ဆံပင်ကောက်ချင်တဲ့ ပျိုမေတို့အတွက် ဆံပင်အကောက် ပုံစံများ
mystylemyanmar.com
|
2022-05-09

သင်က ပွဲတက်ဖို့နဲ့ အပြင်ထွက်ဖို့ ခဏတဖြုတ် ဆံပင်ကောက်ချင်တာ ဖြစ်ဖြစ် ဆေးနဲ့ ရေရှည် ဆံပင်ကောက်ချင်တာ ဖြစ်ဖြစ် ဆံပင်အကောက် ပုံစံတွေကို သိထားသင့်ပါတယ်။ ဆံပင် ကောက်သားက မျက်နှာပုံစံအလိုက် ရွေးချယ်နိုင်တဲ့ ပုံစံ အမျိုးမျိုး ရှိပါတယ်​။ ဒါ့အပြင် ကိုယ်လိုချင်တဲ့ ဆံပင်ကောက်သား ရဖို့ အိမ်မှာပဲ ကောက်နိုင်တဲ့ ဆံပင်ကောက်စက်တွေပါ အများအပြား ရလာနိုင်ပါပြီ။

သင့်အနေနဲ့ ဆံပင်ကောက်သား ရွေးချယ်တဲ့အခါ ကိုယ့်မျက်နှာနဲ့ အဆင်ပြေပြီး ကိုယ်အကြိုက်ဆုံးပုံစံကို ရွေးချယ်သင့်ပါတယ်။

အိမ်မှာ ဆံပင်ကောက်မယ်ဆိုရင်လည်း မကောက်ခင် အပူခံ Spray နဲ့ အရင်ဖြန်းသင်းပြီး ကောက်သား ကြာရှည်ခံအောင် ကောက်ပြီးနောက် Setting Spray ထပ် ဖြန်းသင့်ပါတယ်။

မေးရိုးကြီးတဲ့သူတွေနဲ့ လိုက်ဖက်တဲ့ ကောက်သား


အခုနောက်ပိုင်း ရေပန်းစားနေတဲ့ Mermaid Beach Wave



ကျစ်ဆံမြီးကျစ်ပြီး တစ်ညထားကာ ပုံသွင်းနိုင်မယ့် ကောက်သားပုံစံ


ဆံပင် အောက်ဖျား ကိုပဲ Wave လှိုင်းလေးသွားတဲ့ ပုံစံ


အပူချောင်းမသုံးဘဲ ပျိုမေတွေ အသုံးများလာတဲ့ ဆံပင်ကောက်ချောင်းနဲ့ ကောက်ထားတဲ့ ပုံစံ


သဘာဝဆန်ဆန် အလှနဲ့ လှချင်တဲ့ ပျိုမေတို့ ကောက်သင့်တဲ့ ပုံစံ


ဆံပင်ထူတယ်ထင်ရစေပြီး မျက်နှာကျ ပုံစံ အများစုနဲ့လိုက်ဖက်တဲ့ ကောက်သားပုံစံ


ဆံပင်အုံထူတဲ့ ပုံစံလိုချင်ပြီး မျက်နှာသေးတဲ့ သူတွေနဲ့ လိုက်ဖက်တဲ့ ကောက်သား


Photo Source: Pinterest

By MyStyle Myanmar


#သဘာဝ
#မျက်နှာ
#SettingSpray
#အကောက်
#ပျိုမေ

Some text some message..