Ripped Jeans ဘောင်းဘီရှည်တွေကို ဘယ်လို စတိုင်ကျကျ တွဲဖက်ဝတ်ဆင်မလဲ
mystylemyanmar.com
|
2022-02-28

ဘောင်းဘီမှာ အပြဲပါတဲ့ ဘောင်းဘီရှည်တွေက ဝတ်လိုက်ရင် သင့်အသားအရေ နဲ့ ပေါင်းစပ်ပြီး သာမန်ဘောင်းဘီရှည်တွေထက် ပိုထူးခြားကာ ပိုစတိုင်ကျသွားတတ်ပါတယ်။ သင်က ပေါ့ပေါ့ပါးပါး လူငယ်ပုံစံ ဖက်ရှင်ကိုသဘောကျတယ်ဆိုရင် Ripped Jeans ပြာတွေက သင့်တော်ပါတယ်။ ဂျင်းပြာအပြဲ ဘောင်းဘီရှည်က အများကြီးအမြင်ရိုင်းတာမျိုး မဟုတ်ဘဲ သင့်ကို ခေတ်ဆန်ဆန်လေးနဲ့ လှနေစေမှာပါ။ ဒီတော့ ဘောင်းဘီရှည် Ripped Jeans တွေကို ဘယ်လိုတွဲဖက် ဝတ်ဆင်နိုင်မလဲ ကြည့်လိုက်ရအောင်-

တီရှပ်အပွနဲ့




သင်က ပေါ့ပါးတဲ့ စတိုင်ကို သဘောကျတယ်ဆိုရင်တော့ အပေါ် တီရှပ်အပွနဲ့ Ripped Jeans ထဲ Tuck ဝတ်နိုင်ပါတယ်။ ဒီစတိုင်က သင့်ခန္ဓာကိုယ်ကို ပိုသွယ်လျသွားတယ် ထင်ရစေပါတယ်။

အပေါ် Crop နဲ့




Crop ကိုမှ ဆွဲဆောင်မှုရှိရှိ လှချင်တယ်ဆိုရင် အနက်ရောင် Crop နဲ့ Ripped Jeans ကို တွဲဝတ်နိုင်ပါတယ်။

အင်္ကျီလက်ရှည်



မိန်းကလေးဆန်ဆန် လှချင်တဲ့ ပျိုမေတို့ အနေနဲ့ အင်္ကျီလက်ရှည် Blouse မျိုးကို Ripped Jeans နဲ့ တွဲဝတ်နိုင်ပါတယ်။

အပြင်ထပ် Flannel Shirt နဲ့



အပြင်ထပ်ကိုမှ အများကြီး အားစိုက် ဝတ်ဆင်ထားတယ် မထင်ရတဲ့ Flannel Shirt ကို Ripped Jeans နဲ့ တွဲဝတ်နိုင်ပါတယ်။

Sweat Shirt



Sweat Shirt တွေက Ripped Jeans တွေနဲ့ အလိုက်ဖက်ဆုံးလို့ ပြောနိုင်ပါတယ်။ အပေါ်က Sweat Shirt တစ်ထည်ကောက်စွတ်ရုံနဲ့ Ripped Jeans ကို စတိုင်ကျကျ ဝတ်နိုင်ပါတယ်။

အပြင်ထပ် Coat နဲ့




လူငယ်ဆန်တာကိုမှ တည်တည်ငြိမ်ငြိမ်လေး လှချင်တယ်ဆိုရင်တော့ အပေါ်က Coat ဒါမှမဟုတ် Blazer လေး ထပ်ဝတ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#အသားအရေ
#အင်္ကျီလက်ရှည်
#စတိုင်
#FlannelShirt
#လူငယ်

Some text some message..