ခြေထောက်လေး သဘာဝအတိုင်း ဖြူဝင်းလာဖို့ DIY Scrub ပြုလုပ်နည်း
mystylemyanmar.com
|
2022-04-14

သင်က ခြေထောက်ပေါ်က ဆဲလ်သေတွေကို ကွာကျစေချင်ရင် Scrub ပုံမှန် တိုက်ပေးဖို့ လိုပါတယ်။ Scrub ပုံမှန်တိုက်တဲ့အခါ တခြား ပြင်ပ Lotion, Body Cream တွေ လိမ်းတဲ့အချိန် စိမ့်ဝင်မှု ပိုအားကောင်းစေပြီး ရလဒ်ကောင်းကို အလွယ်တကူ ပိုင်ဆိုင်စေပါတယ်။ ဒါ့အပြင် Scrub ပုံမှန်တိုက်ပေးတာကြောင့် သင့်ခြေခုံက အရင်ထက် ပိုဖြူလာပါလိမ့်မယ်။ သင်က သဘာဝနည်းအတိုင်း ခြေထောက် အသားအရေ ပိုဖြူလာစေချင်တယ်ဆိုရင်တော့ အလွယ်တကူ ရနိုင်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်နိုင်ပါတယ်။ ဒီတော့ လွယ်ကူတဲ့ DIY Foot Scrub ပြုလုပ်နည်းကို ကြည့်လိုက်ရအောင်-

DIY Foot Scrub ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့-

ခွက်တစ်ခွက်
မွှေဖို့ ဇွန်းတစ်ချောင်း
Foot Scrub လုပ်ပြီးနောက် သိမ်းဖို့ ဘူးတစ်ဘူး
သကြား တစ်ဇွန်း



မုန့်ဖုတ်ဆိုဒါ ၂ ဇွန်း


သံလွင်ဆီ ၂ ဇွန်းနဲ့



ပျားရည် ၂ ဇွန်းတို့ပါ။


သကြားနဲ့ မုန့်ဖုတ်ဆိုဒါက ဆဲလ်သေတွေကို ကွာကျစေနိုင်တဲ့ အစွမ်းသတ္တိကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် သင့်ခြေထောက်က အမောပြေသွားတယ်လို့ ခံစားရစေပါလိမ့်မယ်။ သံလွင်ဆီနဲ့ ပျားရည်ကတော့ ခြေထောက်အတွက် လိုအပ်တဲ့ အစိုဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

သကြား၊ မုန့်ဖုတ်ဆိုဒါ၊ သံလွင်ဆီနဲ့ ပျားရည် တို့ကို သမအောင် ရောမွှေပြီးနောက် Scrub ထည့်မယ့် ဘူးထဲ ပြောင်းထည့်နိုင်ပါတယ်။ ပြီးရင်တော့ သင်လိုအပ်တဲ့ ပမာဏကို ယူပြီး ခြေထောက်မှာ မိနစ်အနည်းငယ် နှိပ်နယ်ပွတ်ပေးရပါမယ်။ ဒီ DIY Scrub နည်းလမ်းကို ပုံမှန် သုံးပေးမယ်ဆိုရင်တော့ သင့်ခြေထောက်လေး အရင်ထက် ပိုပြီးဖြူဝင်း သန့်စင်လာပါလိမ့်မယ်။

Photo source: Pinterest

By MyStyle Myanmar


#အသားအရေ
#ခြေထောက်
#ပျားရည်
#DIY
#သကြား

Some text some message..