ပူအိုက်တဲ့ ရာသီနဲ့ လိုက်ဖက်မယ့် မိတ်ကပ်လိမ်းနည်း
mystylemyanmar.com
|
2022-03-14

မဖြစ်မနေ မိတ်ကပ်လိမ်းရတဲ့ ပျိုမေတို့အနေနဲ့ ရာသီအလိုက် လိုက်ဖက်တဲ့ မိတ်ကပ် Look ကို ပြောင်းလိမး်နိုင်ဖို့ လိုပါတယ်။ နေပူတဲ့အချိန်မှာ မိတ်ကပ် အထူကြီး လိမ်းလို့ အဆင်မပြေပါဘူး။ ဆောင်းရာသီမှာလည်း မိတ်ကပ်သားခြောက်စေမယ့် ပစ္စည်းတွေကို သုံးလို့ မရပြန်ပါဘူး။ ဒီတစ်ခေါက်မှာတော့ ပူအိုက်တဲ့ ရာသီနဲ့ လိုက်ဖက်မယ့် ပေါ့ပေါ့ပါးပါး မိတ်ကပ်လိမ်းနည်းကို ဖော်ပြပါရစေ။

၁။ Sunscreen


ပထမဆုံးအနေနဲ့ Skin Care အဆင့်တွေနဲ့အတူ နေလောင်ကာ ခရင် လိမ်းပေးရပါမယ်။ ကိုယ့်မျက်နှာအချိုးအစားအလိုက် နေလောင်ကာ ခရင်ကို လုံလုံလောက်လောက် လိမ်းပေးသင့်ပါတယ်။ နေလောင်ကာ ခရင်ကို ခြောက်အောင် စောင့်ပြီးမှ Primer ပါးပါးလေး လိမ်းပေးရပါမယ်။

၂။ Foundation


သင့်ရဲ့ လက်ခုံပေါ် ဖောင်ဒေးရှင်း အရင်အစက်ချပေးရပါမယ်။ ပြီးနောက် ဒီဖောင်ဒေးရှင်းကို မျက်နှာပေါ် အစက်ချပြီး လိမ်းရပါမယ်။ ဒါပြီးရင်တော့ Blender နဲ့ အစက်ကလေးတွေကို လိုက်ဆက်ပြီး ပုတ်ပေးရပါမယ်။

၃။ Blush


Photo Source: Yahoo

Blush ပါးနီအဆင့်ကတော့ ဒီမိတ်ကပ်လိမ်းနည်းမှာ အရေးအကြီးဆုံးပါ။ သင့်ပါးစောင်ပေါ်နဲ့ နှာတံပေါ် လိမ်းပေးရပါမယ်။

၄။ Freckles


သင်က နွေရာသီ Makeup Vibe မျိုး ရချင်ရင်တော့ ဒီအဆင့်လေး ထည့်ပေးနိုင်ပါတယ်။ အဲ့ဒါကတော့ နိုင်ငံခြားက မိန်းကလေးတွေလို Freckle တွေ ထည့်ပေးရပါမယ်။ သင့်နှာတံနဲ့ နှာတံဘေး၊ ပါးစောင်ပေါ် အစက်လေးတွေ ချပေးရပါမယ်။ ဒီအဆင့်ကို မကြိုက်ရင် ကျော်နိုင်ပါတယ်။

၅။ မျက်တောင်ကော့ရမယ့် အဆင့်


နောက်တစ်ဆင့်ကတော့ မျက်တောင်ကော့ပေးရမှာပါ။ အရင်ဆုံး Eyelash Curler နဲ့ကော့ပြီးနောက် Mascara နဲ့ ထပ်ကော့ပေးရပါမယ်။

၆။ နှုတ်ခမ်းနီ


နောက်ဆုံးအဆင့်ကတော့ သင်နှစ်သက်တဲ့ နှုတ်ခမ်းနီလေး ဆိုးပေးရပါမယ်။

ဒီ Makeup Look ကတော့ ပူအိုက်တဲ့ နွေရာသီနဲ့ အလိုက်ဖက်ဆုံး ဖြစ်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar


#မိတ်ကပ်
#နှုတ်ခမ်းနီ
#မျက်နှာ
#မျက်တောင်
#Photo

Some text some message..