လိမ်းထားတဲ့မိတ်ကပ်ကို Long Lasting ဖြစ်စေတဲ့ အကောင်းဆုံး Setting Sprays များ
mystylemyanmar.com
|
2022-04-29

မိတ်ကပ်လိမ်းပြီးရင် setting spray ဖြန်းပေးတာက မိတ်ကပ်လိမ်းထားတာကို ပိုပြီးကြာရှည်ခံစေပါတယ်။ မိတ်ကပ်သားလည်း ပိုလှစေပါတယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်ထားတဲ့ setting spray ကလည်း ကောင်းတာဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် လိမ်းထားတဲ့မိတ်ကပ်ကို long lasting ဖြစ်စေတဲ့ အကောင်းဆုံး setting sprays တွေကို မျှဝေပေးလိုက်ပါတယ်။

Urban Decay All Nighter Long-Lasting Setting Spray


Dewy & matte ရောထားသလို satin finish look မျိုးရစေပါတယ်။ သူက oil-free formula ဖြစ်ပြီး skin type အားလုံးနဲ့အဆင်ပြေတဲ့ အကောင်းဆုံး setting spray ပါပဲ။ 16hr ကြာရှည်ခံစေပါတယ်။

e.l.f Cosmetics Illuminating Mist & Set


တစ်နေကုန် လိမ်းထားတဲ့မိတ်ကပ်ကို ကြာရှည်ခံစေပြီး glowy finish လေးရစေပါတယ်။

Tatcha Luminous Dewy Mist


Dewy finish နဲ့ ကိုယ့်အသားအရေကိုက glow နေသလိုမျိုး ဖြစ်စေပါတယ်။ လိမ်းထားတဲ့မိတ်ကပ်ကို 16hr ကြာရှည်ခံစေပါတယ်။

NYX Professional Makeup Matte Finish Setting Spray


လိမ်းထားတဲ့မိတ်ကပ်ကို တစ်နေကုန်ကြာရှည်ခံစေပြီး matte finish ရစေလို့ oily skin တွေအတွက် အရမ်းကောင်းတဲ့ setting spray ဖြစ်ပါတယ်။

Rare Beauty Always An Optimist 4-in-1 Prime & Set Mist


အသားအရေကို hydrating ပေးပြီး smooths ဖြစ်စေတဲ့ setting spray ဖြစ်ပါတယ်။ လိမ်းထားတဲ့မိတ်ကပ်ကို 8hr – 12hr ကြာရှည်ခံစေပြီး radiant finish ရစေပါတယ်။

MAC Prep + Prime Fix+ Primer & Setting Spray


မိတ်ကပ်မလိမ်းခင်ဖြန်းပေးဖို့ အကောင်းဆုံး primer ဖြစ်သလို မိတ်ကပ်လိမ်းပြီးရင်လည်း setting spray အဖြစ်ဖြန်းနိုင်ပါတယ်။ Dewy finish ရစေပြီး လိမ်းထားတဲ့မိတ်ကပ်ကို 12hr ကြာရှည်ခံစေပါတယ်။

Tarte Shape Tape Stay Spray


Best waterproof setting spray ဖြစ်ပြီး လိမ်းထားတဲ့မိတ်ကပ်ကို 16hr ကြာရှည်ခံစေပါတယ်။ Waterproof ဖြစ်လို့ မိုးရာသီအတွက် အထူးသင့်တော်ပါတယ်။ သူက natural finish လေးရစေပါတယ်။


#မိတ်ကပ်
#skin
#SettingSpray
#glow
#Mi

Some text some message..