နဖူးကျယ်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင် (၁၀) မျိုး
mystylemyanmar.com
|
2022-05-01

သင်က ကျယ်နေတဲ့ နဖူးကို ဘာမှ လုပ်မရဘူးလို့ သိသွားတဲ့ တစ်နေ့ ဆံပင်စတိုင်ပြောင်းရမယ်ဆိုတဲ့ အတွေးကို ချဉ်းကပ်လာသူ ဖြစ်နိုင်ပါတယ်။ နဖူးကျယ်တဲ့ ပျိုမေတို့အတွက် အသုံးအဝင်ဆုံး၊ အထိရောက်ဆုံး၊ အလှဆုံး ဖြစ်စေမယ့် ဆံပင်အိုင်ဒီယာကတော့ ရှေ့ ဆံမြိတ် Bang ထားတာပါ။ ဆံမြိတ်က နဖူးကျဉ်းသွားတယ် ထင်ရစေပါတယ်။ သင်က နဖူးကျယ်လို့ ဆံပင်ကို ဘယ်လိုပြောင်းလဲရမလဲ မသိရင် အောက်ဖော်ပြပါ ဆံပင်အိုင်ဒီယာတွေအတိုင်း ကြိုးစားကြည့်နိုင်ပါတယ်။

၁။ ဆံမြိတ်ချရတဲ့ ဂုတ်ထောက် ဆံပင်လှိုင်းကောက်


၂။ ဆံမြိတ်မချချင်သူတွေအတွက် အခုနောက်ပိုင်း ရေပန်းစားနေတဲ့ Curtain Bang နဲ့ ဂုတ်ကျော်ဆံပင်စတိုင်


၃။ နဖူးကျယ်တာကို အရောင်တွေနဲ့လည်း လှည့်စားနိုင်ပါတယ်။ သင်က Highlight ဖောက်ရတာ သဘောကျရင် ရှေ့ဆံပင်ကို Highlight ဖောက်ပြီး ဆံပင်ကွေးကွေးလေး Bang ထားနိုင်ပါတယ်။


၄။ ဘေးဘက် ဝိုက်သွားတဲ့ Bang ပုံစံနဲ့ ဆံပင်စတိုင်


၅။ Bang ကိုမှ အလွှာနှစ်လွှာ အတိုအရှည် မညီတဲ့ ဆံပင်စတိုင်


၆။ ဆံပင်တို ညှပ်ချင်တဲ့ ပျိုမေတို့အတွက် ရှေ့ဆံပင် အမြိတ်ကို အထူ အညီညှပ်ရတဲ့ ဆံပင်စတိုင်


၇။ ဆံမြိတ်အလယ်ခွဲ ဆံပင်ရှည်စတိုင်… ဆံပင်ရှည်က သင့်ရဲ့ Visual မြင့်တဲ့ နဖူးကို မသိသာအောင် ကာကွယ်ပေးပါလိမ့်မယ်။


၈။ ဆံကြောင်း တစ်ဘက်ကို ဦးစားပေးကာ ဆံမြိတ်ချထားတဲ့ လူငယ်ဆန်ဆန် ဆံပင်စတိုင်


၉။ ဆံမြိတ်အဖြောင့်နဲ့အတူ ဆံပင်ရှည် အဖြောင့်


၁၀။ ဆံမြိတ်ကို တိုရာကနေ ရှည်သွားတဲ့ လှိုင်းတွန့် ဆံပင်ရှည်ပုံစံ


Photo Source: Pinterest

By MyStyle Myanmar


#စတိုင်
#အိုင်ဒီယာ
#ကြိုးစား
#ပျိုမေ
#နဖူး

Some text some message..