အင်္ကျီအရောင်တိုင်းနဲ့ လိုက်ဖက်တဲ့ လက်သည်းနီအရောင် (၉) မျိုး
mystylemyanmar.com
|
2022-04-09

အလုပ်များပေမယ့် ကျော့ကျော့မော့မော့ လှလှပပ နေချင်ကြတဲ့ မိန်းကလေးတွေ ရှိမှာပါ။ စမတ်ကျကျ နေတတ်တဲ့ မိန်းကလေး အများစုက ကိုယ့်လက်သည်းနီ အရောင်ကိုပါ ဂရုစိုက်တတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေ လက်သည်းနီအရောင်က အင်္ကျီတိုင်းနဲ့ မလိုက်ဖက်တာမျိုး ဖြစ်တတ်ပါတယ်။ သင်က ယေဘုယျ အင်္ကျီတိုင်းလိုလိုနဲ့ လိုက်ဖက်တဲ့ လက်သည်းနီအရောင်ကို သိထားမယ်ဆိုရင် ဘယ်အင်္ကျီဝတ်ဝတ် ပိုလှနေမှာပါ။ ဒီတော့ ဘယ်အရောင်တွေက အင်္ကျီအမျိုးမျိုးနဲ့ လိုက်ဖက်လဲ ကြည့်လိုက်ရအောင်နော်-

၁။ အဖြူရောင်


အဖြူရောင်က အင်္ကျီတိုင်းနဲ့ လိုက်ဖက်သလို အဖြူရောင် လက်သည်းနီကလည်း ခေတ်ဆန်ဆန် လှနေစေမှာပါ။ လက်သည်းထိပ်မှာ အဖြူရောင် ဆိုးတာလေးက မိန်းကလေးတွေကြား အဆိုးများပါတယ်။
၂။ မီးခိုးရောင် အဖျော့


ဒီအရောင်က လူကြီးဆန်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်ပြီး အင်္ကျီတိုင်း လိုလိုနဲ့ လိုက်ဖက်ပါတယ်။

၃။ အသားရောင်


အသားရောင် လက်သည်းနီက သဘာဝဆန်ပြီး ဖျက်ရတာလည်း မခက်ခဲတဲ့ အရောင် ဖြစ်ပါတယ်။

၄။ ပန်းရောင်အနု


ရှက်သွေးဖြာတဲ့ အရောင် ပန်းရောင်အနုလေးကလည်း အင်္ကျီတိုင်းလိုလိုနဲ့ လိုက်ဖက်ပါတယ်။

၅။ ဗေဒါရောင်


ဒီအရောင်လေးကလည်း ချစ်ဖို့ကောင်းပြီး အင်္ကျီတိုင်းလိုလိုနဲ့ လိုက်ဖက်တယ်လို့ ပြောလို့ရပါတယ်။

၆။ အနီရောင်


အနီရောင်ကလည်း အသားပိုဖြူသွားစေပြီး ပိုဆွဲဆောင်မှု ရှိစေပါတယ်။

၇။ Chocolate Brown


အညိုရောင်က ဘယ်လိုဖက်ရှင် ဝတ်ဝတ် လိုက်ဖက်နေမယ့် လက်သည်းအရောင် ဖြစ်ပါတယ်။

၈။ အပြာရင့်


Navy Blue က အင်္ကျီအရောင်တိုင်းလိုလိုနဲ့ ထူးခြားသွားစေမယ့် အရောင် ဖြစ်ပါတယ်။

၉။ အနက်ရောင်


လူငယ်ဆန်ဆန် ခပ်မိုက်မိုက် အရောင်ဖြစ်တဲ့ အနက်ကလည်း အင်္ကျီအရောင်အများစုနဲ့ လိုက်ဖက်နေပြန်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#အနီရောင်
#လက်သည်းနီ
#မိန်းကလေး
#ပန်းရောင်
#အဖြူရောင်

Some text some message..