ခြေထောက်အနံ့ဆိုး မထွက်စေဖို့ ဒီအချက်တွေ လိုက်နာကျင့်သုံးကြပါစို့
lifestylemyanmar.com
|
2022-04-03

ခြေထောက်အနံ့ဆိုးထွက်ခြင်း က ရှက်စရာကောင်းတဲ့ အရေပြားကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ခြေထောက်အနံ့ဆိုးတွေကို မခံနိုင်ဘူး ပျောက်ကင်းအောင်လုပ်ချင်တယ်ဆိုရင်တော့ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ရပါမယ်။ အခုဆောင်းပါးမှာ ဖော်ပြပေးထားတဲ့ နည်းလမ်းတွေကို စနစ်တကျလိုက်နာကျင့်သုံးကြည့်လိုက်ပါ။

စီးရမယ့်ဖိနပ်ကို သေချာရွေးချယ်ပါ

လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုသာရွေးချယ် စီးနင်းပါ။ နေ့စဉ် ဖိနပ်တစ်ရံကိုသာ စီးဖြစ်တယ်ဆိုရင်တော့ ဒီအကျင့်ကို ဖျောက်ပစ်ဖို့ လိုအပ်ပါတယ်။ ဖိနပ်မှာ ချွေးတွေကပ်နေနိုင်တာကြောင့် ခြောက်သွားအောင် ထားဖို့ကအရေးကြီးပါတယ်။


အမွဲတမျးခွအေိတျဝတျထားပါ

ရှုးဖိနပ်စီးတဲ့အခါမှာ ခြေအိတ်မဝတ်ခြင်းက ခြေထောက်အနံ့ဆိုးထွက်ရခြင်းရဲ့ အဓိကပြဿနာတစ်ခုဖြစ်ပါတယ်။ ရှုးဖိနပ်တွေကို ခြေအိတ်မပါဘဲ စီးခြင်းက ဘတ်တီးရီးယားတွေကို ခြေထောက်အရေပြားနဲ့ ထိတွေ့စေတာကြောင့် အမြဲတမ်းခြေအိတ်ဝတ်ဆင်ဖို့ကလည်း အရေးကြီးပါတယ်။


အရေပြားအသေတွေကို ဖယ်ရှားပါ

ခြောက်ပြီးတော့ သေနေတဲ့အရေပြားတွေက ဘတ်တီးရီးယားတွေ ပေါက်ဖွားစေပါတယ်။ ဒါ့ကြောင့် တစ်ပက်တစ်ကြိမ်ခန့် ခြေထောက်ပေါ်က အရေပြားအသေတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။


ခြေထောက်ရေစိမ်ပေးပါ

ခြေထောက်ကနေ ပုံမှန်မဟုတ်တဲ့ အနံ့တွေ ရနေပြီဆိုရင် ခြေထောက်ရေစိမ်ပေးဖို့ လိုအပ်နေပါပြီ။ ပန်းသီးအရက်ရှာလကာရည်က ဘတ်တီးရီးယားတွေကို သေစေတာကြောင့် ရေထဲထည့်ပြီး ခြေထောက်စိမ်ထားပေးပါ။ တစ်ပက်ကို (၁၀-၁၅) မိနစ်ခန့် ခြေထောက်အနံ့ပျောက်အောင် ခြေထောက်ကိုရေစိမ်ပေးဖို့ အကြံပေးပါရစေ။


ခြေထောက်ဆေးပါ

အပြင်သွားပြီး အိမ်ပြန်လာတာနဲ့ ခြေထောက်ဆေးတဲ့ အကျင့်လုပ်ထားပေးပါ။ မနက်ခင်းရေချိုးပြီးတာနဲ့ ခြေထောက်တွေကို ခြောက်သွေ့အောင်ထားပါတယ်။ စိုစွတ်တဲ့နေရာတွေက ဘတ်တီးရီးယားတွေ ရှင်သန်ပေါက်ဖွားဖို့ အကောင်းဆုံးနေရာဖြစ်တာကြောင့် ခြေချောင်းကြားတွေကို ခြောက်သွေ့အောင်ထားဖို့ လိုအပ်ပါတယ်။

Lifestyle_Myanmar

ref-medicalnewstoday


#အရေပြား
#ခြေထောက်
#အနံ့
#ဖိနပ်
#ပြဿနာ

Some text some message..