာဝအတိုင်း ရောစပ်နိုင်ပါတယ်။ ဒါကြောင့် ဝတ်စုံများနဲ့ ပွဲလမ်းသဘင်များ အားလုံးနဲ့ အဆင်ပြေစေတဲ့ နှုတ်ခမ်းနီအရောင်ပဲ ဖြစ်ပါတယ်။

၂။ အနီရောင်
အနီရောင်က လူတိုင်း ကြိုက်တဲ့ အရောင်ပဲ ဖြစ်ပါတယ် ။ အသားညိုတဲ့ အမျိုးသမီးများအတွက် ထပ်တူထပ်မျှ စွဲမက်ဖွယ်၊ ပူလောင်ပြီး ဆွဲဆောင်မှု ရှိစေတာလည်း ဖြစ်ပါတယ်။ နှုတ်ခမ်းကို လိုက်ဖက်တဲ့ lip liner နဲ့ အတွင်းထဲမှာ အနီရောင်အရိပ်ကို ဖြည့်ပါ။ ဒါက သင့်ကို နက်နဲတဲ့ အလှတရားကို ပေးစွမ်းပါတယ်။

၃။ နှင်းဆီပန်းရောင်
နှင်းဆီရဲ့ တောက်ပတဲ့ အရိပ်တွေက နှုတ်ခမ်းရဲ့ အသားအရည်ကို ပေါ့ပါးပြီး လန်းဆန်းစေပါတယ်။ နှင်းဆီပန်းရောင်က ကြင်လင်တဲ့ နှုတ်ခမ်းသားကို ဆွဲဆောင်မှုရှိရှိ သဘာဝအတိုင်း ဆောင်ရွက်ပေးနိုင်ပါတယ်။ လူငယ်ဆန်ပြီး နူညံ့တဲ့ အသွင်ကိုလည်း ဆောင်နိုင်ပါတယ်။

၄။ ချောကလက်အညိုရောင်
ချောကလက် အညိုရောင်က ကြေးနီညိုနဲ့ ကွဲပြားပါတယ်။ ကြေးနီအညိုက ပေါ့ပါးတဲ့ ပုံစံရှိပြီး ချောကလက်အညိုက နက်နဲတဲ့ အရောင်ရှိပါတယ်။ အသားအရေ ညိုတဲ့သူနဲ့ လိုက်ဖက်ပြီး သဘာဝဆန် စေပါတယ်။ ပိုမိုရိုးရှင်းတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ နှုတ်ခမ်းပေါ်မှာ ချောကလက် အညိုရောင်အရိပ်ကို စမ်းကြည့်ပါ။ ခေတ်မီပြီး မိန်းမဆန်တဲ့ အငွေ့အသက်ကို အပြည့်အဝ ပေးနိုင်ပါတယ်။

၅။ မက်မွန်သီးရောင်
သဘာဝ ပန်းရောင်က အသားအရေ ဖြူတဲ့ အမျိုးသမီးတွေ အတွက် သီးသန့်အရောင်အဖြစ် အမြဲလိုလို သတ်မှတ်ခံထားရပါတယ်။ အသားညိုတဲ့ အမျိုးသမီးတွေ အတွက် အသုံးပြုနိုင်တဲ့ အရောင်ကတော့ မက်မွန်ရောင်ပဲ ဖြစ်ပါတယ်။ မက်မွန်သီးက အသားညိုတဲ့ အမျိုးသမီးတွေ အတွက် ရည်မွန်ပြီး စွဲမက်ဖွယ် အလှတရားကို ရရှိစေပါတယ်။
Lifestyle_Myanmar
Nadi
ref-stylecraze