မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ ဖိနပ် ၄ မျိုး
mystylemyanmar.com
|
2022-04-08

ဖိနပ်တွေကို အများကြီးမျိုးစုံအောင် မဝယ်ချင်တဲ့သူတွေအတွက် မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ ဖိနပ် ၄ မျိုးကို ပြောပြပေးလိုက်ပါတယ်။ ဒီဖိနပ် ၄ မျိုးရှိထားရင် ဘယ်သွားသွား၊ ဘယ်လို outfits မျိုးနဲ့မဆို အဆင်ပြေနေပါပြီ။

Slipper


Slipper ကတော့ ထသွားထလာစီးဖို့အတွက် အရမ်းပေါ့ပါးတဲ့ဖိနပ်ပါပဲ။ ဒါကြောင့် မိန်းကလေးတိုင်းမှာရှိထားသင့်ပါတယ်။ အဝတ်အစားတော်တော်များများနဲ့လည်း လိုက်ဖက်တာကြောင့် ရှိကိုရှိထားသင့်တဲ့ ဖိနပ်အမျိုးအစားပါပဲ။

Heels


Heels တွေကတော့ ပွဲတက်အတွက် အရမ်းအဆင်ပြေပါတယ်။ တချို့ အမြင့်စီးရတာ ကြိုက်တဲ့သူတွေကတော့ အပြင်သွားတာနဲ့ စီးကြတာပါပဲ။ Heel တွေက ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို ပိုပြီးတင့်တယ်သွားစေတယ်၊ ပိုပြီးအထာကျစေတယ်၊ ပိုပြီးဆွဲဆောင်မှုရှိသွားစေပါတယ်။ Heels တွေထဲမှာမှ တစ်ခုပဲရွေးဝယ်မယ်ဆိုရင်တော့ Black or Nude Color ထဲက တစ်ရောင်ကိုသာ ရွေးဝယ်ပါ။ အဝတ်အစားအရောင်တိုင်းနဲ့ လိုက်ဖက်ပါတယ်။

Sandals


Sandals ဖိနပ်လေးတွေက Heels တွေထက်ပိုပြီး စီးရတာ သက်တောင့်သက်သာဖြစ်စေပါတယ်။ ထသွားထလာအတွက် ဒေါက်ဖိနပ်လေးစီးမယ်ဆိုလည်း Heels တွေထက် Sandals လေးတွေက ပိုအဆင်ပြေပါတယ်။ အမြင့်မစီးနိုင်တဲ့သူတွေကျတော့ Flat Sandals လေးတွေဝယ်ပြီး အမြင့်စီးနိုင်ရင်တော့ High Heel Sandals လေးတွေသာ ဝယ်စီးပါ။

Sneakers


မိန်းကလေးတိုင်းမှာ Sneakers လေးတစ်ရံတော့ ရှိထားသင့်ပါတယ်။ အမြဲတမ်း Slipper တွေ၊ ဒေါက်မြင့်တွေ စီးဖို့ကျတော့ အဆင်မပြေပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျတဲ့ဖက်ရှင်လေးတွေ ဝတ်တဲ့အခါမျိုးမှာ စီးဖို့အတွက်တော့ Sneakers က အကောင်းဆုံးပါပဲ။ ခရီးတွေသွားရင်လည်း အဆင်ပြေပါတယ်။


#ဖက်ရှင်
#မိန်းကလေး
#အဝတ်အစား
#ဖိနပ်
#Sneakers

Some text some message..