ဂါဝန်လေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အချိန် ကဗျာဆန်ဆန်လေး လှနေအောင် ဘယ်လိုပို့စ်ပေးမလဲ
mystylemyanmar.com
|
2022-03-05

မိန်းကလေးတွေနဲ့ လုံးဝ မကင်းကွာနိုင်တဲ့ ဖက်ရှင်ဝတ်ဆင်ပုံကို ပြောပြပါဆိုရင် ဂါဝန်ဝတ်စုံတွေပါပဲ။ ဂါဝန်ဖက်ရှင်က သင့်ကို မိန်းကလေးဆန်ဆန်နဲ့ ချစ်စရာကောင်းစေပါတယ်။ သင်က ဂါဝန်ဝတ်လေ့ရှိသူဆိုရင် ဓာတ်ပုံရိုက်တဲ့အချိန် ပို့စ်ပေးနည်းတွေကို သိထားသင့်ပါတယ်။ ခန္ဓာကိုယ်ကို ဘယ်လိုပုံစံ ထားရမလဲ၊ လက်ကို ဂါဝန်ရဲ့ ဘယ်နားထားရင် လှမလဲ စသဖြင့် သိထားသင့်ပါတယ်။ ဒီတော့ ဂါဝန်ဝတ်တဲ့အချိန် ဘယ်လို ပို့စ်ပေးနိုင်မလဲ ဖော်ပြလိုက်ပါတယ်။

ဂါဝန်တစ်ဘက်ကို အပေါ် မြှောက်ပေးရပါမယ်။ ဒီလိုမြှောက်လိုက်တဲ့အချိန် ဂါဝန် အပေါ်တက်သွားတဲ့အခါ ဓာတ်ပုံရိုက်ပေးရပါမယ်။ ဒီလိုဆို ဂါဝန်စလေးက လေထဲ ဝဲနေပြီး ကဗျာဆန်ဆန် လှနေပါလိမ့်မယ်။



ဂါဝန်လေး ကိုင်ပြီး ဘယ်ညာ လှည့်ပေးရပါမယ်။ ဒီလိုလှည့်လိုက်တဲ့အခါ သင့်ဂါဝန်က လှုပ်ရှားမှု ပေါ်ပြီး ပိုထူးခြားစေပါလိမ့်မယ်။



ကင်မရာကို နောက်ဘက်ပြန်လှည့်ကြည့်တဲ့ ပို့စ်က သင့်ဂါဝန်ကို လေထဲမှာ ပုံစံ လှလှလေး ဖြစ်စေပါတယ်။



ဂါဝန် ဝတ်တဲ့အချိန် ဓာတ်ပုံထဲ ပိုလှနေဖို့ နောက်ခံ Background ကို ပန်းတွေပါတာ၊ အစိမ်းရောင် အပင်တွေ ပါတာမျိုးနဲ့ တွဲဖက်ပြီး ရိုက်သင့်ပါတယ်။



ဘေးဘက် ကြည့်လိုက်တာက သင့်ရဲ့ မိန်းကလေးဆန်တဲ့ မေးရိုး၊ ဆံနွယ်တွေကို ဂါဝန်နဲ့အတူ ပိုမြင်ရစေပါတယ်။



ဂါဝန် ဒူးခွဲဝတ်တတ်တဲ့ ပျိုမေတို့အနေနဲ့ ဒူးကွေးပြီး ပေါင်တံအလှကို ပြကာ ပို့စ်ပေးသင့်ပါတယ်။



Photo Source: Pinterest

By MyStyle Myanmar


#ဖက်ရှင်
#ဓာတ်ပုံ
#မိန်းကလေး
#ဂါဝန်
#အချိန်

Some text some message..