ဆံသားအတွက်လိုအပ်တဲ့ Moisture အပြည့်အဝရစေဖို့ ကူညီပေးမယ့်နည်းလမ်း
mystylemyanmar.com
|
2022-04-04

ဆံသားမွဲခြောက်နေတဲ့သူတွေနဲ့ ဆံသားကျန်းမာချင်တဲ့သူတွေအတွက် ဆံသားအတွက်လိုအပ်တဲ့ moisture အပြည့်အဝရစေဖို့ ကူညီပေးမယ့် လွယ်ကူသောနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ ကိုယ့်ဆံသားကျန်းမာချင်တယ်၊ ဆံသားခြောက်ပြီးဖွာနေတာမျိုးတွေ မဖြစ်ချင်ဘူးဆိုရင်တော့ ဒီနည်းလမ်းတွေကို ပုံမှန်လုပ်ပေးသင့်ပါတယ်။

ရေအေးနဲ့ခေါင်းလျှော်ပါ


ရေပူနဲ့ခေါင်းလျှော်တာက ဆံသားခြောက်ပြီး ဖွာစေတယ်၊ ဆံသားနှစ်ခွဖြစ်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်တိုင်းမှာ ရေအေးနဲ့ပဲလျှော်ပေးပါ။ ခေါင်းခဏခဏမလျှော်ပါနဲ့။ ၅ ရက်တစ်ခါ၊ ၄ ရက်တစ်ခါ လျှော်ပေးတာကတော့ အကောင်းဆုံးပါပဲ။

Conditioner အမြဲသုံးပါ


ခေါင်းလျှော်တိုင်းမှာ shampoo တစ်မျိုးထဲမသုံးပါနဲ့။ Conditioner အမြဲသုံးပြီး ၃ မိနစ်လောက် ပေါင်းထားပေးပါ။ ဒီလိုလုပ်ပေးခြင်းက ဆံသားပျော့ဆင်းစေပြီး ဆံသားသိပ်သိပ်လေးနဲ့ အရမ်းလှပါတယ်။ ဆံသားအတွက်လိုအပ်တဲ့ moisture အပြည့်အဝရစေပြီး ဆံသားကျန်းမာစေတယ်၊ ပျက်စီးနေတာတွေပါ သက်သာစေပါတယ်။

Hair Oil


ခေါင်းလျှော်ပြီး ရေမခြောက်တစ်ခြောက်အချိန်မှာ hair oil လိမ်းပေးတာက ဆံသားဖွာတာ၊ ခြောက်တာတွေကို သက်သာစေပြီး ဆံသားတောက်ပြောင်စေပါတယ်။ နေ့တိုင်း ဆံပင်ကိုမလိမ်းချင်ရင်တောင်မှ ဆံပင်အဖျားလေးတွေကိုတော့ နေ့တိုင်း hair oil လိမ်းပေးပါ။ အဖျားနှစ်ခွဖြစ်တာတွေပါ သက်သာသွားပါလိမ့်မယ်။

Hair Mask


ကျန်းမာလှပတဲ့ ဆံသားလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် တစ်ပတ်တစ်ခါ hair mask လုပ်ပေးပါ။ သဘာဝနည်းလမ်းတွေနဲ့ အိမ်မှာလုပ်လို့ရပါတယ်။ ဒီလို hair mask လုပ်ပေးခြင်းက ဆံသားအတွက်လိုအပ်တဲ့ moisture ကိုလည်း အပြည့်အဝရစေပြီး ဆံသားပျက်စီးတာတွေပါ သက်သာစေပါတယ်။


#hair
#ဆံသားခြောက်
#အရမ်းလှ
#ရေအေး
#လောက

Some text some message..