အဝါရောင်ကြိုက်တဲ့သူတွေအတွက် လူငယ်ဆန်တဲ့ အဝါရောင်လက်သည်းဒီဇိုင်းများ
mystylemyanmar.com
|
2022-05-10

အဝါရောင်ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ လူငယ်ဆန်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ အဝါရောင်လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရှင်းရှင်းလေးနဲ့ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ အဝါကို အနု၊ အရင့်လေး စပ်ဆိုးထားတာဖြစ်လို့ ပိုပြီးလှပါတယ်။


ပန်းပွင့်ဒီဇိုင်းလေးတွေကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလှပါတယ်။ လက်သည်းရှည်ရင် ပိုလှမှာပါ။


ဒီလိုအဝါရောင်မျိုးက အရမ်းအသားဆောင်ပါတယ်။ အဖြူလေးနဲ့စပ်ထားတာဖြစ်လို့ ပိုပြီးပေါ်လွင်စေပါတယ်။


Matte ဆိုးမယ်လို့စဉ်းစားထားရင် ဒီလိုလက်သည်းဒီဇိုင်းလေးပုံဖော်ပြီး အဝါကိုလည်း ဒီလိုအဝါမျိုးကို ရွေးချယ်ပါ။ အသားဆောင်ပြီး အရမ်းလှပါတယ်။


ဒီလက်သည်းဒီဇိုင်းလေးကတော့ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ လက်သည်းအရှည်မထားလည်း ဒီလိုလေးပုံဖော်လို့ရပါတယ်။


Pooh အရုပ်လေးကို ပုံဖော်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ အဝါရောင်ကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကို သဘောကျမှာသေချာပါတယ်။


လက်သည်းအရှည်မထားတဲ့သူဆိုရင် ဒီလိုဒီဇိုင်းရှင်းရှင်းလေးနဲ့ အရမ်းလိုက်ပါတယ်။


ဒီလိုအရောင်လေးတွေစပ်ဆိုးတာလည်း လူငယ်ဆန်ပါတယ်။ လက်သည်းအရှည်မထားရင် ဒါမျိုးလေးတွေလည်း ဆိုးလို့ရပါတယ်။


အဝါရောင်လက်သည်းဒီဇိုင်းဆိုရင်တော့ နေကြာပန်းဒီဇိုင်းလေးက မပါမဖြစ်ပါပဲ။


ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အိမ်မှာတောင် ကိုယ်တိုင်အလွယ်တကူ ပုံဖော်လို့ရပါသေးတယ်။


အဝါနဲ့အဖြူကိုစပ်ပြီး ဒီလိုလေးတွေပုံဖော်တာလည်း အရမ်းချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။


ဒီလက်သည်းဒီဇိုင်းဆိုရင် လက်သည်းအရှည်၊ အတိုအားလုံးနဲ့ လိုက်ဖက်ပါတယ်။ ဘယ်လိုလက်သည်း Shape နဲ့မဆိုလည်း လိုက်ဖက်ပါတယ်။


Photo source:www.pinterest.com


#လက်သည်းဒီဇိုင်း
#ချစ်ဖို့ကောင်း
#လူငယ်
#လက်သည်းရှည်
#အရမ်းလှ

Some text some message..